Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ကောင်စီရဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအိမ်မက်အပေါ် ချင်းတော်လှန်ရေး၊ အရပ်ဖက်အဖွဲ့ နဲ့ ပြည်သူလူထုရဲ့ သဘောထားအမြင်စုစည်းမှု”

“စစ်ကောင်စီရဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအိမ်မက်အပေါ် ချင်းတော်လှန်ရေး၊ အရပ်ဖက်အဖွဲ့ နဲ့ ပြည်သူလူထုရဲ့ သဘောထားအမြင်စုစည်းမှု”

0
By Editor on August 29, 2024 Featured

(SV/MG/SS)

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ မှာ မဲမသမာမှု ၁၁ သန်းကျော်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုဟာ လာမယ့် ၂၀၂၅ ခုနှစ် နိုင်ဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဩဂုတ်လ ၂၄ ရက်က နိုင်ငံရေးပါတီတွေနဲ့ တွေဆုံပွဲမှာ တရားဝင် ထုတ်ပြော လာပြီး ရွေးကောက်ပွဲကို နယ်မြေလုံခြုံရေးအရ တစ်ရက်ထဲ ကျင်းပမှာမဟုတ်ဘဲ အပိုင်းလိုက် စီစဉ်ကျင်းပသွားမယ်လို့ ပြောဆိုလာပါတယ်။ ဒီနှစ်အောက်တိုဘာလမှာလည်း စစ်ကောင်စီဟာ သန်းခေါင်းစာရင်း ကောက်ယူဖို့ ပြင်ဆင်နေသလို သူရဲ့ရွေးကောက်ပွဲ ကော်မရှင်ဟာ ပါတီတည်ထောင်ခွင့် လျှောက်ထားမှုတွေကို ပယ်ချတာ၊ တည်ထောင်ခွင့်ပြုတာတွေကို ဆက်တိုက် ပြုလုပ်လာနေပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ခူမီးအမျိုးသားပါတီကို စစ်ကောင်စီရဲ့ ရွေးကေက်ပွဲ ကော်မရှင်က ပါတီတည် ထောင်ခွင့်ပြုထားပါတယ်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ဟာ ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံရထားရပေမယ့် ပါတီတည်ထောင်ခွင့်ရရှိရေး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီတိန်၊ မင်းတပ်၊ ကန်ပက်လက် မြို့ပေါ်တွေမှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲ ဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုတို့ဟာ ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်မှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် စစ်ရေးရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။

ဒီလိုအခြေအမျိုးမှာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီ ပြင်ဆင်လာမှုနဲ့ ပတ်သက်လို့ ချင်းပြည်၊ ချင်းလူထုနဲ့ ချင်းတော်လှန်ရေးအပေါ် သက်ရောက်မှု အခြေအနေတွေကို ချင်းတော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့ အစည်းနဲ့ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို မေးမြန်းဖော်ပြထားပါတယ်။

ဆလိုင်းထက်နီ – ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ

စကစ (စစ်ကောင်စီ) အနေနဲ့ တရားဝင် အစိုးရ ဖြစ်ရေးအတွက် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းလာတာက နွေးဦးတော်လှန်ရေး တလျှောက်လုံးဖြစ်ပါတယ်၊၊ သို့သော် အကောင်အထည် မဖော်နိုင်ခဲ့ဘူး၊၊ တပြည်လုံး မဟုတ်ရင်တောင် သူတို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေမှာတော့ လုပ်နိုင်ကောင်းပါတယ်၊၊ ဒါပေမဲ့ လုံးဝ အသက်ဝင်မှာ မဟုတ်ဘူး။ ကျနော်တို့ ချင်းပြည်ဆိုရင် စကစ စခန်းရှိရာ မြို့တချို့မှာတော့ လုပ်နိုင်ပါလိမ့်မည်၊၊ သို့သော် ရွေးကောက်ပွဲ ရလဒ်အားဖြင့် အုပ်ချုပ်ရေး ယန္တာရား လည်ပတ်နိုင်မှာ မဟုတ်ဘူး၊၊ ဘာဖြစ်လို့လဲဆိုတော့ ချင်းပြည်နယ်မြေနဲ့ လူထု ၈၅ ရာနှုန်းကို စကစ က ဆုံးရှုံးသွားလို့ ဖြစ်တယ်။ ချင်းတော်လှန်ရေးအင်အားစုကို ပံ့ပိုးနေတဲ့ ပြည်သူတွေဟာ ကျနော်တို့နဲ့ တထပ်တည်းဆိုတော့ စကစ ရဲ့ရွေးကောက်ပွဲ ကို လုံးဝ အယုံအကြည်မရှိဘူး ဆိုတာ အခိုင်အမာ ပြောရဲတယ်၊၊ စကစ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးစေရေး အတွက်ဆိုတာ ပြည်သူအသိပါ၊၊ ဆိုတော့ လုံးဝ မပါဝင်ကြဖို့ တိုက်တွန်းချင်တယ်။

