Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာမီးရှို့ မှ အိမ်ခြေ ၁၀၀ နီးပါးလောင်ကျွမ်းပျက်စီး

စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာမီးရှို့ မှ အိမ်ခြေ ၁၀၀ နီးပါးလောင်ကျွမ်းပျက်စီး

0
By Editor on April 14, 2022 Headline

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မီးရှို့တာကြောင့် ၂ ရက်အတွင်းမှာ အိမ်ခြေ ၁၀၀ နီးပါး လောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

အင်အား ၁၅၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေး-ဂန့်ဂေါလမ်းမအတိုင်း ရန်ကြီးအောင်ကျေးရွာ ဘက်ကနေ ချောင်းခွနဲ့ နတ်ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အချိန်မှာ ပြည်သူ့ကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့တွေနဲ့ ဧပြီလ ၁၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နတ်ချောင်းကျေးရွာထဲကို ဧပြီလ ၁၀ ရက်နေ့မှာဝင် ရောက်တပ်စွဲပြီး ညနေပိုင်း ၄ နာရီလောက်ကနေ နောက်တစ်နေ့ညနေပိုင်းအထိ လူနေအိမ်တွေကို မီးရှို့ခဲ့ကြရာမှာ ပညာဗိမာန်ကိုယ်ပိုင်ကျောင်းအပါအဝင် လူနေအိမ်ခြေ ၁၀၀ နီးပါးလောင်ကျွမ်းပျက်စီးသွားတယ်လို့ နတ်ချောင်းကျေးရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ဂန့်ဂေါနယ်ဘက်ကနေ ကလေးမြို့ဘက်ကို ပြန်ဆုတ်လာတဲ့ စစ်ကြောင်း နတ်ချောင်းဘက်ကို ၁၀ ရက်နေ့မှာရောက်တ ယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်တယ် သူတို့ရွာကို ညနေ ၄ နာရီလောက်ကျတော့ဝင်တယ် အဲဒီကနေစပြီးတော့ ရွာရဲ့ကျေးလက်စျေးလို့ခေါ်မှာပေါ့ အဲဒီစျေးနား ကနေစပြီးတော့ မီးရှိုတာ အဲဒီမှာညအိမ်တယ် မိုးလင်းပြီးတော့ ရွာထဲပတ်ပြီးမှမီးရှိုတာပေါ့ဗျာ ညနေ ၄ နာရီထိလောက်မီးရှိှုတယ် အိမ်ခြေက အတည်ပြုလို့ရသမျှတော့ ၈၉ အိမ်လောက်ထိရောက်သွားပြီဗျ”

နတ်ချောင်းကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့တွေ သူတို့ရွာထဲမဝင်ခင်မှာ တောထဲ၊ တောင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တစ်ချို့မှာလည်း ဘုန်းကြီးကျောင်းမှာ ဝင်ရော က်ခိုလုံခဲ့ကြပေမယ့် စစ်ကောင်စီတပ်တွေရောက်လာပြီး သူတို့လက်ကိုင်ဖုန်းအလုံး ၂၀၀ ကျော်ကို လည်း လုယူသွားတယ်လို့ သူကဆက်ပြောပါတယ်။

“ရွာဘက်ကို စစ်ကြောင်းနီးလာပြီ တောင်ပိုင်းကိုလာနေပြီ သံဖိုရောက်ပြီ ရန်ကြီးအောင်ရောက်ပြီတဲ့ ဆို ကြားတာနဲ့ကျနော်တို့တော်တော်များများက တောထဲကိုသွားကြတယ်ရွှေ့ကြတယ် မရွှေ့နိုင်တဲ့ ရွှေ့ဖို့အခက်အခဲရှိတဲ့ အချို့ကတော့ ဘုန်းကြီးကျောင်းပေါ့ ရန်ကင်းကျောင်းနဲ့ အောင်စုပန်ကျောင်း အဲဒီမှာသွားပြီးတိမ်းရှောင်တာပေါ့ ဘုန်းကြီးကျောင်းအရိပ်ကိုခိုတာပေါ့ဗျာ အဲဒီခိုတဲ့လူတွေသည်လည်း စစ်သားတွေက သေနတ်တွေဖောက်ဝင်လာပြီးတော့ ဘုးန်ကြီးကျောင်းထဲ ဖုန်းတွေရှိသမျှအကုန်ထုတ် ပေး ရှာလို့မှတွေ့တယ်ဆိုရင် ပစ်သတ်မယ်ခြမ်းခြောက်တယ် ဖုန်းတွေတော်တော်များများအပ်ကြတယ် သူတို့စစ်ကြောင်းနဲ့အတူ ယူသွားတယ် မပေးဘူး ၂ ကျောင်းပေါင်းဖုန်းအလုံးရေ ၂၀၀ ကျော် ပါသွားတယ်”

နတ်ချောင်းကျေးရွာဟာ ကလေးမြို့ကနေ ၁၅ မိုင်လောက်ကွာဝေးပြီး ကလေး-ဂန့်ဂေါကားလမ်းမပေါ် မှာတည်ရှိတဲ့ စံပြရွာကြီးတစ်ရွာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခုတစ်ခေါက်နဲ့ဆိုရင် နတ်ချောင်းကျေးရွာကို မီးရှို့တာ ၃ ကြိမ်မြောက်ရှိသွားပါပြီ။

အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တုန်းကတစ်ကြီမ်၊ မတ်လ ၁၆ ရက်နေ့က တစ်ကြိမ် လူနေအိမ်တွေကို မီးရှို့ခဲ့ကြပြီးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့မှုတွေကြောင့် နတ်ချောင်းကျေးရွာက စုစုပေါင်း လူနေအိမ်ခြေ ၂၅၀ ကျော် လောင်ကျွမ်းပျက်စီးသွားခဲ့ရပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ PDF-Kalay,CNDF,CDF-KKG, ပ.က.ဖ တပ်ဖွဲ့တွေဟာ ကလေး-ဂန့်ဂေါလမ်း နတ်ချောင်း၊ ချောင်းခွ၊ နတ်မြောင်၊ သာစည်၊ ရန်ကြီးအောင် စတဲ့ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီလ ၁၀ ရက် နဲ့ ၁၁ ရက်နေ့ကဖြစ်ပွားတဲ့ ၂ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား အနည်းဆုံး ၃၅ ဦးသေဆုံးခဲ့တယ်လို့ Kalay PDF တပ်ဖွဲ့ကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။

ယနေ့မနက်ပိုင်း ၂ နာရီခွဲလောက်မှာလည်း ကလေးမြို့ပေါ်မှာ လက်နက်ကြီးအပါအဝင် သေနတ်ပစ် ခတ်သံတွေ ၂ နာရီကျော်ကြာအထိထွက်ပေါ်ခဲ့ပြီး ကလေးမြ်ို့ပေါ် တာဟန်းရပ်ကွက်က မက်သဒစ်ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေ့လယ်ပိုင်းလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကလေးမြို့ထဲကနေ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.