Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ဟားခါးမြို့မှ ပြည်သူများကို မြို့ပြင်ထွက်ခွါခွင့်ပိတ်ထားဟုဆို

စစ်ကောင်စီက ဟားခါးမြို့မှ ပြည်သူများကို မြို့ပြင်ထွက်ခွါခွင့်ပိတ်ထားဟုဆို

0
By Editor on May 19, 2025 Headline

(004SS)

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို မြို့ပြင်သို့ ထွက်ခွါခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးထာရ် ၆ လမ်းဆုံ စစ်ဆေးဂိတ်မှ မည်သူမျှ ဖြတ်သန်းခွင့်မပြုတော့ဘဲ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း ကားလမ်းများကို ပိတ်ပင်ထားသည်ဟု သိရသည်။

“ဒီနေ့ကစပြီး မြို့ကနေအထွက် အကုန်ပိတ်တာ၊ သွားလို့မရဘူး။ အဝင်တော့ ရတယ်နဲ့တူတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲတော့ မပြောတတ်ဘူး။ အခုတလော စစ်သားတွေ ထွက်ပြေးကြတာများလို့ ပိတ်တာလို့ကြားတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။

သို့သော်လည်း ဟားခါးမြို့ထဲသို့ ဝင်လာမည့်သူများကိုမူ ခွင့်ပြုထားသည်ဟု သိရသည်။

“ဟားခါး- ဂန်ဂေါလမ်းကို ဟားခါးမြို့အဝင် စစ်ဆေးရေးဂိတ်မှ ဟားခါး-ဂန်ဂေါကြား ကျောအထိ အဝင်/အထွက် အကုန်လုံးကို ပိတ်တာလို့ပြောတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ပိတ်တာ။ ဖလမ်းဘက်ရောပဲ ၆ လမ်းဆုံကနေ အထွက်ပိတ်တာ။ တောင်ယာသွားတာလဲခွင့်ပြုမယ် မထင်ဘူး။ အထွက်ကိုခွင့်မပြုတာ” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် တပ်မှထွက်ပြေးပြီး CDF – Hakha တပ်ဖွဲ့ထံ အလင်းဝင်သူရှိနေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နှင့် ‌၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး စုစုပေါင်း ၃ ဦးသည် CDF – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၇ ယောက်သည် CDF – Hakha ထံ အလင်းဝင်ခဲ့သည့်အပြင် စစ်သားနှင့်ရဲ ၅ ဦးကို အရှင်ဖမ်းမိထားကြောင်း CDF – Hakha က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.