Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ကောင်စီလုပ်ငန်း ယန္တရားတွေက လုံးဝနီးပါး ကျဆုံးနေတယ်လို့ ပြောလို့ရတယ်”

“စစ်ကောင်စီလုပ်ငန်း ယန္တရားတွေက လုံးဝနီးပါး ကျဆုံးနေတယ်လို့ ပြောလို့ရတယ်”

0
By Editor on March 21, 2022 Featured

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်

မတ်လ ၂၀ ရက်နေ့သည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်း၍ လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်အပြည့်အဝရှိသည့် ချင်းပြည်ထောင် ပြည်လည်ထူထောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF ကို ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်သည်။

စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုကြောင့် ချင်းပြည်သူများဆုံးရှုံးနေသော လူမှုဘဝပြန်လည်ထူထောင်ရေးနှင့် ချင်းလဲန်းပြန်လည်ထူထောင်ရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ညီနောင်မဟာမိတ်များနှင့်လက်တွဲကာ စစ်ရေးအ ရှိန်ကို ဟန်ချက်ညီညီမြင့်တင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စအပါအဝင် လက်ရှိချင်းပြည်နယ်၏ စစ်ရေးအခြေ အနေနှင့်ပတ်သက်၍ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။

မေး- CNF ရဲ့ ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက် ချင်းလဲန်ပြန်လည်ထူထောင်ရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ညီနောင်မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ရေးအရှိန် ဟန်ချက်ညီညီမြင့်တင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမုန်းမယ်ဆိုတာ တွေရပါတယ်။ အဲဒီကိစ္စကို နည်းနည်းရှင်းပြပါဦး။

ဖြေ- ကျွန်တော်တို့ထုတ်ပြန်ချက်မှာပါထားသလိုပဲ ကျွန်တော်တို့ ချင်းပြည်ပြန်လည်တည်ဆောက်ဖို့နဲ့ ပြန်လည်ထူ ထောင်ဖို့ဆိုတာ ဒီနေ့စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ကျွန်တော်တို့ ချင်းပြည်သူတွေ ရစရာမရှိတော့အောင် နိုင်ငံရေးအရပျက်သုန်းပြီ တချို့က စစ်ရေးကြောင့်နေစရာတွေ ပျက်စီးကုန်ပြီ အဲဒါတွေ ပြန်လည်ထူထောင်ဖို့ ၊နေရာချထားဖို့စသဖြင့် အဲ့တာတွေလုပ်ဖို့က စစ်ရေးအရပထမဆုံးအနေနဲ့ လုံခြုံမှရတာပါ။ အဲ့ဒီလိုမျိုး လုံခြုံဖို့အတွက် ကျွန်တော်တို့က ဒီလိုမျိုးတိုက်ပွဲဝင်နေတာဖြစ်တယ်။ တဆက်တည်းမှာပဲ လုံခြုံဖို့နဲ့ နောက်ဆုံးစစ်အာ ဏာရှင်ကိုဖြုတ်ချ တဲ့အထိ ညီနောင်မဟာမိတ် ပြီးတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဆိုတော့ ၃၄ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ညီနောင်မဟာမိတ်တွေနဲ့ အတူ ပူးတွဲစစ်ရေးဆောင်ရွက်နေကြဖို့ အရှိန်မြှင့်ပြီးတော့ ကျွန်တော်တို့က ဆထက်တပိုးဆက်လက်ပြီး တော့ တိုက်ပွဲဝင်ဖို့ အဲ့တာ ၃၄ နှစ်ပြည့်မှာ ထုတ်ပြန် ကြေညာချက်ရဲ့ အနှစ်သာရပေါ့။

မေး- အမိချင်းလဲန်ကိုပြန်လည်တည်ဆောက်သွားမယ်၊ အဲလိုတည်ဆောက်တဲ့နေရာမှာ ဒေသအုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတွေကို တဆင့်ချင်းအကောင်အထည်ဖော်သွားမယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီကိစ္စကိုလည်း ရှင်းပြပေးလို့ရမလား။

ဖြေ- ချင်းပြည်မှာ မြို့နယ်အလိုက်သော်လည်း ကောင်း၊ ဒေသလိုက်သော်လည်းကောင်း အုပ်ချုပ်ရေးကို ကိုယ့်ဟာကိုယ် တည်ဆောက်နေတာရှိနေပါပြီ။ အဲ့တာကို ကျွန်တော်တို့ CNF အနေနဲ့ သူတို့နဲ့လက်တွဲပြီီးတော့ ပြန်လည်တည်ဆောက်ဖို့၊ ပြန်လည်တည့်မတ်ဖို့၊ ပြန်လည်နလန်ထဖို့ ဆိုတဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ပေါ့။ CRPH ကနေဖြစ်တည်လာတဲ့ ဒေသ အုပ်ချုပ်ရေး၊ လုံခြုံရေး အဲ့တာကို ကျွန်တော်တို့ ညီနောင်မ ဟာမိတ်စသဖြင့် ကျွန်တော်တို့ချင််းပြည်မှာ ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တွေလည်းရှိတယ်။ တဖက်လည်း NUG လည်းရှိတယ်။ အဲ့တာတွေနဲ့ ပြန်လ ည်တည်ဆောက်ဖို့၊ အမှန်ဆိုရင် စစ်ကောင်စီအာဏာသိမ်းလိုက်လို့ ကျွန်တော်တို့မှာ ဘာမှကုန်းကောက်စရာမရှိတော့တဲ့ ပြည်သူလူထုနေ့စဉ်ဘဝကို ကိုယ့်ဟာကိုယ် ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြန်လည်တည်ဆောက်နိုင်ဖို့ အဲ့ဒီရည်ရွယ််ချက်နဲ့ ကျွန်တော်တို့ အခုကလှုပ်ရှားဆောင်ရွက်နေတာဖြစ်တယ်။

