Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ကောင်စီရဲ့အထိုင်တပ် စခန်းတွေက မြို့တိုင်းနီးနီးမှာ ရှိနေသေးတယ်ဆိုတော့ အဲ့ဒါတွေ ကင်းစင်ဖို့က အင်မတန်မှ အရေးကြီးတယ်၊ ပြည်သူတွေရဲ့ ပံ့ပိုးမှု၊ တိုင်းရင်းသားမဟာမိတ်တွေရဲ့ စုစည်းမှု၊ အချိတ်အဆက်မိမိနဲ့ ဆက်လက်ဖော်ဆောင်ဖို့အတွက် ကျွန်တော်တို့က ပြင်ဆင်ထားပါတယ်”

“စစ်ကောင်စီရဲ့အထိုင်တပ် စခန်းတွေက မြို့တိုင်းနီးနီးမှာ ရှိနေသေးတယ်ဆိုတော့ အဲ့ဒါတွေ ကင်းစင်ဖို့က အင်မတန်မှ အရေးကြီးတယ်၊ ပြည်သူတွေရဲ့ ပံ့ပိုးမှု၊ တိုင်းရင်းသားမဟာမိတ်တွေရဲ့ စုစည်းမှု၊ အချိတ်အဆက်မိမိနဲ့ ဆက်လက်ဖော်ဆောင်ဖို့အတွက် ကျွန်တော်တို့က ပြင်ဆင်ထားပါတယ်”

0
By Editor on May 25, 2024 Featured

(006/002-SV/MG)

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသ တွန်းဇံမြို့နယ်မှာ မေလ ဒုတိယပတ်ကစ၍ မြို့သိမ်းစစ်ဆင်ရေးကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး၊ စစ်ဆင်ရေးစတင်ပြီး ၅ ရက်အကြာ မေလ ၁၉ နှင့် ၂၁ ရက်နေ့တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မေလ ၁၅ ရက်နေ့က စတင်ခဲ့သော အဆိုပါ မြို့သိမ်းစစ်ဆင်ရေးအခြေအနေနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး – ချင်းပြည်အစိုးရ ချင်းပြည်နယ် ဝန်ကြီးဌာနက ဒီလိုမျိုး ပထမဦးဆုံး တွန်းဇံမြို့တွင်း စစ်ဆင်ရေးဖော်ဆောင်မှုက ချင်းတော်လှန်ရေးအတွက် ဘယ်လိုမျိုးအရေးကြီးပါသလဲ။

ဖြေ – ကျွန်တော်တို့က ဒီတော်လှန်ရေးကို နိုင်ငံရေး၊ စစ်ရေးနဲ့ ဟန်ချက်ညီညီ ဖော်ဆောင်တာဖြစ်တယ်။စစ်ရေးဆိုတာ နိုင်ငံရေးအခြေအခံ ပဋိပက္ခကြောင့် ဒီစစ်ရေးအခြေအနေအထိ ဖြစ်လာတာဖြစ်တယ် ၊ ဒါကြောင့် နိုင်ငံရေးအရ အမျိုးသားစုစည်းမှုကို စစ်ရေးနဲ့ နိုင်ငံရေးအရ အခုက ဖော်ဆောင်နေတာဖြစ်တယ်။ အခုလက်ရှိမှာ ချင်းပြည်အစိုးရ ပေါ်လာပြီဆိုတော့ ဒီစစ်ကောင်စီကို တိုက်ထုတ်ဖို့က အားကောင်းကောင်းနဲ့ ကျွန်တော်တို့ သွားချင်တယ်၊ အဲ့ဒါကြောင့် ချင်းလဲန်းကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ အခုက CNA ချင်းအမျိုးသား တပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့ပြီးတော့ ချင်းကာကွယ်ရေး ဝန်ကြီးအောက်မှာထားပြီးတော့ အားကောင်း ကောင်းနဲ့ စစ်ရေးကို ဖော်ဆောင်နေတာ ဖြစ်တယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအရ စုစည်းမူကြီးတခုအနေနဲ့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်နေတာဖြစ်တယ်။

