Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဟု ICNCC ပြော

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဟု ICNCC ပြော

0
By Editor on October 25, 2022 Khonumthung

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ပြောဆိုလိုက်သည်။

ယမန်နေ့ အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခန့်က ဖားကန့်မြို့နယ် KIO/KIA တပ်မဟာ ၉ နယ်မြေရှိ အနန်ပါတွင် KIO/KIA ဖွဲ့စည်းတည်တောင်ခြင်း အထိမ်းအမှတ်နေ့ အကြိုဂီတပွဲကျင်းပပြုလုပ်နေကြစဉ် စစ်ကောင်စီမှ တိုက်လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဗုံကြဲတိုက်ခိုက်မှုကြောင့် ကချင်းတိုင်းရင်းသား အနုပညာရှင်များ၊ လုပ်ငန်းရှင်များနင့် ပြည်သူများ အနည်းဆုံး ယောက် ၅၀ ခန့် သေဆုံးခဲ့ပြီး၊ အရေအတွက်ဆယ်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းများတွင် ရေးသားဖော်ပြချက်နင့် KIO/KIA ပြောရေးဆိုခွင့်ရှိသူ၏ ပြောပြချက်များမှ ကြားသိရသဖြင့် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဆိုသည်။

“ယခုလို ပြုမှုခြင်းသည် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူလူထုများအား အမြစ်ပြတ်ချေမှုန်းရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချသည်” ဟု ICNCC ၏ ထုတ်ပြန်ချက် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရက်စက်ယုတ်မာသောလုပ်ရပ်ကြောင့် အသက်သေဆုံးခဲ့ကြရသူများ၏ ကျန်ရစ်သူမိသားစုများအပါဝင် ကချင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ထပ်တူရပ်တည်လျှက်ရှိနေကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.