Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီလက်အောက် တိတ်ဆိတ်ခြောက်ကပ်နေသော ချင်းအမျိုးသားနေ့

စစ်ကောင်စီလက်အောက် တိတ်ဆိတ်ခြောက်ကပ်နေသော ချင်းအမျိုးသားနေ့

0
By Editor on February 22, 2023 Headline

တပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး လူ ၅ ဦးထက်ပိုမစုရနှင့် ညအထွက်အမိန့်များပါ ထုတ်ပြန်ထားသည့် ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျရောက်သော ချင်းအမျိုးသားနေ့သည် တိတ်ဆိတ်နေသည်။

ဖေဖော်ဝါရီလ ၂၀ ရက်သည် ချင်းလူမျိုးများ၏ နေ့ထူးနေမြတ်ဖြစ်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ဖြစ်ပြီး စစ်အာဏာမသိမ်းခင်နှစ်များကဲ့သို့ စည်းကာသိုက်မြိုက်စွာကျင်းပနိုင်ခြင်းမရှိကြတော့ဘဲ စစ်ကောင်စီလက်အောက် ယမ်းခိုးငွေများဝေနေသည့် ချင်းတောင်းတန်ကြီးတွင် ချင်းအမျိုးသားနေ့သည် တိတ်ဆိတ်ခြောက်ကပ်နေသည်ဟု ဆိုရမည်။

ချင်းအမျိုးသားနေ့ရောက်လေတိုင်း ပူးဝမ္မသူးမောင်အားကစားကွင်းတွင် အရောင်းအသွေးစုံလင်သော ရိုးရာဝတ်စုံများ၊ ရိုးရာယဉ်ကျေးမှုအက၊ ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိသည့် ပြည်နယ်၏ မြို့တော် ဟားခါး မြို့မှာ ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ပြည်သူလူထုအနေဖြင့် အကျဉ်းရုံးသဘောဖြင့်လည်း ကျင်းပခြင်းမျိူးပင်မရှိခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော်သိသလောက်ကတော့ ပြည်သူတွေကတော့ မလုပ်ကြဘူး၊ အသင်းတော်အနေနဲ့လည်း ဒီနေ့ကျတော့ ဘာမှမလုပ်ဘူး။ ဒါပေမယ့် အစိုးရဌာနတွေကျတော့ အခမ်းအနားတော့ လုပ်တယ်လို့ကြားတယ် ဝန်ထမ်းတွေက” ဟု ဟားခါးမြို့ခံပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင်လည်း ချင်းအမျိုးသားနေ့အခမ်းအနားကို ယခင်ကဲ့သို့ ကျင်းပနိုင်ခြင်းမရှိကြပဲ ဘုရားကျောင်းများတွင် ဆုတောင်းခြင်းအစီအစဉ်ဖြင့်သာ အကျဉ်းရုံးသဘောပြုလုပ်ခဲ့ကြသည်ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

တီးတိန်မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ချင်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသော်လည်း Non-CDM ဝန်ထမ်းအသိုင်းအဝန်းတချို့နှင့်သာ ကျင်းပခဲ့ကြသည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။

“ထွေအုပ်က ဦးစီးပြီးတော့ ကျင်းပတယ်၊ သီချင်းဆိုတဲ့သူတွေ၊ ကတဲ့သူတွေ၊ သူတို့ အားကစားပြိုင်ပွဲလုပ်တဲ့ဟာတွေကိုလည်း ဆုချီးမြှင့်တယ်။ လူတော့ သိပ်မများပါဘူး အနည်းဆုံး အယောက် ၅၀၀ တော့ကျော်မယ်။ အရင်တုန်းကထက်စာရင်တော့ မစည်းကားပါဘူး၊ အရင်နှစ်တွေကဆို လူက သောင်းနှင့်ချီလာကြတာလေ။ သူများတွေကတော ခိုနေရတဲ့အချိန်၊ စားစရာမရှိပဲ ဒုက္ခမျိုးစုံရောက်နေတဲ့ကာလမှာ ပွဲလုပ်တာကတော့ စိတ်မကောင်းပါဘူး” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အထိ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် လွတ်လပ်ရေးနေ့ အောင်ပွဲသဘင်အခမ်းအနားနှင့် ချင်းလူထု ၅၀၀၀ ကျော် တက်ရောက်သော ပထမဦးဆုံးအကြိမ် ချင်းအမျိုးသားညီလာခံမှာ တိုက်သူကြီးများအုပ်ချုပ်မှု စနစ်ဟောင်းမှ ဒီမိုကရေစီအုပ်ချုပ်မှု စနစ်သစ်သို့ ကူးပြောင်းရန်အဆိုကို တက်ရောက်လာသော ချင်းကိုယ်စားလှယ်ကြီးများမှ ဒီမိုကရေစီနည်းလမ်းတကျ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြသည်။

ယင်းချင်းလူထုညီလာခံကျင်းပခဲ့သောနေ့ကို အစွဲပြုပြီး ၁၉၅၀ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှာကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တညီတညွတ်တည်း သဘောတူသတ်မှတ်ခဲ့ကြတာဖြစ်ပြီး ၁၉၅၁ ခုနှစ်ကစတင်ပြီး ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နယ်ပယ်အရပ်ရပ်မှာ စည်းကားသိုက်မြိုက်စွာ ဂုဏ်ယူစွာ ကျင်းပလာခဲ့ကြရာမှ ယခုနှစ်ဆိုရင် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်လာတိုင်း ချင်းအမျိုးသားနေ့အခမ်းအနားများကို ချင်းပြည်နယ် ၉ မြို့နယ်စလုံးတွင် အစည်ကားဆုံးကျင်းပလေ့ရှိကြသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်နောက်ပိုင်းကစ၍ ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့သည်လည်း အရောင်မှေးမှိန်လာပြီး အနစ်သာရှိရှိနှင့် လွတ်လပ်စွာ ကျင်းပနိုင်ခြင်းမရှိကြတော့ပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.