Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

0
By Editor on April 14, 2023 Featured

ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် အင်တာဗျူး

ချင်းပြည်နယ် ဟားခါးမြို့ကို ရိက္ခာနဲ့လက်နက်ခဲယမ်းတွေလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တင့်ကား ၂ စီးအပါအဝင် ယာဉ်တန်းအားလုံးကို ဖလမ်း-ဟားခါးကြားမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဖက် အကျအဆုံးလည်း အများပြားရှိခဲ့တယ်လို့သိရပါတယ်။ ဖလမ်း-ဟားခါးကြားက တိုက်ပွဲအခြေ အနေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဖလမ်း-ဟားခါးကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲအခြေအနေကို အရင်ရှင်းပြပါဦး။

ဖြေ – မတ်လ ၇ ရက်၊ ၈ ရက်နေ့ကနေ ကလေးကနေ တက်လာတဲ့ စစ်ယဉ်တန်းက ကလေးကနေဖလမ်းကိုဖြတ်တယ်၊ ဖလမ်း ကနေ ဒီဟားခါးဗျူဟာကိုဆက်ပြီးတော့ သူတို့ အဲ့ဒီစစ်ယာဉ်တန်းကြီးက ချီတက်လာတာပေါ့။ အဓိက ကတော့ ရိက္ခာဖြည့် တင်းရေးနဲ့ လက်နက်ကျဉ်ဆံ ဖြည့်တင်ရေးပေါ့။ အဲ့တာ မိုးတွင်းစစ်ဆင်ရေးအတွက်ဖြစ်ပါလိမ့်မယ်။ ကျနော်တို့နဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက လမ်းတစ်လျှောက်လုံးမှာတိုက်ခိုက်ခဲ့တယ် ဧပြီ ၁၃ ရက်နေ့မှာတော့ သူတို့ရဲ့ ယာဉ်အားလုံး ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် အဲဒီမှာ စစ်သုံးတင့်ကား ၂ စီးအပါအဝင် မြေထိုးစက်ရယ် သူတို့ရိက္ခာ သယ်လာတဲ့ ၆ ဘီးကားနဲ့ ၁၂ ဘီးကားတွေ ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး။

မေး- အခုတစ်ခေါက်စစ်ကောင်စီဟာ ချင်းတောင်တက်လာတာ၊ ရိက္ခာလာပို့လား၊ တက်လာတဲ့အချိန်မှာကော် ကားဘယ်နှစ်စီးနဲ့ ဘယ်လိုပုံစံတက်လာခဲ့လဲ။

ဖြေ – သူတို့ ချင်းပြည်နယ်မှာ အခြေချတဲ့ စစ်ကောင်စီ၊ ချင်းပြည်မြောက်ပိုင်းဆိုရင် ဟားခါးပေါ့၊ အဲ့ဒီလို စစ်ကြောင်းကြီးနဲ့ နွေဦးမှာသော်လည်းကောင်း ဆောင်းဦးမှာသော်လည်းကောင်း ပွင့်လင်းရာသီမှာ အဲ့လိုမျိုးသူတို့ ရိက္ခာလာပို့လေ့ရှိတယ်ပေါ့ အခုဟာကလည်း အဲ့တာပါပဲ။ ကလေးကနေတက်လာတုန်းက သူတို့ အင်အား ၂၀၀ နှုန်းနဲ့ ကျွန်တော်တို့ ခန့်မှန်းတယ်ပေါ့၊ အင်အား ၂၀၀ နဲ့ ရိက္ခာအပြည့်နဲ့ လက်နက်၊ ကျည်ဆံတို့၊ ဗုံးတို့ နဲ့ အဲ့ဒီလိုတက်လာတာ။ ကားက အားလုံးအစီးက ၃၀ ပေါ့။ ၃၀ ဆိုတဲ့နေရာမှာ တင့်ကားနှစ်စီးရယ်၊ ပြီးတော့ မြေထိုးစက် JCB တစ်စီးရယ် ပြီးတော့ အရပ်သုံး ဆယ့်နှစ်ဘီးကား၊ ဆယ်ဘီးကား၊ ၆ ဘီးကား ၂၇ စီးနဲ့ အလုံးအရင်းနဲ့ တက်လာတာဖြစ်တယ်။

မေး- ဆိုတော့ ချင်းတောင်တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းအားလုံးကို ချင်းဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တားဆီး ဖျက်ဆီးခဲ့တယ်ဆိုတဲ့သဘောလား။

