Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက် ထပ်မံထွက်ပြေး

စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက် ထပ်မံထွက်ပြေး

0
By Editor on December 30, 2023 Headline

(005MK)

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် တပ်စခန်းကို စွန့်ခွါထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည်ဟု ဒေသတွင်း Vanglaini သတင်စာက ဖော်ပြသည်။

စစ်ကောင်စီတပ်သား ၁၅၀ ၀◌န်းကျင်ခန့်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang မှာအခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလုံခဲ့ကြပြီး ယင်းတို့အနက် ဒဏ်ရာရရှိသူ အများအပြားလည်းရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအမြောက်အများသေဆုံးမှုရှိကြောင်း တချို့မှာလည်း စခန်းကိုစွန့်ခွါ၍ ထွက်ပြေးသွားကြသည်ဟု AA ကဆိုသည်။

ယခု မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်မှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းက ဖြစ်နိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် နို၀◌င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားအယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.