ဆလိုင်းတင်မီ – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ

စကစ က ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ၁၁ သန်းကျော်ရှိလို့ အာဏာသိမ်းတယ်ဆိုတာက သူ့ရဲ အကြောင်းပြချက်ပေါ့နော်။ ခုချိန်မှာ သူ့အနေနဲ့ ပြဿနာကနေ ထွက်ပေါက်ဗျူဟာ(existing strategy)အနေနဲ့ ရွေးကောက်ပွဲ လုပ်တယ်လို့ ယူဆပါတယ်။ နိုင်ငံတကာကိုလည်း သူ ရွေးကောက်ပွဲ လုပ်နိုင်မှ existing strategy ဖြစ်မယ်လို့ သူယူဆတာဖြစ်မယ်။ ဒါပေမဲ့ သူတကယ် လုပ်နိုင်မလားက တိုင်းပြည်ရဲ့ မြို့နယ်ပေါင်း ၃၃၀ အထဲမှာ သုံးပုံတစ်ပုံလောက်ပဲ ( မြို့နယ်၉၀ လောက်ပဲ) ထိန်းချုပ်နိုင်တယ်။ အဲဒီ ၉၀ ထဲမှာတောင်မှ ဒီလို တိုင်းပြည်မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုတာ တကယ်တမ်းဖြစ်မလားဆိုတဲ့ ဟာရှိမယ်။ နောက်တစ်ခုက ပါတီပေါ့၊ သူတို့ပြောတာက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအနေနဲ့ သွားမယ်ဆိုတဲ့ အခါမှာ အခုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီက ၄၊ ၅ ခုလောက်ပဲဖြစ်တယ်။ ချင်းပြည်မှာ ဘယ်ပါတီက ပြိုင်မှာလဲ၊ ချင်းရဲ့ ပထဝီ အနေ အထားအရ စစ်ရေး၊ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲက နေနေသာသာ စကစတွေ ဒီနေ့လား၊ မနက်ဖြန်လား ကျရှုံးမယ့် အခြေအနေမှာ ရွေးကောက်ပွဲကတော့ ပြောမနေနဲ့ပေါ့လေ။ စစ်ရေးရော နိုင်ငံရေးအရရော တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ရင် ဒီရွေးကောင်ပွဲက သူ့မှာ နိုင်ငံခြားရေး အရပဲဖြစ်ဖြစ် ကျရှုံးနေတဲ့အရာကို နိုင်ငံတကာရဲ့ support ရအောင် ပြောတဲ့ ပုံစံပဲဖြစ်ပါတယ်။ တကယ်ဖြစ်လာမှာလဲ မဟုတ်သလို ပြည်သူမပါတဲ့ ရွေးကောက်ပွဲဆိုတာက မဖြစ်နိုင်တဲ့ အရာဖြစ်တယ်။ ပြီးတော့ စကစအနေနဲ့ သူထိန်းချုပ်တဲ့ နယ်မြေမှာတောင် ရွေးကောက်ပွဲ လုပ်ဖို့ မသေချာတဲ့ အခြေအနေရှိ နေပါတယ်။ ဒီအရာက ယောင်ပြီးတော့ မဖြစ်နိုင်တဲ့ အရာကို ပြောနေတယ်လို့ပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

