Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီလက်အောက်က ခြောက်ကပ်တဲ့ ချင်းအမျိုးသားနေ့

စစ်ကောင်စီလက်အောက်က ခြောက်ကပ်တဲ့ ချင်းအမျိုးသားနေ့

0
By Editor on February 22, 2022 Khonumthung

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်မှာ စစ်ကောင်စီရဲ့ဦးဆောင်မှုနဲ့ ကျင်းပခဲ့ကြပြီး ပြည်သူတွေအနေနဲ့ပူးပေါင်း ပါဝင်မှုမရှိခဲ့ တာ ကြောင့် ဒီနှစ်ချင်းအမျိုးသားနေ့ကတော့ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာတော့ ချင်းအမျိုးသားနေ့အခမ်းအနားကို ပြည်နယ်စစ်ကောင်စီရုံးမှာပဲ အစိုးရဝ န်ထမ်းတွေနဲ့သာ ကျင်းပခဲ့ကြပြီး ဟားခါးမြို့ပြည်သူတွေကတော့ ပူးပေါင်းပါဝင်မှု မရှိကြဘူူးလို့ ဟားခါးဒေသခံ တစ်ဦး ကပြောပါတယ်။

“မနေ့ကတော့ ဟားခါးမြို့ပေါ်ဆိုရင် တိတ်ဆိတ်နေတာပဲ Hakha Campaign for Justice ကလည်း မနေ့ကတော့ ၁၀ နာရီကနေ ၄ နာရီအထိအပြင်မထွက်ဖို့တောင်းဆိုထားတာလေ တိတ်ဆိတ်နေတာပဲ မနေ့ကတော့ တပ်တွေကတော့ လမ်းတိုင်းမှာနေရာတိုင်းမှာရှိတယ်’’ လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။

ဟားခါးမြို့စစ်ကောင်စီရုံးမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားမှာ နေပြည်တော်က စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ကောင်စီဝင် ဦးမောင်းဟာတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာတော့ ချင်းအမျိုးသားနေ့အခမ်းအနားကို ဘုံတလာခန်းမဆောင်မှာ မြို့နယ်ထွေအုပ်ရဲ့ ဦးဆောင်မှုနဲ့ အကျဉ်းရုံးကျင်းပခဲ့ကြတယ်လို့ မတူပီမြို့ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

“ကျနော်တို့ချင်းအမျိုးသားတွေရဲ့ နေ့ထူးနေမြတ်ကြီးဆိုတော့ သဘောလောက်တော့ ကျင်းပကြတယ်မနေ့က ထွေအုပ်က ဦးဆောင်ပြီးပြီးတော့ ခရိုင်လည်းပါတယ် ဌာနဆိုင်ရာအကြီးအကဲတော့အားလုံးပါတယ် တက်ရောက်တဲ့သူကတော့ ၁၀၀ လောက်ပဲရှိတယ် ဌာနဆိုင်ရာအကုန်လုံး မြို့မိမြို့ဖ၊ ဂိုဏ်းပေါင်းစုံပါစတာတွေပေါ့နော’’ လို့ ရပ်မိရပ်ဖကပြောပါတယ်။

မတူပီမြို့နယ်မှာ လူငယ်လူရွယ်တွေမရှိတော့တာကြောင့် ချင်းအမျိုးသားနေ့အခမ်းအနားမှာ ရိုးရာယဉ်ကျေးမှုတွေနဲ့ ကပြဖျော်ဖြေမယ့်သူမရှိခဲဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

“လူတွေကမရှိတော့ဘူး လူငယ်တွေမရှိတော့ဘူး မြို့ပေါ်က အမျိုးသားယဉ်ကျေးမှုတွေကပြမယ်ဆိုရင် လူငယ်တွေအများကြီးလိုတာပေါ့နော လူငယ်တွေလည်းမစုံနိုင်ဘူး အဲဒါကြောင့် ရိုးရာတော့ မထည့်ကြတော့ဘူး’’ မတူပီရပ်မိရပ်ဖကပြောပါတယ်။

