Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့

0
By Editor on April 7, 2023 Khonumthung

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကစ၍ ဧပြီလ ၃ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ကြားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ အိမ်ခန့် မီးလောင်းခဲ့သည့်အပြင် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-KKG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျပြီးတော့ လုံးဝလောင်သွားတာက ၆ အိမ်လောက်၊ လက်နက်ကြီးကျပြီးတော့ တပိုင်းတစပျက်စီးတဲ့ နေအိမ်က ၁၀ အိမ်ထက်မနည်းရှိတယ်။ လေကြောင်းပစ်ကူနဲ့ ကလေးမြို့ကနေ လက်နက်ကြီး၊ လက်နက်ငယ် ထိတဲ့ဟာတွေဖြစ်ပါတယ်” ဟု CDF-KKG တပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။

ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၈၀၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။

ဒေသခံပြည်သူများအားလုံးသည် ကလေးမြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။

ယနေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်သည့်အချိန်တွင် ပျဉ်းတောဦးကျေးရွာတွင် အမည်မသိအရပ်သား ၂ ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.