ဆလိုင်းဗန်ဆွေးစံ – ချင်းရေးရာအဖွဲ့ချုပ် (ICA) လက်ထောက်ညွှန်ကြားရေးမှူး

ရွေးကောက်ပွဲ လုပ်တာက စစ်ကောင်စီရဲ့ နောက်ဆုံး ထွက်ပေါက်လို့ သုံးသပ်ရမှာပါ။ စစ်ကောင်စီက ခုချိန်မှာ အဘက်ဘက်ကနေ အားနည်းလာတာ ၊ ထိုးကျလာတာကို တွေ့ရတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင် နေရာတော်တော်များများမှာ စစ်ကောင်စီထိန်းချုပ်မူ လျော့နည်းလာပြီးမှ ဒေသခံခုခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု ပိုမိုအားကောင်းလာတာကို တွေ့ရပါ တယ်။ အရင်လမ်းစဉ်ဟောင်းကို ပြန်ကျင့်သုံးပြီး၊ ရွေးကောက်ပွဲ ပြုလုပ်မယ်၊၊ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ဝတ်ပြီးမှ အရပ်သားအစိုးရကို တည်ဆောက်ဖို့ နောက်ဆုံးထွက်ပေါက်ကို အသုံးချလာတာလို့ပဲ သုံးသပ်ချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ချင်းမှာ ဘယ်လိုဖြေရှင်းနိုင်မလဲက သူတို့ ရွေးကောက်ပွဲ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခံယူချက်က ဒီမိုကရေစီ ရရှိဖို့ဆိုတာထက် ပိုပါတယ်။ ဒါက စနစ်ကြီးတစ်ခုကို ပြောင်းလဲပစ်ဖို့ ရည်မှန်းထားတာ ဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ချင်းမှာ အများကြီး ထိခိုက်မိမှာ မဟုတ်ဘူးလို့ ယူဆတယ်။ ဒါပေမယ့် တစ်ဖက်မှာ စစ်ပွဲဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ လူထုကနေ ဘယ်လိုအသံတွေ ထွက်လာ မလဲက စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိတယ်။

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲက လက်ရှိအနေအထားအရ သုံးသပ်ရရင် ချင်းပြည်နယ်မှာ ရှိတဲ့ မြို့တော်တော်များများမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက အနည်းနဲ့အများ မြို့ထဲကို ချဉ်းကပ်လာတာကို တွေ့ရတယ်။ ချင်းမှာ တော်လှန်ရေးအင်အားစု အာကောင်းလာတာနဲ့အညီ ရွေးကောက်ပွဲ လုပ်ဖို့က ရာခိုင်နှုန်းအနေနဲ့က တော်တော်လေး နည်းပါးတဲ့ အနေအထားမှာ ရှိနေပါ တယ်။ ဒါပေမယ့် စစ်ကောင်စီက PR စနစ်ကို ကျင့်သုံးလာမယ်ဆိုတော့ ရွေးကောက်ပွဲကိုလည်း တစ်ရက်ထဲအပြီး လုပ်တာ မဟုတ်ပဲ၊ အလျဉ်းသင့်သလို လုပ်သွားမယ်လို့ ပြောလာတဲ့အခါမှာ သူတို့ လုပ်တဲ့အပေါ်မှာ အများကြီး မူတည်နိုင်တယ်။ ပြည်သူတွေရဲ့ ငြိမ်းချမ်းလိုတဲ့ ဆန္ဒအပေါ်မှာလည်း အများကြီး မူတည်ပါလိမ့်မယ်။ ငြိမ်းချမ်းတယ်ဆိုတာက အပေါ်ယံ ဝတ်ရုံပြောင်းလဲတဲ့ ငြိမ်းချမ်းရေးကိုပဲ လိုတာလားပေါ့။ စစ်ပွဲဒဏ်ကို မခံနိုင်တော့လို့ ရရာနည်းနဲ့ ရုန်းထွက်တယ်ဆိုရင် ရွေးကောက်ပွဲက ဖြစ်ပေါ်လာဖို့ ရှိပါတယ်။ ဒါပေမယ့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စနစ်ကြီးတစ်ခု ပြောင်းလဲပစ်ဖို့က ရွေးကောက်ပွဲက ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်မိတယ်။ တဆက်ထဲမှာပဲ ချင်းပြည်နယ်မှာ ရှိတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခတွေအပေါ်မှာရော အများကြီး မူတည်သွားလိ့မ်မယ်။