ဖြေ – ဟုတ်ကဲ့ အဲ့သလို ပြောလို့ရပါတယ်။ အခု ချွန်ကျူးရောက်တော့၊ အဲ့ဒီမှာ တွေ့ရတာကတော့ တင့်ကားနဲ့ အရပ်သုံး ယာဉ်တွေ ၇ စီးလောက်ပဲကျန်တယ်ပေါ့နော်၊ အဲ့တာကို ကျွန်တော်တို့ ဒီနေ့အပြီး ဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ဟားခါးဝင်ဖို့ တစ်ခုမှ မကျန်တော့ပါဘူး။

မေး- စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အဓိက ဘယ်လိုတိုက်ခိုက်ပြီးတော့ ဘယ်လိုဖျက်ဆီးခဲ့ကြလဲ။

ဖြေ – သူတို့ကအဲ့ဒီမောတော်ယာဉ်လုံခြုံရေးကို အဓိကထားပြီးတော့၊ လမ်းဘေးဝဲယာအရှေ့အနောက်ဆိုပြီးတော့ သူတို့က ကောင်းကောင်းယူထားတာဖြစ်တယ်၊ အဲဒီမော်တော်ယဉ်တန်းကို ကျွန်တော်တို့က အနောက်ကနေ မချဉ်းကပ်နိုင်ဘူး ပေါ့နော်။ မချဉ်းကပ်နိုင်ဘူးဆိုတဲ့အနေထားမှာ ကျွန်တော်တို့က ဒရုန်းကို အဓိက အသုံးပြုတယ်။ ပြီးတော့ တိုက်မိုင်းတွေနဲ့ ကျွန်တော်တို့အဓိကတိုက်တာပေါ့။ ပြီးတော့ အဲ့ဒီ မော်တော်လုံခြုံရေးယူတဲ့ လမ်းဘေးဝဲရာမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေ ကိုတော့ ခြုံခိုတိုက်ပွဲနဲ့ ကျွန်တော်တို့ တိုက်နေတာပေါ့။

မေး- ကလေး-ဟားခါးလမ်းဟာ တကယ်ဆိုရင် တစ်ရက်ခရီးပဲဖြစ်ပါတယ်။ ခုဆိုရင် စစ်ကောင်စီက တလကျော်ကြာပြီ ပေါ့လေ တိုက်ပွဲကလည်းတောက်လျှောက်ဖြစ်ပွားနေတော့ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျဆုံးအခြေနေ ကကော ဘယ်လိုရှိလဲ

ဖြေ – ကျနော်တို့အနေနဲ့အတိအကျအတည်ပြုမှုမရပေမယ့် အင်အား ၂၀၀ ထဲမှာ အခုက ၄၀ လောက်ပဲကျန်တော့တယ် ဒါပေမယ့် ကျန်တဲ့တပ်ဖွဲ့ဝင်တွေက အားလုံးကျဆုံးတာမျိုးမဟုတ်ဘူး အကျအဆုံးတော့ ၁၀၀ တော့ကျော်တယ်၊ ၁၂၀ လောက်တော့ခန့်မှန်းတယ် ကျန်တဲ့ဟာတွေကတော့ ထိခိုက်ဒဏ်ရာရတာရှိမယ် နေမကောင်းတဲ့လူတွေလည်းရှိမယ် ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းကတော့ အကျအဆုံးရှိတယ်လို့ပြောလို့ရပါတယ်။

မေး – ဘာများထပ်ဖြည့်စွပ်ပြောချင်တာရှိလဲ။

ဖြေ- ဟုတ်ကဲ့ ထပ်ဖြည့်ပြောချင်တာကတော့ သူက Martial Law ထုတ်ပြီးတော့ ကျွန်တော်တို့ ပြောထားတဲ့အတိုင်းပဲ ပြည်သူကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လာတယ် အဲ့ဒါက သူ့ရဲ့ တစ်လျှောက်လုံးသုံးနေတဲ့ ဗျူဟာပေါ့။ ကျနော်တို့ပြည်သူတွေ မီးလောင်ဆုံးရှိုးမှုတွေရှိတယ်၊ နစ်နာတာတွေအများကြီးရှိတယ်၊ အဲ့ဒီအတွက်တော့ ကျွန်တော်တို့ စိတ်အများကြီး မကောင်း ပါဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာ၊ ပြည်သူတွေလိုချင်တာ ဘာလဲဆိုတာကို ကျွန်တော်တို့ အားတင်းပြီးတော့မှ အဆုံးစွန်တိုက်ပွဲဝင်ရုံကလွဲလို့ကျွန်တော်တို့ ချင်းအမျိုးသားတပ်မတော်၊ ဒေသကာကွယ်ရေး တပ်မတော် ပြည်သူအပါဝင် ရွေးချယ်စရာလမ်းကမရှိဘူး။ ဆက်လက်ပြီးတော့ လုပ်စရာတွေကတော့ လုပ်သွားမှာပဲ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.