မေး – တွန်းဇံမြို့က ချင်းပြည်နယ်ရဲ့အစွန်ဆုံးမှာရှိတယ်ပေါ့လေ ပြီးတော့ မြန်မာအိန္ဒိယနယ်စပ်မှာလည်း ရှိတော့ စစ်ရေးအရ ၊နိုင်ငံရေးအရ၊ စီးပွားရေးအရမှာ တွန်းဇံမြို့က ဘယ်လိုမျိုးအချက်အချာကျ အရေးပါပါသလဲ။

ဖြေ – တွန်းဇံမြို့နယ်မှာရှိတဲ့ အထိုင်တပ်စခန်းတွေကို စခန်းသိမ်းဖော်ဆောင်တာက ကျွန်တော်တို့ စစ်ရေးအရ၊နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့နေရာလို့ သတ်မှတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိချင်းပြည်မှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲတွေ၊ အတုရောင်ရွေးကောက်ပွဲ ဖော်ဆောင်ဖို့ လုပ်တဲ့နေရာမှာ ဒီတွန်းဇံမြို့နယ်ထဲမှာ ဒေသအခြေပြု နိုင်ငံရေး ပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ ဆိုပြီးတော့ ပြင်ဆင်နေတာ သန်ခေါင်စာရင်းတွေ ကောက်နေတာတွေရှိတယ်၊ ဒါကနိုင်ငံရေး အရ စစ်ကောင်စီ ရေရှည်ရပ်တည်ရေးကို ဦးတည်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ စစ်ကောင်စီက သူ့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်နေတာ တွေ့ရတယ်။ နောက်ပြီးတော့မှ အဲ့ဒီဒေသမှာအခြေပြုလာတဲ့ ZRO/ZRA ဆိုတဲ့ ဒေသ အတွင်းမှာရှိနေတဲ့ လူမျိုးစု၊လက်နက်ကိုင်တွေကို ပူးပေါင်းပြီးမှ သူတို့ကို အားပေးအားမြောက်ပြီးမှ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကိုဆန့်ကျင်နေတာတွေ့ရတယ်။ ဒါကတော့ အားလုံးအသိဖြစ်ပါတယ်၊ နောက်ပြီးတော့ တွန်းဇံက အိန္ဒိယနယ်စပ်မှာဆိုတော့ တဖက်အိန္ဒိယလူမျိုးစုလက်နက်ကိုင် တွေလှုပ်ရှားနေတာ တွေ့ရတယ်၊ ဒါကတော့ ချင်းပြည်ကို ထိပါးလာနေတဲ့ အခြေအနေထား၊ နောက်ပြီးတော့ ကျွန်တော်တို့က တော်လှန်ရေးလုပ်တဲ့နေရာမှာ အိန္ဒိယနိုင်ငံရေးကို သန့်သန့် ရှင်းရှင်းနဲ့ ဝင်မစွပ်ဖက်တဲ့ ပေါ်လစီကို စွဲကိုင်ထားတယ်ဆိုတော့ အဲ့ဒါတွေက ကျွန်တော်တို့ အမျိုးသားရေ ရှည်ရပ်တည်ရေးအတွက် ခြိမ်းခြောက်နေတယ်၊ ပြီးတော့ စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံရေးမှာ ရေရှည်ရပ်တည်နိုင် ရေးအတွက် ပံ့ပိုးနေတဲ့အနေအထားရောက်နေတယ် အဲဒါကိုကျနော်တို့က စစ်ရေး၊နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့နေရာ ဖြစ်တဲ့ အတွက် ဒီစစ်ဆင်ရေးကို ဖော်ဆောင်တာဖြစ်တယ်။

မေး – တွန်းဇံမြို့သိမ်းတိုက်ပွဲက (၅) ရက်တာကြာမြင့်ခဲ့တယ် အဲ့တိုက်ပွဲက ဘယ်လိုမျိုးဖြစ်ပွားခဲ့ ပါသလဲ၊ ဘယ်လို မျိုးပြင်းပြင်းထန်ထန်တွေရှိခဲ့ပါသလဲ၊ အဲ့တိုက်ပွဲအကြောင်း ရှင်းပြပေးပါအုံး။

