(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရေးအရှိန် မြင့်တင်လာတော့မည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ များ တပ်စွဲနေရာယူထားသည့် နေရာအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ဆုံး ထားပြီး ရှောင်တိမ်းကြရန် ကလေးခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်သည်။
ကလေးမြို့နယ်အတွင်းရှိ စကစတပ်ရင်းများ၊ စကစတပ်စခန်းများ၊ ရဲစခန်းများ၊ စကစဂိတ်များ၊ စကစတပ်စွဲရာနေရာများ အပါအဝင် ပျူစောထီးကျေးရွာအနီးတို့တွင် နေထိုင်ကြသည့်ပြည်သူများ ဘေးလွတ်ရာကို အချိန်မီရှောင်တိမ်းကြရန် အလေးအနက်တိုက်တွန်းသည်ဟု နို၀◌င်ဘာလ ၂၆ ရက်စွဲဖြင့် ကလေးရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်ကြောင့် ကလေးမြို့အတွင်း စစ်ကောင်စီတပ်များအထိုင်ချတပ်စွဲရာအနီးအနား၊ မြို့တော်ခန်းမ၊ ၂၂၈ တပ်ရင်း အနီးတို့မှ ပြည်သူများသည်လည်း နီးစပ်ရာ ဆွေးမျိုးတို့ထံ တိမ်းရှောင်သူများလည်းရှိနေပြီး စစ်ကောင်စီဘက်က လည်း တိမ်းရှောင်ပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်ခြောက်မှုရှိနေသည်ဟု သိရသည်။
၂၂၈ တပ်နဲ့အနီးတွင် နေထိုင်သူပြည်သူတစ်ဦးက “လူငယ်တွေက အသိပေးလာတယ်အဒါကြောင့် အိမ်မှာရှိတဲ့သက် ကြီးသူတွေကိုပဲ အရင် ရှောင်ဖို့ တခြားရပ်ကွက်ဖက်ကို ပို့ထားသေးတယ်။ ရှောင်တဲ့ သူတွေလည်း ရှောင်ကြတယ်။ လူငယ်တွေသတိပေးတာကို စကစတွေကကြားလို့ထင်တယ်။ ထွက်တဲ့သူ တွေရဲ့အိမ် မီးရိူ့မယ်လို့ ပြောပြန်တယ်။ ထွက်ရမလို ဒီတိုင်းပဲ ဆက်နေရမလို ဖြစ်နေတယ်” ဟုပြောသည်။
ကလေးမြို့ပေါ်အခြေစိုက် ၂၂၈ တပ်သည် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ရပ်ကွက်အတွင်း ယခင်ထက် ကင်းလှည့် ခြင်းများပြုလုပ်လာသောကြောင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်လာသည်ဟု ယင်းရပ်ကွက်တွင်နေထိုင်သူများထံမှသိရသည်။
ယခုရက်ပိုင်း ကလေးမြို့တွင် ကားလမ်းများပိတ်ထားခြင်းကြောင့် ဓာတ်ဆီအပါအဝင်ကုန်စျေးနုန်းများ အဆမတန် မြင့် တက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ ညပိုင်းတွင်လည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဆေးရေးလည်း ယခင်ထက် တင်းကြပ်လာသည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ ဒေါက်တိုင်ဖြစ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အမြန်ဆုံးပြည် သူ့ရင်ခွင်ခိုလုံကြရန်နှင့် အလင်း ဝင်လာသူများကို အသက်အန္တရာယ်လုံခြုံရေးအထူးအာမခံကာ မိသားစု၊ ဆွေးမျိုးများနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။