Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွင့်ပိတ်ပင်

စစ်ကောင်စီတပ်က ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွင့်ပိတ်ပင်

0
By Editor on July 5, 2023 Headline

(04SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၃ ရက်ကစ၍ ပိတ်ပင်ထားသည်ဟုသိရသည်။ 

ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများလုပ်ဆောင်နေသော ကလေး-တီးတိန်ကားလမ်းပေါ်က သိုင်ငင်းကျေးရွာ အနီးတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်မည်ဟု CDM-Siyin တပ်ဖွဲ့မှ ကြေညာခဲ့ပြီးနောက် ၄ ရက်မြောက်နေ့ ဇူလိုင် ၃ ရက်နေ့မှစတင်ကာ ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွါခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ သိုင်ငင်းစစ်တပ်ကင်းစခန်းပစ်မယ်လို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ၈ မိုင်ကနေ မထွက်ခိုင်းတော့ဘူး၊ ခရီသွားသူတွေကို ကလေး-သိုင်ငင်းကြားမှာ PDF တွေအများကြီးရှိတယ် နင်တို့ကို ပစ်လိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တာ တွေရှိတယ်လို့ကြားတယ်ပေါ့နော်။ တကယ်တမ်းတော့ သူတို့က စစ်ကြောင်းထိုးဖို့ တက်ချင်နေတာလို့ကြားတယ်” CDM-Siyin တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကလေး-တီးတိန်ကားလမ်းမပေါ်တွင်တည်ရှိသော သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းသည် ခရီးသွားပြည်သူ များထဲမှ လူငယ်များကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရိုက်နှိက်ခြင်းများ ပိုမိုပြုလုပ်လာသောကြောင့် စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်ရန်နှင့် ဒေသခံများအား လုံခြုံသည့်နေရာများသို့ ရှောင်ပေးရန် CDM-Siyin က ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတွင် ဖမ်းဆီးခံရသော ခရီးသွားလူငယ်များသည် ယနေ့ချိန်ထိပြန်လည်လွ တ်မြောက် လာခြင်းမရှိပဲ တပ်စခန်းတွင်ဆက်လက်ထိန်းသိမ်းထားဆဲဟုသိရသည်။

ယခုလက်ရှိတွင် သိုင်းငင်စစ်ကောင်စီ တပ်စခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၄၀ မှ ၆၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ 

သိုင်ငင်းရွာသည် ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်း-ဟားခါး၊ တီးတိန်-ရိခေါဒါရ်မြို့သို့သွားရာ လမ်းသုံးခွဆုံရာတွင် တည်ရှိသည့် အချက်အချာကျသော ရွာဖြစ်သည်။

ယခုလက်ရှိတွင်လည်း သိုင်ငင်းကျေးရွာအပြင် ကလေး-သိုင်ငင်းကြား ကျေးရွာများမှ ဒေသခံပြည်သူများသည်လည်း လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ချင်းတောင်ဖက်မှ ကလေးမြို့သို့ဝင်လာသော ယာဉ်လိုင်းများကိုမူ ဝင်ခွင့်ပြုထားသော်လည်း အထွက်ကို လုံးဝခွင့်မပြုကြောင်း မော်တော်ယာဉ်လိုင်းဂိတ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။ 

“၃ ရက်ထိ ပိတ်မယ် လို့ပြောတယ်။ ကြာသပတေးလောက်ပြန်ထွက်နိုင်မယ်ထင်တယ်။ ဒီနေ့လဲ ခရီးသွားမဲ့သူတွေ ပြန်လှည့်ကြရတယ်၊ အခုက ကလေးမြို့ RTC ရဲစခန်းကနေ လေးဘီး ယာဉ်ထွက်ခွါခွင့် မပေးကြလို့ အဲဒီလက်မှတ်မပါရင် ခရီးထွက်လို့မရတော့လေ။ အဝင်ကတော့ရတယ် အထွက်ကမရတာ” ဟု ကလေးမြို့ ကားဂိတ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် လွန်ခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး ချင်းတောင်သို့ထွက်ခွါမည့်မော်တော်ယာဉ်လိုင်းများသည် ကလေးမြို့ RTC ရုံးရှေ့က ခရိုင်ရဲတပ်ဖွဲ့စခန်းတွင် လေးဘီးယာဉ်များ ထွက်ခွါခွင့်လက်မှတ်အား တောင်းခံပြီးမှသာ ကလေးမြို့မှ ထွက်ခွါခွင့်ပြုသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.