ဖြေ – တွန်းဇံမှာရှိတဲ့ ၂၆၉ အထိုင်စခန်းတွေ၊ရဲစခန်းတွေ၊စစ်ကောင်စီတပ် ခြေကုတ်ယူတဲ့နေရာတွေ၊ပြီးတော့ ကျီခါး မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေ သိမ်းဖို့ကို ကျွန်တော်တို့က အားကောင်းကောင်းနဲ့ ဒေသကာ ကွယ်ရေးပူး ပေါင်းတပ်ဖွဲ့နဲ့ ချင်းလဲန်းကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကုန်လုံး အခုလ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ ဖော်ဆောင်တာ ဖြစ်တယ်ပေါ့။ ဆိုတော့ အဲ့လိုဖော်ဆောင်တဲ့နေ ရာမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို တွန်းဇံရယ်၊ကျီခါးရယ်ဆိုပြီးတော့ တကြိမ်တခါတည်း တိုက်ပွဲကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ စစ်ဆင်ရေးကို စတယ်၊ အဲ့လိုမျိုးမစခင်မှာ အိန္ဒိယနယ်စပ်မှာရှိတဲ့ကျီခါးက စစ်ကောင်စီတပ်သားတွေကို တွန်းဇံမြို့ကို ဖြည့်လာတယ်။ တချို့ကျန် နေတယ်လို့သိရတယ်။ ပြီးတော့ တွန်းဇံမြို့မှာ အဲ့သလိုမျိုး စစ်ဆင်ရေးစနေတော့ရင် သူတို့ ဒဏ်ရာရရဲဘော်တွေကို မော်တော်ယာဉ်တစီးနဲ့ ကျီခါးမြို့ကို ပို့တယ်လို့ သတင်းရတော့ ကျီခါးမြို့မှာ စစ်ကောင်စီရှိနိုင်သေးတယ် အဲ့လိုအမြင်နဲ့ ကျီခါးမြို့ကို သွားပြီး စစ်ဆင်ရေးလုပ်တော့ အဲ့မှာ သူတို့မရှိတော့ဘူး၊ အဲ့ဒီလမ်း ၂ ခုကို ကျွန်တော်တို့ အရင်ဖြတ်တောက်ပြီး တော့ ကျွန်တော်တို့ တွန်းဇံမြို့ကို ဝိုင်းပြီးတော့ တွန်းဇံမြို့ထဲက တပ်စခန်းတွေကို သိမ်းတယ်၊ ဒါပေမယ့်အဲ့ဒီမှာ ဂျက်ဖိုက်တာ Mi35 နဲ့ ဗုံးတောက်လျှောက်ကြဲလာတယ် အတွဲတွဲနဲ့ ဗုံးသီး ၂၀ ၊၁၆ ၊ ၈ လုံးတွေနဲ့ တွဲပြီးတော့ ကြဲချတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီခြေကုတ်ယူထားတဲ့နေရာ တပ်စခန်းအားလုံးကို သိမ်းဆည်းနိုင်ခဲ့ တာဖြစ်တယ်။

