Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က ဟိုင်မွာလ်ကျေးရွာက လူနေအိမ် ၁၀ လုံးကျော် မီးရှို့ပြီး ဒေသခံလူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီတပ်က ဟိုင်မွာလ်ကျေးရွာက လူနေအိမ် ၁၀ လုံးကျော် မီးရှို့ပြီး ဒေသခံလူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

0
By Editor on August 16, 2022 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲကျော်ကျော်ခန့်က မီးရှို့ခဲ့ရာတွင် လူနေအိမ်ခြေ ၁၅ လုံးခန့် လောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ ရွာထဲသို့ဝင်ရောက်လာပြီးနောက် ပြည်သူတချိူ့ကို ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၁၇ နှစ်အရွယ်ရှိသော မ Lalnunpuii နှင့် မောင်ဖြစ်သူ အသက် ၁၅ နှစ်အရွယ် Lalruatmawia တို့နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု ဟိုင်မွာလ်ဒေသခံတစ်ဦးက ပြောသည်။

ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ် နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်တွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် ရွာသားအားလုံးသည် တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟိုင်မွာလ်ကျေးရွာသို့ ယနေ့တိုင် စခန်းချရှိနေသေးကြောင်း သိရသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Hualngoram တပ်ဖွဲ့ကလည်း ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ကစ၍ ကလေးမြို့နှင့် ရိခေါဒါရ်မြို့အကြား မော်တော်ယာဉ်လိုင်းပြေးဆွဲမှုကို နယ်မြေလုံခြုံရေးအရ ခေတ္တပိတ်ပင်လိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.