အလားတူ တခြားမြို့နယ်တွေမှာလည်း ထွေအုပ်ကနေဦးစီးပြီး သူတို့ရုံးခန်းမှာအကျဉ်းရုံးနဲ့ကျင်းပခဲ့ကြတယ်လို့သိ ရပါတယ်။

ဒီနှစ်ကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို စစ်ကောင်စီက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ကန်ပက်လက် စတဲ့ ၈ မြို့နယ်စလုံးမှာ တစ်မြို့နယ်ကို ၁၅ သိန်းကနေ သိန်း ၂၀ စီချပေးပြီး သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရဲ့ဦးဆောင်မှုနဲ့မဖြစ်မနေကျင်းပစေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကနေ ဦးစီးကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားမှာ ချင်းပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှုမလုပ်ကြဖို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်းဆိုထားတဲ့အတိုင်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှုမရှိခဲ့တာကြောင့် စစ်ကောင်စီရဲ့ ချင်းအမျိုးသားနေ့အခမ်းအနားဟာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာဖြစ်ပါတယ်။

တဖက်မှာတော့ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေး CDF တပ်ဖွဲ့တွေကတော့ သူတို့ထမ်းချုပ် တဲ့နယ်မြေထဲမှာ ၇၄ နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။

CDF-Thantlang တပ်ဖွဲ့အနေနဲ့ ထန်တလန်မြို့နယ်ထဲက သူတို့ထိန်းချုပ်တဲ့နယ်မြေထဲမှာ ကျေးရွာပြည်သူလူထုထုတွေနဲ့ ချင်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပြီး ယခင်နှစ်တွေလို စည်းကားမှုမရှိပေမယ့် ပိုပြီးတော့အနှစ်သာရရှိပြီး ကျေနပ်အားရတယ်လို့ CDF- Thantlang ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“ကျနော်တို့ CDF-Thantlang ထိန်းချုပ်နယ်မြေမှာတော့ တောင်ကြော ၅ ခုရှိတယ် အားလုံးလုပ်ကြတာတယ်၊ အရင်တုန်း ကလုပ်တဲ့ပုံစံကတော့ စည်စည်းကားကားနဲ့လုပ်နိုင်တယ်ပေါ့နော် ဒါပေမယ့် အထက်အမိန့်တို့ ပွဲမိန့်တို့တောင်း နေရတယ် ကိုယ့်ချင်းအမျိုးသားနေ့ဖြစ်ပေမယ့်လည်း ဒါကတနည်းအားဖြင့်ပြောမယ်ဆိုရင် လွတ်လပ်မှု ကိုယ်ပိုင်ပြဌာန်းခွင့် မရှိဘူးလို့ပြောလို့ရတယ် အခုဒီနှစ်မှာတော့ စည်စည်ကားကားမလုပ်နိုင်ပေမယ့် ကိုယ့်ဆန္ဒနဲ့ ချင်းအမျိုးသားနေ့ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်နိုင်တယ် မစည်ကားပေမယ့် တော်တော်လေးကျေနပ်မှုရှိတယ်’’ လို့ သူကပြောပါတယ်။

ချင်းလူမျိူးတွေရဲ့ နေထူးနေ့မြတ်ဖြစ်တဲ့ ချင်းအမျိုးသားနေ့ဟာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်ကနေ ၂၂ ရက်နေ ့ အထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ်ချင်းအမျိုးသားညီလာခံမှာ တိုက်သူကြီးအုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်အစား ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကို ရွေးချယ်ခဲ့ကြတဲ့နေ့ရက်ကို အစွဲပြုပြီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာကျင်းပတဲ့ ချင်းရေးရာဝန်ကြီးအစည်းအဝေးမှာ ပထမဆုံးအကြိမ်ချင်း အမျိုးသား ညီလာခံကျင်းပတဲ့နေ့ရက်ကိုအစွဲပြုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိရာကနေ ဒီနှစ်ဆိုရင် ၇၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.