Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ယခုနှစ်အတွင်း အရပ်သားပြည်သူ ၃၀ ကျော်သေဆုံး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ယခုနှစ်အတွင်း အရပ်သားပြည်သူ ၃၀ ကျော်သေဆုံး

0
By Editor on May 4, 2023 Headline

(01RB)

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုမြင့်တက်လာနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အစကနဦးပိုင်းမှာ လေကြာင်းထက် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုသာပြုလုပ်ခဲ့ပေမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးမှုလည်း မြင့်တက်လာခဲ့တာဖြစ်တယ်လို့ CHRO ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

“ချင်းပြည်နယ်ရဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက ၃၃ ယောက်ပါ တယ်၊ ဒဏ်ရာရရှိမှုက ၈၀ နီးပါးပေါ့နော် အဲဒီ ၈၀ နီးပါးထဲမှာ ၇၁ က အရပ်သားပြည်သူလူထုတွေပေါ့၊ အာဏာသိမ်းပြီးတဲ့ နောက် ချင်းပြည်နယ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုပြောရင်တော့ ၁၀ ပုံမှာ ၈ ပုံလောက်ကတော့ ၂၀၂၃ နောက်ပိုင်းမှာ တိုက်ခိုက်တာ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ၂၀၀ နီးပါးရှိနေပြီ အဲဒီထဲမှာ အကြိမ်ပေါင်း ၂၁ ကြိမ်က ၂၀၂၃ မတိုင်ခင်မှာပဲတိုက်ခိုက်တာ အကြိမ်ပေါင်း ၁၅၀ ကျော် ၁၆၀ ကျော်လောက်က ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ တိုက်ခိုက်မှု ပေါ့နော်”

စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်သာ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော်ပြုလုပ်ကာ ဗုံးအလုံး ၃၀၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီလထဲမှာတင် စစ်ကောင်စီတပ်ဖွဲ့ဟာ လေကြာင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀ ကျော်ပြုလုပ်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာ၊ ဧပြီလ ၁၀ ရက်နေ့မှာ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ဧပြီလ ၁၆ ရက်နေ့မှာ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာနဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ထန်တလန်မြို့နယ် တလန်လိုကျေးရွာတို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ချင်းပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ အရပ်သားပြည်သူတွေကို ခွဲခြားမှုမရှိပဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေတိုက်ခိုက်လာတာဖြစ်တယ်လို့ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

“စစ်ကောင်စီကနေ အခုလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ဟာကို ကြည့်ခြင်းအားဖြင့် စစ်ရေးအမြင်နဲ့တိုက်ခိုက်တာ မဟုတ် ပေမဲ့ အရပ်သားပြည်သူကို ရည်ရွယ်ချက်ရှိရှိ တမင်တကာနဲ့ တိုက်ခိုက်လာတာကို တွေ့ရတယ်။ ပြည်သူလူထုကို တော်လှန်ရေးအင်အားစုအသွင်သဘောထားတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီကို တိုက်ခိုက်နိုင်တာသည် ပြည်သူတစ်ရပ်လုံးရဲ့ ပံ့ပို့မှုကြောင့်လို့ စစ်ကောင်စီက ယူဆ တယ်။ အဲ့ဒီလိုယူဆတဲ့အတွက်ကြောင့် ပြည်သူလူထုကို စစ်ကောင်စီကရန်သူ သဖွယ်မြင်တယ် အဲ့ဒါကြောင့်မို့လို့ ပြည်သူ လူထုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ခွဲခြားမှုမရှိဘဲနဲ့ ဒီလို တမင်တကာ ရည်ရွ ယ်ချက်ရှိရှိနဲ့ပေါ့နော် အဲ့ဒီလေေ ကြာင်းတိုက်ခိုက်မှုတွေ အသုံးပြုလာတယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်”

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့ပေါ်ကလွဲရင် ကျေးလက်ဒေသအားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး မြေပြင်စစ်ရေးမှာလည်း စစ်ကောင်စီဘက်က အထိနာနေတာကြောင့် ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေထက် ၂၀၂၃ ခုနှစ်မှာ လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာတာနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုလိုပြောဆိုပါတယ်။

“ချင်းတောင်ကို မာရှယ်လောအုပ်ချုပ်ရေး အရင်ကြေညာတယ် နောက်ပြီးတော့မှ NUG အဖွဲ့အစည်းနဲ့ချိပ်ဆက်နေတဲ့ ကျနော်တို့တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ စကားအခံက ရှိထားတယ် အဲဒီမှာ ကျနော်တို့အပြင် ကျနော်တို့ကို ပံ့ပိုးနေတယ်လို့ထင်ရတဲ့ ပြည်သူတွေကို နှိပ်စက်ပြတာဖြစ်တယ် ဒါက အင်မတန်မှ ရက်စက်တဲ့လုပ်ရပ်ပေါ့ တကယ်တော့ အဲဒီလိုတိုက်လေယာဉ်တွေလာတာက သူ့မှာမြေပြင်အင်အားက ချိနဲ့နေပြီလို့ ပြောလို့ရတယ် အဲဒါကြောင့် အဆုံးစွန် လေကြောင်းကို အသုံးပြုလာတာပေါ့နော်”

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ယခု ၂၀၂၃ ခုနှစ် ဧပြီလအထိ စစ်ကောင်စီက ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ နီးပါးခန့် ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် အရပ်သားပြည်သူသေဆုံးသူ ၄၀ ကျော်ရှိပြီလို့ သိရပါတယ်။

ယခုလက်ရှိမှာလည်း ချင်းပြည်နယ် ဖလမ်း-ဟားခါးကြား ချွန်ကျူံးကျေးရွာနဲ့ ဂန့်ဂေါ-ဟားခါးကြားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.