Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီသတင်းပေးဟုဆိုသော ဦးအာခိုင်အား ထိန်းသိမ်းထားစဉ် သေဆုံးမှုနှင့်ပတ်သက်၍ CDF-Paletwa ရှင်းလင်း

စစ်ကောင်စီသတင်းပေးဟုဆိုသော ဦးအာခိုင်အား ထိန်းသိမ်းထားစဉ် သေဆုံးမှုနှင့်ပတ်သက်၍ CDF-Paletwa ရှင်းလင်း

0
By Editor on September 9, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးအာခိုင်သည် CDF-Paletwa ၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပေးပို့လေ့ရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းစဉ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ CDF-Paletwa က အသိပေးရှင်လင်းချက်ကို ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လာသည်။

ဦးအာခိုင်သည် CDF-Paletwa တပ်ဖွဲ့၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပေးပို့နေသည်ကို မကြာခဏသိရှိရပြီး ၎င်းကို ဒလန်အဖြစ်သတ်မှတ်၍ ၂၀၂၁ ခုနှစ် ဇွန်လတွင် ပထမအကြိမ်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ်စသည်ဖြင့် အကြိမ်ကြိမ် သတိပေးထားသည့်ကြားမှ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီထံ သတင်ပေးမှုများ ဆက်လက်တွေ့ရှိရသည့်အတွက် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု CDF-Paletwa ၏ ရှင်းလင်းချက်တွင်ဖော်ပြသည်။

CDF-Paletwa ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ CDF ထိန်းချုပ်နယ်မြေအတွင်းမှာ အစည်းအဝေးလုပ်တဲ့အခါမှာ သူတို့ရွာကနေ တက်ရောက်လာတဲ့သူတွေရဲ့စာရင်းတွေကို ဘယ်လိုဘယ်လိုအစည်းအဝေးခေါ်တယ်ဆိုတဲ့ဟာတွေကို သူကစစ်ကောင်စီကို အမြဲတမ်းသတင်းပေးတယ် အဲဒါကို ကျနော်တို့ခိုင်ခိုင်လုံလုံသတင်းရရှိလို့ သူ့ကိုလည်း အကြိမ်ကြိမ် သတိပေးတာမျိုးတွေရှိတယ် ကျနော်တို့လှုပ်ရှားမှုလို့ပြောတဲ့နေရာမှာ ကျနော်တို့ပြည်သူလူထုကိုအစည်းအဝေးခေါ်ပြီး မှ စည်းရုံးရေးဆင်းတဲ့ဟာလိုမျိုး ပြည်သူလူထုတွေဆီဟောပြောပွဲသွားလုပ်တဲ့အချိန်ခါလိုမျိုးမှာ သူ့အနေနဲ့ ရက်စွဲတွေသတ်မှတ်ပြီးတော့မှ သက်ဆိုင်ရာစစ်ကောင်စီတွေဆီမှာအမြဲအကြောင်းကြားတယ်ဆိုတာ ကျနော်တို့က တိတိကျကျရထားတာဖြစ်တယ် အဲဒါကြောင့်ပါပဲ” ဟု ပြောသည်။

၎င်းကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ဖြင့် ထိန်းသိမ်းထားသော်လည်း ဇူလိုင်လ ၁၆ ရက်ညသန်းခေါင်ယံတွင် ထွက်ပြေးကာ နောက်တနေ့ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ထိန်းသိမ်းထားစဉ်ကာလတွင် ၎င်း၏ကျန်းမာရေး အမောဆို့ရောဂါအခံကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်း ၅ နာရီခွဲခန့်က သေဆုံးသွားခဲ့သည် CDF-Paletwa က ထုတ်ပြန်သည်။

“ကျနော်တို့ကောင်းကောင်းမွန်မွန်နဲ့စခန်းမှာထိန်းသိမ်းထားတယ် အဒီချိန်မှာပဲ ကျနော်တို့ဆီကို စစ်ကြောင်းထိုးလာတဲ့ အချိန်ဖြစ်တယ် ကျနော်တို့တပ်ဖက်ကနေ တဘက်မှာစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတဲ့ဟာကို ခွဲပြီးမှကာကွယ်နေရတဲ့ အခြေအနေလည်းဖြစ်တယ် စခန်းတွင်းမှာလည်း လုံခြုံရေးကာကွယ်နေရတဲ့အချိန်မှာ သူကအခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာဖြစ်တယ် ကျနော်တို့ရဲဘော်တွေက ပြန်ဖမ်းဆီးတယ် ဖမ်းဆီးတဲ့ ချိန်မှာလည်း ရိုက်နက်တာတွေ လည်းမရှိပါဘူး ကြိုးတွေပါတွေတော့တုပ်ပြီးမှ သူ့ကိုတော့ဆွဲခေါ်တာမျိုးတော့ရှိတာပေါ့ ညတွင်းချင်းမနားရဘဲ ကျနော်တို့စခန်းကိုပြန်ခေါက်ရတာပေါ့ ကျနော်တို့ရှိတဲ့စခန်းကလည်းတောနက်ကြီးကိုး တော်တော် လေးလည်း ခရီးကဝေးတဲ့အခြေအနေဖြစ်တော့ သူပင်ပန်းတာလည်းပါမှာပါ သူ့ကျန်းမာရေးအခံလည်းရှိထားတော့ စခန်းရောက်တော့ ကျနော်တို့ဆေးတွေဘာတွေကုပေးပါသေးတယ် လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးပါသေးတယ် ဒါပေမယ့် ဆုံးသွားတာပေါ့နော်” ဟု CDF-Paletwa ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဦးအာခိုင်သေဆုံးမှုအပေါ် မိသားစုဝင်များနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု CDF-Paletwa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.