သိမ်းပြီးတော့ သူတို့က စစ်ကူကို ဟတ်စကီးနဲ့ အင်အား ၅၀ လောက်လာချတယ်။ အဲ့တာကို ပြန်ပြီးတော့ တိုက်ခိုက်ပြီး စစ်ကူလာတဲ့ဟာတွေကို ၁၁ ယောက်လောက် ပွဲချင်းပြီး အဲ့နေရာမှာ ပစ်ခတ်နိုင်ခဲ့ တယ်။ အခုအနေအထားက သူတို့က စခန်းထဲကနေရွေ့ပြီးတော့ မြို့ထဲမှာရှိတဲ့ နေရာတခုမှာ ပုန်းခိုနေတာ၊ အဲ့တာကို ဒီနေ့မနက် ဝေလီဝေလင်းချိန်မှာဝင်စီးတော့ အခုလက်ရှိက တိုက်လေယာဉ်တွေကတော့ တွန်းဇံမြို့ ပြင် ကျွန်တော်တို့ရှိတဲ့နေရာတွေကို ခပ်စိပ်စိပ်လာနေတဲ့ အနေအထား၊ အခုစစ်ကောင်စီတွေက မြို့ပြင်နေရာ တခုကို ရောက်နေပြီ အဲ့တာချေမုန်းရေးကို ဆက်လုပ်နေတယ်။ အခုက စစ်ကောင်စီတပ်စီကနေ လက်နက် အလက်ပေါင်း (၅၀) သိမ်းဆည်းရမိတယ်၊ အလောင်းကတော့ (၁၁) လောင်းတွေ့ခဲ့ တယ်။ ကျီခါးမြို့ကတော့ စစ်ကောင်စီကင်းစင်ပြီလို့ စိတ်ချရတဲ့အနေအထားရောက်နေပေမယ့် တွန်းဇံမြို့ ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ပေမယ့် မြို့ပြင်ဖက်မှာတော့ ရှိနေသေးတော့ လုံခြုံစိတ်ချရတဲ့ အနေအထား သိပ်ပြီးတော့ မရောက်သေးဘူးလို့ ပြောချင်တယ် တိုက်လေယာဉ်ကတော့ ခပ်စိပ်စိပ်လာနေတဲ့ အနေအထားဖြစ်တယ်။

မေး – စစ်ကောင်စီရဲ့သေဆုံးမူက အလောင်း (၁၁) လောင်းဆိုရင် တိုက်ပွဲအတွင်း ကျဆုံးမူက ဘယ်လောက် လောက်ရှိပါသလဲ။

ဖြေ – ၁၅ ရက်နေ့ကနေ ဒီနေ့အထိ ဆိုရင် ၂၀ လောက်တော့ရှိတယ်။ ထိခိုက်ဒဏ်ရာရဆိုရင်တော့ တော်တော် လေးများမှာ ဘာလို့လဲဆိုရင်တော့ စသိမ်းကတည်းကိုက ကျီခါးကို ဒဏ်ရာရတဲ့သူတွေ ကား (၂) စီးနဲ့တင်သွား တာတို့၊ ဆေးရုံတက် နေတာတို့ရှိတယ် ZRA တပ်ဖွဲ့ဝင်တွေ ၁၀ ယောက်လောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ၈ ယောက်အဲ့သလိုမျိုးတွေ သူတို့က လူနာတင်ခဲ့တဲ့ဟာတွေရှိခဲ့တယ်။

မေး – တွန်းဇံမြို့မှာ ZRA (EC) တပ်ကလဲ အခြေချတယ်၊လက်ရှိတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖက်ကနေ ဝင်တိုက်ပေးတာတွေရှိတော့ ဘယ်လိုမျိုးကြောင့် စစ်ကောင်စီဖက်ကနေ ဝင်တိုက်ပေးရတာလဲ။ဘယ်လိုပုံစံမျိုး တွေနဲ့ ဝင်တိုက်ပေးပါသလဲ။

ဖြေ – သူတို့က တွန်းဇံမြို့ထဲမှာသော်လည်းကောင်း၊ကျီခါးမြို့ထဲမှာသော်လည်းကောင်း၊စစ်ကောင်စီနဲ့အတူတူ တပ်စွဲထား တာကတော့ ကြာပါပြီ။ ပြီးတော့ တွန်းဇံစစ်ဆင်ရေးသွားတဲ့အချိန် တွန်းဇံကို မရောက်ခင် လမ်းတ လျောက်လုံးမှာ ပိတ်ပြီးတော့ ခြုံခိုတိုက်ခိုက်တာ ပြီးတော့ ဆွဲမိုင်းတွေထောင်ပြီးတော့ တိုက်ခိုက်တာ အဲ့လိုမျိုးတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က တွန်းဇံကို ၁၅ ရက်နေ့မှာပဲ စဆင်းနိုင်ခဲ့တာ ဖြစ်တယ်။ အဲ့ဒီလမ်း တလျောက်မှာ တိုက်ပွဲမှာလည်း သူတို့ စခန်းငယ် (၃) ခုကို ကျွန်တော်တို့ သိမ်းဆည်းထားခဲ့တာပေါ့။

