Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး

စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး

0
By Editor on November 3, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၄ ရက်က  မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးသည်ဟု CDF မင်းတပ်က နိုဝင်ဘာလ ၂ ရက် ယနေ့မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။

သေဆုံးသွားသော အရပ်သားသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကျောင်းများမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး မြို့အနီး သွားချိန်တွင် အဖမ်းခံရခြင်းဖြစ်သည်ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။

CDF – မင်းတပ်ထံ ထပ်မံအတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။

“ခုရက်ပိုင်းအရပ်သားတွေကို အကြောင်းမဲ့ဖမ်းတာတွေ၊ လူသားဒိုင်းအဖြစ် ရှေ့ကသွားခိုင်းပြီး လုပ်တာတွေက ပြည်သူကို အလေး ထားရင် (စကစ) တကယ်ကိုမလုပ်သင့်တာပါ။ ပြည်သူတွေအနေနဲ့လည်း အသွားအလာအပြောအဆို ဆင်ခြင်စေချင် ပါတယ်” ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။

အောက်တိုဘာလ ၁၅ ရက်က မင်းတပ်မြို့၊ ၄ မိုင်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အသက် ၂၉ နှစ်ရွယ် အမျိုးသားကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့တွင်းက အရှေ့ပြင်မှာလည်း အောက်တိုဘာလ ၂၅ ရက်ညက စစ်ကောင်စီနှင့် CDF မင်းတပ်တို့ ထိတွေ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု CDF မင်းတပ်က ထုတ်ပြန်သည်။

မင်းတပ်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းသည် အောက်တိုဘာလအတွင်း တိုက်နယ် ၂၊၃၊၄ ဘက်ကကျေးရွာများ၊ ၆ မိုင်နှင့် မင်းတပ်- မတူပီ လမ်းပေါ်များဆီသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၂၃ ကြိမ် ပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ် ၆ လုံး၊ ဆိုင်ကယ် (၂) စီး ထိခိုက်ပျက်စီးခဲ့သည်၊ အိမ်မွေးတိရစ္ဆာန် (၅) ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

“ရပ်ရွာတွေမှာ အစည်းဝေးလုပ်ပြီဆို ပစ်တယ်၊၊ ကာကွယ်ရေးအဖွဲ့တွေ အသွားအလာများတဲ့ နေရာဖက်တွေ ရမ်းသမ်းပစ်တယ်။ စကစ က သတင်းတစ်ခုခုကြားရင် အမြဲပစ်တတ်သောကြောင့် စကားပြောဆိုတာ ဆင်ချင်ကြဖို့၊ ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေ မသိအောင်သွားလာကြဖို့၊ အဲ့တာဆိုသူတို့ရဲ့သတင်းပေးတွေမသိရင် အပစ်ခံရဖို့ မရှိပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။ 

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီသည် ချင်းအမျိုးသမီး ၃၈ ဦးအပါအဝင် အရပ်သား ၂၁၇ ဦးကို သတ်ဖြတ်ကျူးလွန်ခဲ့ပြီး ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာသည်ကို စောင့်ကြည့် လေ့လာမှုများအရ တွေ့ရှိရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA က အောက်တိုဘာလထဲ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.