Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခအသွင်ဆောင်သည့် ပြည်တွင်း ပဋိပက္ခဖြစ်ပေါ်စေနိုင်ဟုဆိုကာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန်ရှုတ်ချကန့်ကွက်

စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခအသွင်ဆောင်သည့် ပြည်တွင်း ပဋိပက္ခဖြစ်ပေါ်စေနိုင်ဟုဆိုကာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန်ရှုတ်ချကန့်ကွက်

0
By Editor on September 21, 2021 Headline

အာဏာသိမ်းစစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့် လူမျိုးရေးအသွင်ဆောင်သည့် ပြည်တွင်းပဋိပက္ခဖြစ်ပေါ်လာစေနိုင်သောကြောင့် အပြင်းအထန်ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) မှ စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိပြည်တွင်းစစ်ရေးတင်းမာမှုများနှင့် ထိတွေ့တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သားများသည် ချင်းပြည်အတွင်း ဒေသအသီးသီးရှိ ခရစ်ယာန်ဘုရားရှိခိုုးကျောင်းများတွင် တပ်စွဲခြင်း၊ ဘုရားရှိခိုးကျောင်းများအတွင်း အရက်သေစာသောက်စားခြင်း၊ သန့်ရှင်းသော သမ္မာကျမ်းစာများနှင့် ဓမ္မသီချင်းစာအုပ်များ ဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဘုရားရှိခိုးကျောင်း အဆောက်အဦးများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲများတွင် အလွန်အကျွံ လက်နက်ကြီးများအသုံးပြုခြင်းဖြင့် မြို့ရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ကျွမ်းခြင်း စသည့် ရိုင်းစိုင်း သောပြုမူဆောင်ခြင်းများသည် မိမိတို့ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကားပြီး ထိုဘာသာတရားကို သက်ဝင်ယုံကြည်သူလူမျိုးများကိုလည်း မထီမဲ့မြင်ပြုရာရောက်သည် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာလောဟာလိန်းက “ ဘုရားကျောင်းတွေ ကို ကြိုက်သလိုပစ်ခတ် ဖျက်ဆီး၊ ဘာသာရေးအထွဋ်မြတ်တွေဖြစ်တဲ့ ကျမ်းစာအုပ်တွေ၊ သီချင်းစာအုပ်တွေဖျက်ဆီးတာ တွေလုပ်ပေါင်းကများလှပြီ မင်းတပ်မှာလည်း Grace Baptist Church မှာလည်းဖြစ်ခဲ့ပြီးပြီ၊ ဖလမ်းမြို့နယ်က တာလ် နှစ်ခြင်းအသင်းတော်မှာလည်းဖြစ်ခဲ့ပြီးပြီ၊ နောက်ထန်တလန်မှာလည်း ဂျွန်ဆင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာလည်း ပဲပစ်ခတ်ဖျက်ဆီးတာရှိခဲ့ပြီးပြီ၊ ဒါတွေက လုံးဝမဖြစ်ရမယ့်ကိစ္စဖြစ်တယ်၊ နိုင်ငံရေးပဋိပက္ခဖြစ်တဲ့အခါမှာ နိုင်ငံရေးပဋိပက္ခက နိုင်ငံရေးပဋိပက္ခပေါ့ ဒါပေမယ့် ဒီဟာတွေကို ဆက်ပြီးတော့ မိုက်မိုက်ရိုင်းရိုင်း လူမိုက်ဆန်ဆန်ဆက်ပြီးတော့ဖြစ်နေမယ်ဆို ရင်တော့ နိုင်ငံရေးပဋိပက္ခသာ မကဘဲနဲ့ လူမျိူးရေး၊ ဘာသာရေးပဋိပက္ခအသွင်သဏ္ဍာန်တွေရှိလာနိုင်တဲ့အတွက်ကြောင့် ဒါတွေကိုကျနော်တို့က ပြင်းပြင်း ထန်ထန်ရှုတ်ချတဲ့သဘောဖြစ်ပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လက်နက်အလွန်အကျွံအသုံးပြုပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များမီးလောင်းကျွမ်းသဖြင့် မီးလောင်နေသောလူနေအိမ်များအား မီးငြိမ်းသတ်ရန်ပြင်ဆင်ကြသော နှစ်ခြင်းခရစ်ယာန်လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတစ်ပါး ပါစတာ ကျူံးဗျက်ဟုမ်း ကွယ်လွန်ခဲ့ပြီး ပါစတာ၏ နာရီ၊ ဖုန်းနှင့် မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍ လုယူ သွားကြောင်း တုန်လှုပ်ခြောက်ခြား နာကြည်းဖွယ်ရာတွေ့ရှိခဲ့သည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပဋိပက္ခများကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုများ၊ ဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိရာ ယင်းကိစ္စကို မှန်ကန်သော နိုင်ငံရေးနည်းလမ်းဖြင့် တရားမျှတစွာ အဖြေရှာလျက် စည်းလုံးညီညွတ်၍ ငြိမ်းချမ်းသော ပြည်ထောင်စုကို သာ တည်ဆောက်စေလိုသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.