မေး – ဒီလိုဆိုလို့ရှိရင် ZRA (EC) တပ်တွေက ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ – သူတို့အခြေအနေက တွန်းဇံမြို့ကနေ အကုန်ုလုံး ဆုတ်သွားပြီတွန်းဇံမြို့ထဲမှာ မရှိတော့ဘူး။ ကြည့်ရတာ ကတော့ မဏိပူရ်ဘက်အခြေချတဲ့ ZRA/ ZRO တွေကို စစ်ကူတောင်းပြီးတော့ သူတို့က အင်အားတော်တော် လေးတော့ ဖြည့် တင်းလာတယ်လို့ သိရတယ်။ သိရတယ်ဆိုတာက ZRA ကျွန်တော်တို့နဲ့ တိုက်တဲ့နေရာမှာ ၆ ယောက်၊ ၇ ယောက် လောက်ကတော့ မဏိပူရ်ကို သယ်သွားပြီးတော့ ဈာပနအခမ်းအနားတွေလုပ်တယ်လို့ကြား တယ်၊ အခုလည်း သူတို့က လူမစုံလို့ဆိုပြီးတော့ ကျွန်တော်တို့စီကို သူတို့ရဲဘော်တွေ ရှိသလားဆိုပြီးတော့ လာမေးနေတာတွေတော့ ရှိပါတယ်။

မေး – တွန်းဇံမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းတော်လှန်ရေးအင်အားစု ဘယ်နှစ်ဖွဲ့လောက်ပါဝင်ခဲ့သလဲ၊ ဘယ်အဖွဲ့ တွေလဲဆိုတာ ပြောပေးပါလား။

ဖြေ – အဓိက ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၃) ဖွဲ့ ၊ ချင်းအမျိုးသား တပ်မတော် CNA နဲ့ဆိုရင်တော့ (၁၄) ဖွဲ့ အပြင် မြေပြန့်က ညီအကိုတွေ အရိူချင်းတွေလည်းပါ တယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ အတူတူပူးပေါင်းတဲ့ Y-PDF ယောဒေသကသူတွေလည်းပါတယ်။ အားလုံးဆိုရင် (၁၄) ဖွဲ့တော့ ရှိတာပေါ့နော်။

မေး – တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးအင်အားစုတွေဖက်ကရော ထိခိုက်ကျဆုံးတာ၊ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ဘယ်လောက်လောက်ရှိပါသလဲ။

ဖြေ – တွန်းဇံနဲ့ ကျီခါးမြို့သိမ်းပဲခေါ်ခေါ် စခန်းသိမ်းတိုက်ပွဲမှာတော့ ကျွန်တော်တို့ဖက်က (၂) ယောက်အ ကျဆုံးရှိ တယ်။မစိုးရိမ်ရ ဒဏ်ရာရရှိတဲ့ဟာ (၁၀) ယောက်ရှိတယ် အခုသူတို့လည်း သက်သာစပြုလာပါပြီ။

မေး – တွန်းဇံမြို့ကို စပြီးတော့သိမ်းလိုက်ပြီဆိုတော့လေ ချင်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော် ဆောင်မှုနဲ့ပက်သက်ပြီး ဘယ်လိုမျိုး မှတ်ချက်ပေးလို့ရအုံးမလဲ။

