Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ်မှာ ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ်မှာ ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

0
By Editor on March 30, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွါဖိုး (Khuafo) ကျေးရွာထဲကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့မှ ၃ မိုင်ခန့်ကွာဝေးသော ခွါဖိုးကျေးရွာတွင် ယမန်နေ့ မနက်ပိုင်း ၁၀ နာရီခန့်မှာ မြေပြင်တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိပဲ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်အပါအဝင် Mi35 ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက “စစ်ကောင်စီရဲ့ဗုံးကြဲလေယာဉ်နဲ့ Mi35 က ဗုံးကြဲတယ် တိုက်ခိုက်တယ် ဗုံးအရေအတွက်က ၉ ကြိမ်လောက်ကြဲချတယ် ခုတလော အဲဒီတဝိုက်မှာ မြေပြင်တိုက်ပွဲတွေဘာမှမရှိဘူး အဲဒီချိန်မှာစစ်ကောင်စီက လာပြီးတော့ ဗုံးကြဲတိုက်ခိုက်မှု လာလုပ်တာပါ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူထဲမှာ အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ်ကလေးငယ် ၂ ဦးနှင့် အမျိူးသမီး ၅ ဦးလည်း ပါဝင်သည်ဟု သိရသည်။

ဒဏ်ရာရရှိသူများထဲတွင်လည်း ၉ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီအနေဖြင့် သူလုပ်နေကြ အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီကပြောသည်။

“ရွာထဲမှာ မီးရှိုမှုတွေ တိုက်ခိုက်မှုတွေလုပ်ပြီးဆိုရင် သူတို့အကြောင်းပြလေ့ရှိတာက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်တွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျေးရွာတွေ စစ်ဘေးရှောင်စခန်းတွေကို မဲပြီးတော့ လုပ်တာ ဖြစ်တယ်၊ အဲဒီရွာငယ်လေးက ကျနော်တို့ချင်းအမျိုးသားတပ်မတော်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှရှိပါဘူး၊ ထန်တလ န်မြို့အောက်မှာရှိတဲ့ စစ်ရေးအရခြေကုပ်ယူလို့မကောင်းတဲ့နေရာဖြစ်ပါတယ်၊ အဲဒါကို ဒီလိုလုပ်လာတယ်ဆိုတော့ အရပ်သားပြည်သူကို တမင်သက်သက်ဦးတည်ပြီးတော့ တိုက်ခိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့ကကျရောက်သော ၇၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG, PDF များကို ကူညီပံ့ပိုးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်လာခြင်းလည်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် မြေပြင်ထိုးစစ်ထက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂ လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော် ပြုလုပ်ခဲ့သည်။

Photo Credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.