Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

0
By Editor on May 24, 2022 Headline

ချင်းပြည်နယ် မင်းတပ်မြ်ို့နယ် မဒပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က မင်းတပ်မြို့အခြေစိုက် ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးမှာ ကျည်ထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားပြီး တဖက်ပေါင်အရိုးလည်းထိမှန်ခဲ့သည်ဟု မဒပ်ကျေးရွာသား တစ်ဦးထံမှသိရသည်။

“လက်နက်ကြီးကျလာပြီးမှ အိမ်ဘေးနားကသရက်ပြင်ကိုထိပြီး ကလေးကအိမ်ရှေ့ကိုထွက်တဲ့အချိန်မှာ ဗုံးနဲ့သွားတိုးကော ညာဘက်ခြေထောက်က ဒိုးအောက်ကနေပြတ်ထွက်သွားတယ်၊ ဘယ်ဘက်ကျတော့ ပေါင်အရိုးထိသွားတယ် သူ့အမေကျတော့ နည်းနည်းထိရုံပဲ” ဟု မဒပ်ကျေးရွာသားကပြောသည်။

လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ်ကို မင်းတပ်မြို့သို့ပို့ဆောင်ကာ ထိုမှတဆင့် မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိကာ ယမနေ့ညကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat က သွားရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့််တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.