Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းကိုဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့ဝင်တချို့ကို စစ်ဆေးဖို့ CDF-Hualngoram က ထိန်းသိမ်းထား

စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းကိုဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့ဝင်တချို့ကို စစ်ဆေးဖို့ CDF-Hualngoram က ထိန်းသိမ်းထား

0
By Editor on March 23, 2023 Headline

ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF-Hualngoram ထိန်းချုပ်ထားတဲ့ နယ်မြေဒေသမှာ စစ်ကောင်စီနဲ့ ပတ်သက်သော တင်ဒါလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ John and Joshua Company အဖွဲ့ဝင်တချိူ့ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ CDF-Hualngoram က ထုတ်ပြန်ပါတယ်။

John and Joshua ကုမ္ပဏီဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်မှာ တရားမဝင် တင်ဒါလုပ်ငန်း ဆောင်ရွက်နေတာကြောင့် မတ်လ ၁၈ ရက်နေ့က ကုမ္ပဏီအဖွဲ့ဝင်တချို့ကို (အသက်မပြည့်ကလေးငယ်နဲ့ သက်ကြီးရွယ်အိုများမပါ) စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတာလို့ CDF-Hualngoram က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ဖော်ပြထားတာမရှိပေမယ့် ယခုကိစ္စမှာ ပါဝင်ပတ်သက်တဲ့ မည်သူမဆိုကို ထိထိရောက်ရောက် ဆက်လက်အရေးယူသွားမယ်လို့ CDF-Hualngoram က ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ကုမ္ပဏီအဖွဲ့ဝင်လုပ်သား ၁၂ ဦးလို့သိရပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ Ticirh ကျေးရွာထိပ်က ချောင်းကူးတံတား ဆောက်လုပ်နေစဉ်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“၁၈ ရက်နေ့ မနက်ပိုင်း တစ်နာရီလောက် အစ်ကိုနှင့် online ကနေ စကားပြောဖြစ်သေးတယ်။ ညနေ ၆ နာရီ လောက်အချိန်မှာ ဖမ်းခေါ်သွားကြတာလို့တော့ ကြားတယ်။ သူတို့စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ကြားတယ်။ အခုဆို သုံးကြိမ်လောက်ဖုန်းဆက်ပြီး တွေ့ဖို့တောင်းဆိုတာ၊ တွေ့ခွင့်မရဘူး ဆိုတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့နော်” လို့ ပြောပါတယ်။

CDF-Hualngoram အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသအတွင်း စစ်ကောင်စီနဲ့ပတ်သက်တဲ့ မည်သည့်တင်ဒါလုပ်ငန်းကိုမဆို လုပ်ကိုင်ဆောင်ရွက်ခြင်း လုံးဝမပြုဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ စစ်ကောင်စီနဲ့ အလိုတူပူးပေါင်းပတ်သက်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.