ဖြေ – စစ်ကောင်စီရဲ့အထိုင်တပ် စခန်းတွေက မြို့တိုင်းနီးနီးမှာ ရှိနေသေးတယ်ဆိုတော့ အဲ့ဒါတွေကင်းစင်ဖို့က အင်မတန်မှ အရေးကြီးတယ်၊ အဲ့ဒါကြောင့် ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ တိုက်ပွဲဝင်ရအုံးမှာပေါ့။ အဲ့ဒီမှာ အားကောင်းကောင်းနဲ့ တိုက်ပွဲဝင်သွားဖို့ကတော့ ပြည်သူရဲ့ပံ့ပိုးမှု၊ တခြားတိုင်းရင်းသားမဟာမိတ်တွေရဲ့ စုစည်းမှုအင်အား၊အချိတ်ဆက် မိမိနဲ့ ဆက်လက်ဖော်ဆောင်ဖို့ အတွက် ကျွန်တော်တို့က ပြင်ဆင်ထားပါတယ်။

မေး – တွန်းဇံမြို့ကို သိမ်းပြီးပြီဆိုတော့ တွန်းဇံမြို့ပေါ်မှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဘယ်လိုမျိုး ဖော်ဆောင်ဖို့ အစီစဉ်ရှိပါသလဲ။

ဖြေ – ဒါတွေကတော့ ချင်းပြည်အစိုးရနဲ့ ချင်းပြည်ကောင်စီ ရဲ့လုပ်ငန်းတာဝန်များဖြစ်သွားပါလိမ့်မယ်၊ဒါပေမယ့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ရှိပြီးသားဖြစ်ပါတယ်၊ကျွန်တော်တို့တွေက ဥပမာ-ချင်းအမျိုးသား တပ်မတော်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက အဲ့ဒီမှာ လုံခြုံရေးအရပဲ စခန်းတွေသယ်သွားမယ်၊အုပ်ချုပ်ရေးက တော့ ချင်းပြည်အစိုးရကနေပြီး ဆက်လက်ဖော်ဆောင်မယ်၊ ဖော်ဆောင်တဲ့နေရာမှာ ဒေသခံများကိုယ်တိုင်ဖော် ဆောင်တဲ့ အုပ်ချုပ်ရေးမျိုးတော့ သူ့တို့ဘာသာသူတို့ အုပ်ချုပ်ရေးပိုင်းကိုတော့ ဆက်လက်ပြီးတော့ ကိုင်တွယ် သွားဖို့ ဖြစ်ပါလိမ့်မယ်။

မေး – ဘာများဖြည့်စွပ်ပြောကြားချင်ပါသေးလဲ။

ဖြေ – ကျွန်တော်တို့ တွန်းဇံနဲ့ကျီခါး စခန်းသိမ်းတိုက်ပွဲတွေဟာ ချင်းပြည်ကောင်စီ၊ချင်းပြည်အစိုးရ ထူထောင် ပြီးနောက်ပိုင်း အစိုးရအနေနဲ့ ပထမဦးဆုံး ဖော်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ ရှေ့ဆက်သွားဖို့ကတော့ စစ်ရေးအရ ၊နိုင်ငံရေးအရ စုစည်းမှုအားကောင်းကောင်းနဲ့ ကျွန်တော်တို့က ဖော်ဆောင်သွားမှာ ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေးကို ဆင်နွဲနေတာနဲ့ အညီ ပြည်သူရဲ့ ဘက်ပေါင်းစုံကနေ ပံ့ပိုးမှုကတော့ အဓိက လိုအပ်ပါတယ်။ စစ်ကောင်စီနဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ် ဖြုတ်ချပြီးတော့ ကျွန်တော်တို့နိုင်ငံကို ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံအဖြစ်တည်ဆောက်ဖို့ လုပ်စရာတွေ ကိုင်စရာတွေအများကြီးရှိနေသေးတယ်၊ ဒီထက် ဆထက်တပိုး ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ ဆက်လက်ပြီးတော့ ဖော်ဆောင်သွားကြဖို့ ပြည်သူကို သော် လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း မေတ္တာရပ်ခံချင်သလို အခု စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ပြည်သူ ဖြစ်ဖြစ်၊အဖွဲ့စည်းပဲဖြစ်ဖြစ် အချိန်မှီ ကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်ကြဖို့ ကိုယ့်ပြည်သူကို ငှဲ့ညာတဲ့အနေနဲ့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.