မေး- အခုလက်ရှိ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အနေအထားကဘယ်လိုရှိလဲ။

ဖြေ- အခုအနေအထားအရဆိုရင် ကျွန်တော်တို့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ အထူးသဖြင့် CDF နဲ့တွဲပြီးတော့မှ Chinland Join Defense Committee(CJDC) ဆိုပြီးတော့ ဖွဲ့ထားတယ်။ သူတို့နဲ့ ကျွန်တော်တို့အပါအဝင် စစ်ရေး ဖော်ဆောင်မှု ပူးတွဲစစ်ဆင်ရေးတွေလုပ်နေတယ်၊ စစ်ရေးအခြေအနေက ချင်းပြည်နယ်ရဲ့ကိုးမြို့နယ်စလုံးမှာ ဖြစ်နေတယ်၊ သို့သော် စစ်ကောင်စီက မြို့နဲ့အနီးတဝိုက်နဲ့ တမြို့နဲ့တမြို့ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး အဲ့ဒီလမ်းကြောင်း ပေါ်မှာပဲ တိုက်ပွဲတွေကဖြစ်တယ်။ ကျေးလက်ဒေသတွေကိုလည်း ထိုးဖောက်ဖို့ အမြဲတမ်းကြိုးစားနေတယ်။ ကျွန်တော် တို့က သူတို့ကိုတိုက်ခိုက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ CJDC တွေနဲ့ ပူးပေါင်းပြီးတော့ ဒီချင်းပြည်နယ် ကိုးမြို့နယ်စလုံးမှာ စစ်ရေးကိုဖော်ဆောင်နိုင်တယ်။ အဓိက ကတော့ ကျေးလက်ဒေသအားလုံးကတော့ ဒီစစ်ကောင်စီကမထိုး ဖောက်နိုင်ဘူးပေါ့။

မေး- အခုလက်ရှိ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုအနေအထားကဘယ်လိုရှိလဲ။

ဖြေ- ကျွန်တော်တို့ လေ့လာရသလောက်ကတော့ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့လုပ်ငန်းယန္တရားကမြို့ပေါ်မှာပဲရှိတယ် ကျေးလက်ဒေသအထိတော့ဘယ်လိုမှ သူတို့ကသိမ်းလို့မရတော့ဘူး။ မြို့ပေါ်ထဲမှာတောင်မှ သူတို့စစ်ကောင်စီ လုပ်ငန်း တွေ၊ ဌာနဆိုင်ရာဆိုတာလုံးဝနီးနီးရပ်တန့်သွားတာကိုတွေ့ရတယ်။ ဒါကြောင့် စစ်ကောင်စီလုပ်ငန်း ယန္တရားတွေက လုံးဝနီးပါးကျဆုံးနေတယ်လို့ ပြောလို့ရပါတယ်။

မေး- တခြားဘာများပြောချင်တာရှိလဲ။

ဖြေ- ဒီအာဏာသိမ်းမှုကို ကျွန်တော်တို့က အမိအရဆုပ်ကိုင်ပြီးတော့ စစ်အာဏာရှင်ကိုဖြုတ်ချပြီးတော့ ကျွန်တော်တို့ လိုချင်နေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီတည်ထောင်ဖို့ သွေးနဲ့ရင်းပြီးတော့ ပေးဆပ်နေရတာဖြစ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီသွေး တွေခမ်းခြောက်အောင်လုပ်နိုင်ဖို့က အားလုံးပါဝင်ပြီး ဆက်လက်ပြီးတော့ တိုက်ပွဲဝင်မှသာ ရတော့မယ့်အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ဆိုရင် နိုင်ငံရေး အဆိုုးဆုံး လမ်းဆုံလမ်း ခွနေရာမှာ ရောက်နေကြတယ် ပြည်သူလူထု အားလုံး စိတ်ဓာတ်မကျဖို့၊ ကျွန်တော်တို့ အဆုံးစွန်ထိ တိုက်ပွဲဝင်ဖို့ ကျွန်တော် တိုက်တွန်းပြောလိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.