Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ခမ်းပါတ်မြို့မှာ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ပြီး သက်ကြီးပိုင်းအမျိုးသား ၁ ဦးကို ညှင်းပန်းနှိပ်စက်

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ခမ်းပါတ်မြို့မှာ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ပြီး သက်ကြီးပိုင်းအမျိုးသား ၁ ဦးကို ညှင်းပန်းနှိပ်စက်

0
By Editor on July 21, 2026 Headline

(006SV/ PT)

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့တွင် ဒေသခံ အမျိုးသမီး ၁ ဦးနှင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးတို့ နေအိမ် ခဏပြန်စဉ် အာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့် ဆုံတွေ့ပြီး အမျိုးသမီးမှာ အဓမ္မပြုကျင့် ခံရကာ သက်ကြီးပိုင်း အမျိုးသားမှာ ညှင်းပန်းနှိပ်စက်ခံရသည်ဟု ဒေသခံတချို့ထံ မှသိရသည်။

ခမ်းပါတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သော အသက် ၇၀ ဝန်းကျင်အမျိုးသား ၁ ဦးနှင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးတို့သည် ဇူလိုင်လ ၁၈ ရက်ဝန်းကျင်က စစ်ဘေးရှောင်နေသော နေရာမှ နေအိမ်သို့ အရေးကြီးကိစ္စတစ်ခုကြောင့် ခဏ ပြန်လာစဉ် စစ်ကောင်စီတပ်များက တွေ့မြင်သွားခဲ့ခြင်းဖြစ်သည်ဟု ခမ်းပါတ်ဒေသခံတချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲဝင် တချို့သည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသားကို သတိမေ့မျောသည်အထိ ရိုက်နှက် နှိပ်စက်ခဲ့သည်ဟု သိရသည်။

“ပြီးခဲ့တဲ့ အပတ်ထဲမှာ အရေးကြီးကိစ္စတစ်ခုကြောင့် နေအိမ်ကို ခဏပြန်ဝင်လာရာမှာ စစ်ကောင်စီနဲ့ တိုးပြီးတော့ ယောက္ခမဖြစ်သူက သတိမေ့မျောတဲ့အထိ ရိုက်နှက်ခံရတယ်။ သူ့ရဲ့ ချွေးမကိုတော့ စကစရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပါတယ်။ လက်ရှိ သူတို့ရဲ့ လက်ရှိ အခြေအနေ အတိအကျ မသိရသေးပါဘူး” ဟု ခမ်းပါတ်ဒေသခံ တစ်ဦးက ပြောသည်။

ကလေး-တမူး လမ်းပိုင်းကို စစ်ကြောင်းထိုနေသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို ထိန်းချုပ်ပြီးနောက် ကမ္မကြီးရွာဘက်သို့ ဆက်လက်ထိုးစစ်ဆင်လာသည့်အတွက် လက်ရှိမှာလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ကလေး – တမူးလမ်းမကို ပြန်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်သည် ဇွန်လ ဆန်းမှ စတင်၍ ကလေး၊ တမူး၊ မော်လိုက်မြို့တိုမှ အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.