Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် UNHCR ထောက်ပံ့ပစ္စည်းများ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ကျော်ကသာ ရရှိကြ

စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် UNHCR ထောက်ပံ့ပစ္စည်းများ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ကျော်ကသာ ရရှိကြ

0
By Editor on July 22, 2021 Headline

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပေးပို့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၆၆ စု လူဦးရေ ၅၀၀ ကျော်ကျော်ခန့်ကသာ ရရှိခဲ့ကြသည်ဟု သိရသည်။

“ဟိုတနေ့က ဖြန့်ဖြူးနေကြပါပြီ၊ သူတို့က လက်ရှိ စခန်းမှာရှိတဲ့ အိမ်ထောင်မိသားစုကိုပဲ ပေးရမယ်ဆိုတဲ့လမ်းညွှန်းချက်နဲ့ အိမ်ထောင်မိသားစု ၆၆ စုထံ ဖြန့်ဝေပေးပါတယ်၊ စစ်ရှောင်စခန်းကျောင်း (၅) ကျောင်းလောက်မှာ ၆၆ မိသားစုကို ဖြန့်ဝေပေးတယ်၊ လူဦးရေအနေနဲ့တော့ ၅ဝဝကျော်လောက်ရှိမှာပါ၊ ကျန်တဲ့ဟာတော့ ဖြန့်ဝေခွင့်မရဘူး၊ ကျန်တဲ့ဟာကျတော့ ဟိုးတောရွာတွေ၊ ကျေးလက်တွေမှာပဲ စခန်းတွေရှိတယ်ဆိုတော့ သွားခွင့်မရှိသေးတဲ့အတွက်ကြောင့် သူတို့ဖက်မှာတော့ မရောက်သေးဘူး” ဟု မင်းတပ်မြို့ မြို့မိ/မြို့ဖတစ်ယောက်က ပြောသည်။

UNHCR အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင် အစားအစာမဟုတ်သည့် တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် စသည့်ပစ္စည်းများကို မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း ၁၀၀၀၊ လူဦးရေ ၅၀၀၀ စာအတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ၎င်းတို့ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းမှာသာ ဖြန့်ဝေခွင့်ပြုခဲ့ပြီး စစ်ဘေးရှောင်အများစုခိုလှုံကြသော ကျေးရွာဘက်နှင့် တောထဲရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ဖြန့်ဝေခွင့်မပြုသည့်အတွက် စစ်ဘေးရှောင်အနည်းကျဉ်းကသာ UNHCR ၏ ထောက်ပံ့ပစ္စည်းကို ရရှိနိုင်ခဲ့ကြခြင်းဖြစ်သည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်း ယခင်က ၁၀ ခုထိရှိခဲ့ပြီး လက်ရှိ UNHCR ကထောက်ပံ့သော ပစ္စည်းများကို မြို့ပေါ်စစ်ဘေးရှောင်စခန်း ၅ ခုကသာရရှိပြီး ကျန်စစ်ဘေးရှောင်စခန်း ၅ ခုမှာ နေထိုင်သည့်ဒေသခံများသည် မိမိတို့နေအိမ်ပြန်သွားကြပြီဖြစ်သည်အတွက် ထောက်ပံ့ပစ္စည်းများ ရရှိနိုင်ခြင်းမရှိကြပေ။

“မင်းတပ်မြို့ပေါ်မှာက စစ်ဘေးရှောင်စခန်း ၁၀ ခုရှိတယ်၊ ၅ ခုက (မြို့ဦး) ကျောင်း၊ (ဗဟိုကျောင်း)၊ မြို့မနှစ်ခြင်းကျောင်း၊ ဖရက်စ်ဘုရားကျောင်း၊ တောင်ပုလုကျောင်းတွေကရပေမယ့် ကျန် ၅ ခုမှာတော့ လူမရှိတော့ဘူး၊ အိမ်ပြန်သွားကြပြီ အားလုံးက၊ နေအိမ်ပြန်တဲ့သူတွေကို စစ်ကောင်စီက ပေးခွင့်မပြုတော့ သူတို့မရကြဘူး” ဟု မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတခုက တာဝန်ရှိသူတစ်ဦးကပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်မှုရှိလာခြင်းကြောင့် မင်းတပ်မြ်ို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mindat-CDF) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်သောင်းကျော်သည် ကျေးရွာများနှင့် တောထဲသို့ အိုးအိမ်စွန်ခွါကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.