Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းကိုဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့ဝင်တချို့ကို စစ်ဆေးဖို့ CDF-Hualngoram က ထိန်းသိမ်းထား

စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းကိုဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့ဝင်တချို့ကို စစ်ဆေးဖို့ CDF-Hualngoram က ထိန်းသိမ်းထား

0
By Editor on March 23, 2023 Headline

ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF-Hualngoram ထိန်းချုပ်ထားတဲ့ နယ်မြေဒေသမှာ စစ်ကောင်စီနဲ့ ပတ်သက်သော တင်ဒါလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ John and Joshua Company အဖွဲ့ဝင်တချိူ့ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ CDF-Hualngoram က ထုတ်ပြန်ပါတယ်။

John and Joshua ကုမ္ပဏီဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်မှာ တရားမဝင် တင်ဒါလုပ်ငန်း ဆောင်ရွက်နေတာကြောင့် မတ်လ ၁၈ ရက်နေ့က ကုမ္ပဏီအဖွဲ့ဝင်တချို့ကို (အသက်မပြည့်ကလေးငယ်နဲ့ သက်ကြီးရွယ်အိုများမပါ) စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတာလို့ CDF-Hualngoram က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ဖော်ပြထားတာမရှိပေမယ့် ယခုကိစ္စမှာ ပါဝင်ပတ်သက်တဲ့ မည်သူမဆိုကို ထိထိရောက်ရောက် ဆက်လက်အရေးယူသွားမယ်လို့ CDF-Hualngoram က ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ကုမ္ပဏီအဖွဲ့ဝင်လုပ်သား ၁၂ ဦးလို့သိရပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ Ticirh ကျေးရွာထိပ်က ချောင်းကူးတံတား ဆောက်လုပ်နေစဉ်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“၁၈ ရက်နေ့ မနက်ပိုင်း တစ်နာရီလောက် အစ်ကိုနှင့် online ကနေ စကားပြောဖြစ်သေးတယ်။ ညနေ ၆ နာရီ လောက်အချိန်မှာ ဖမ်းခေါ်သွားကြတာလို့တော့ ကြားတယ်။ သူတို့စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ကြားတယ်။ အခုဆို သုံးကြိမ်လောက်ဖုန်းဆက်ပြီး တွေ့ဖို့တောင်းဆိုတာ၊ တွေ့ခွင့်မရဘူး ဆိုတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့နော်” လို့ ပြောပါတယ်။

CDF-Hualngoram အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသအတွင်း စစ်ကောင်စီနဲ့ပတ်သက်တဲ့ မည်သည့်တင်ဒါလုပ်ငန်းကိုမဆို လုပ်ကိုင်ဆောင်ရွက်ခြင်း လုံးဝမပြုဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ စစ်ကောင်စီနဲ့ အလိုတူပူးပေါင်းပတ်သက်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.