Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ၂ လကျော်ကြာဖမ်းဆီးထားသည့် ခရစ်ယာန်ပါစတာတစ်ဦး သတင်းအစအနပျောက်နေ

စစ်ကောင်စီက ၂ လကျော်ကြာဖမ်းဆီးထားသည့် ခရစ်ယာန်ပါစတာတစ်ဦး သတင်းအစအနပျောက်နေ

0
By Editor on November 24, 2021 Headline

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာက ညီအကိုများအသင်းတော်မှ ခရစ်ယာန်ပါစတာ ဦးငိုင်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည်မှာ ၂ လကျော်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့ချိန်ထိသတင်းအစအနမသိရှိဘဲ ပျောက်ဆုံးနေ ပြီး သေဆုံးသွားပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။

ပါစတာဦးငိုင်ကုန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ဖငိုင်-ငလိုင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့ ငလိုင်ကျေးရွာတွင်တပ်စွဲ၍ လုံခြုံရေးတင်းကြပ်ကာ လက်ကိုင်ဖုန်းများစစ်ဆေးစဉ် သူ၏ဖုန်းထဲတွင် အမဲလိုက်သေနတ်ပုံများတွေ့ရှိသည်ဟုဆိုကာ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

“ပြည်သူတစ်ဦးနဲ့ ပါစတာကအဖမ်းခံရတယ် အရင်နိုင်ငံရေးမဖြစ်ခင်တုန်းက တောထွက်ပြီး အမဲလိုက်တုန်းက သမင်တွေပစ်တုန်းက ချင်းသေနတ်တွေဆိုရင် နည်းနည်းလေးကောင်းတဲ့ဟာဆို ဓာတ်ပုံရိုက်သိမ်းထားတဲ့ဟာတွေပေါ့၊ သူ့ဖုန်းထဲ သေနတ်တွေ့တယ်ဆိုပြီး ဖမ်းသွားတာ၊ တယောက်ကတော့ ဖုန်းထဲစစ်တော့ ဘာမှမတွေ့လို့ ပြန်လွတ်ပေးတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် မတူပီမြို့ခံတစ်ဦးက ပြောသည်။

ဦးငိုင်ကုန်းနှင့်အတူ အဖမ်းခံရသူ၏ လက်ကိုင်ဖုန်းတွင် ဘာမှမတွေ့ရှိသည့်အတွက် ပြန်လွတ်ပေးကာ ဦးငိုင်ကုန်းကိုမူ မတူပီမြို့ စစ်ဗျူဟာစခန်းတွင်ဖမ်းဆီးချုပ်နှောင်ကာ မိသားစုနှင့်လည်း ဆက်သွယ်တွေ့ဆုံခွင့် မပြုခဲ့ကြပေ။

“စဖမ်းတုန်းကတော့ ဂိုဏ်းပေါင်းဆုံကနေ ထွေအုပ်ကနေတဆင့်သွားတောင်းဆိုမယ်ဆိုပြီးလုပ်ကြသေးတယ်၊ နောက်ဘယ်လိုဖြစ်လဲမသိဘူး၊ တပတ်လောက်အကြာမှာ ရဲစခန်းလည်းမရောက်ဘူး၊ ဗျူဟာမှာလည်းမရှိဘူးတဲ့၊ မိသားစုတွေကလည်းမသိဘူး၊ သေပြီလို့လည်းကြားတယ် လက်တွေ့မသိရတော့ ပြောလည်းမပြောရဲဘူး” ဟု အမည်မဖော်လိုသူ မတူပီမြို့ခံတစ်ဦးက ပြောသည်။

ဦးငိုင်ကုန်းသည် မတူပီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်တစ်ဦးဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူမဟုတ်ကြောင်း သိရသည်။ ဦးငိုင်ကုန်း၏ မိသာစုဝင် (ဇနီးနှင့် သားသမီး ၃ ယောက်) များသည်လည်း ယခုအခါ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sairang ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကတော့ ဦးငိုင်ကုန်းကို စစ်ကောင်စီကဖမ်းဆီးသည့်နောက်ပိုင်း မည်သည့် သတင်းအစနမှမသိရရှိကြောင်း၊ မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရှိဘဲ ပျောက်ဆုံးနေပြီး တပ်တွင်းသတင်းများအရ စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီဟု ကြားသိရကြောင်း ပြောဆိုပါသည်။

“ဘာသတင်းအစအနမှမသိရဘဲ ပျောက်ဆုံးနေတယ်၊ သူသေဆုံးပြီဆိုရင်လည်း စစ်တပ်က သူ့မိသားစုကိုအကြောင်းကြား တာလည်းမရှိဘူး၊ ဒါပေမယ့်တပ်တွင်းသတင်းအရတော့ ဦးငိုင်ကုန်းကို စစ်တပ်က သတ်လိုက်ပြီလို့ကြားသိရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ Filed Director Salai Tera ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ယခင်ကလည်း ယခုကဲ့သို့ ဒေသခံပြည်သူများအား ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားသူ ချင်းပြည်နယ်တွင် ၃ ဦးရှိခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က ဟားခါးမြို့နယ် နှီယာန်လှောန်ကျေးရွာသား အသက် ၂၄ နှစ်ရွယ် Pu Ral Cung ကို စစ်ကောင်စီက ဖမ်းဆီးကာ တစ်လနီးပါးထိန်းသိမ်းပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့မှာ သေဆုံးသွားပြီဖြစ် ကြောင်း မိသားစုထံအကြောင်းကြားပြီး အလောင်းလည်းပြန်မရရှိခဲ့ကြပေ။

အလားတူ ပြီးခဲ့သည့် မေလတုန်းကလည်း ဟားခါးမြို့မှ ဦးတလဲရ်လိန်းနှင့် ဦးခမ်းဘွေတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးကာ စစ်ဆေးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးကာ မီးသဂြိုလ်လိုက်သည်ဟု မိသားစုများထံ အကြောင်းကြားခဲ့သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ချင်းပြည်နယ်တွင် ပြည်သူများဖမ်းဆီးကာ သတ်ဖြတ်နေမှုသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျုးလွန်တဲ့ရာဇဝတ်မှုဖြစ်ပြီး ရန်တန်းကရပ်သင့်သည်ဟု Salai Tera ကပြောသည်။

“ဒီတကြိမ်နဲ့ဆိုရင် မြန်မာစစ်တပ်ကြောင့် ချင်းပြည်နယ်မှာ အစအနပျောက်ဆုံးပြီး သေဆုံးတာ (၄) ယောက်ရှိပြီ အဲဒီ (၄) ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်မှာ လုံးဝတာဝန်ရှိတယ်.. အဲဒါတွေကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်နေတာဖြစ်တယ်.. ဒါတွေဟာ စစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (Against Humanity) ဖြစ်မြောက်တဲ့အတွက်ကြောင့် မြန်မာစစ် အနေအနေနဲ့ ပြည်သူတွေအပေါ် အခုလိုမျိုးလုပ်ရပ်တွေကို ရပ်တန်းကရပ်တန့်ပေးဖို့ အထူးတောင်းဆိုလိုတယ်” ဟု Salai Tera ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.