ဖလမ်းမြို့ဒေသခံတစ်ဦး

(၁၀၀) မှာ (၉၀) ရာခိုင်နှုန်းကတော့ ဖလမ်းအခြေအနေနဲ့ဆိုရင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူး။ စကစ ဦးဆောင်တဲ့ ရွေးကောက်ပွဲက လုံးဝဆက်သွားနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်၊ အခုကျနော်တို့ စဖြစ်တဲ့ အချိန်ကနေ အခုအချိန်ထိ စကစနဲ့ လုံးဝ မပတ်သက်ဖို့ ဘယ်သူမဆို စိတ်ထဲမှာ ရှိမယ်ထင်တယ်။ ဒါပေမယ့် လူဆိုတာ မပြည့်စုံတဲ့အခါ ဝမ်းတစ်ထွာကိစ္စနဲ့ လိုချင်တဲ့သူလည်း ရှိကောင်းရှိနိုင်တယ်၊၊ စီးပွားရေးအနေနဲ့ ပေါင်းချင်တဲ့ သူက ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့က မဖြစ်နိုင်ဘူး။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်သူက ဦးဆောင်ရဲမှာလဲက တခုရှိတယ်၊ ဘယ်မြို့ မှာမဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနေနဲ့ ဖယ်ဒရယ် မဟုတ်နဲ့ပဲ Confederate ဆိုတဲ့အဆင့်ကို မျော်မှန်းတဲ့ အချိန်မှာ စကစဖက်က ရွေးကောက်ပွဲဆိုတာက တော်တော်လေးဝေး သေးတယ်လို့ ထင်တယ်၊ ချင်းပြည်နယ်မှာ (၉) မြို့နယ်အားလုံးက ကိုယ့်မြို့နယ် နဲ့ကိုယ် အုပ်ချုပ်ရေးလည်ပတ်ဖို့ ပြင်ဆင်တာ၊၊ အချို့ဆိုလို့ရှိရင် အုပ်ချုပ်ရေးလည်ပတ်နေတဲ့ မြို့နယ်တွေလည်း ရှိသွားပြီလေ။ ဆိုတော့ ဒီရွေးကောက်ပွဲ ကိစ္စဆိုရင် စကစရှိနေတဲ့ မြို့မသိမ်းတဲ့နေရာမှာပဲ နည်းနည်း လူထုကို လိမ်မယ်ဆိုလို့ ရှိရင် ဖေ့ဘွတ် ပေါ်မှာပဲရှိတော့မှာ။ စကစရှိတဲ့နေရာ ဖလမ်းနဲ့တီးတိန်မှာတောင်မှ ဒီလိုဖြစ်နေတာ လူဦးရေလည်း မရှိ၊ ဘယ်သူက ရွေးကောက်ပွဲကို ပြိုင်ရဲတော့မှာလဲ၊၊

မင်းတပ်မြို့ဒေသခံတစ်ဦး

ချင်းပြည်နယ် တခုလုံးအတိုင်းအတာအနေနဲ့ တော်တော်လေးခက်ခဲမယ်လို့ ယူဆပါတယ်။တခြားတိုင်းတွေ၊ တနိုင်ငံလုံး အတိုင် အတာနဲ့ဆိုရင် နေရာကွက်ကြားနဲ့တော့ အဆင်ပြေကောင်းပြေလိမ့်မယ်။ ဒါပေမယ့် ချင်းပြည်နယ်မှာ အခက်အခဲရှိမယ်လို့ ယူဆပါတယ်။ ရွေးကောက်ပွဲ ရလဒ် ရည်ရွယ်ချက်အတိုင်း ကောင်းတာလည်းဖြစ်နိုင်သလို ခက်ခဲတာလည်းဖြစ်နိုင်ပေမယ့် လူထုက ကိုယ့်ဆန္ဒကို လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် အရမ်းခက်ခဲမယ်။ ကျည်ဆံ ပြောင်းဝ တွေကြား၊ ကျောက်နဂါးတွေ ကြားက ရှေ့မှာ နေရတဲ့အခါမှာ ကျောက် နဂါးရှိတယ်၊ ကျည်ဆံပြောင်းဝ တွေရှိတဲ့ အတွက်ကြောင့် လူတဦးရဲ့အဖြစ်မှန်အတိုင်း ရွေးချယ်ဖို့က အင်မတန်မှ အန္တာရာယ်ရှိတဲ့အတွက် လူထုမှာ အကြောက်တရား လွမ်းမိုးနေသရွေ့ မလွယ်သေးပါဘူး ပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.