Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

0
By Editor on May 29, 2023 Headline

(03PT)

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်း သေဆုံးပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး ၁၄၇ ခုကျော် ပျက်စီးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခုခံတော်လှန်စစ်အားကောင်းသော ချင်းပြည်နယ်တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီး မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများအကြီးအကျယ်ဆောင်ရွက်ခဲ့သော်လည်း အထိနာအင်အားချိနဲ့လာသည့်အပြင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များပိုမိုအားကောင်းလာသောကြောင့် လေကြောင်းစစ်ကူများကို တွင်ကျယ်စွာအသုံးပြုလာခဲ့ သည်ဟု ICA က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းအမျိုးသားများနေထိုင်ရာ (ချင်းပြည်နယ်နှင့် ကလေးခရိုင်) အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယင်းလေကြောင်းတိုက်ခိုက်မှု၏ ၇၁.၄၂ ရာခိုင်နှုန်း သည် ၂၀၂၃ ခုနှစ် ပထမလေးလပတ် (ဇန်နဝါရီလမှ ဧပြီလ) အတွင်းဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၀.၇၇ ရာခိုင်နှုန်း နှင့် ၂၀၂၁ ခုနှစ်တွင် ၇.၇၉ ရာခိုင်နှုန်းသာရှိခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ်ကပြောသည်။

၂၀၂၁ ခုနှစ် မေလ ၁၄ နှင့် ၁၅ ရက်နေ့တွင် မင်းတပ်မြို့အတွင်း နှင့် ထန်တလန်မြို့နယ်ရှိ လုံလဲရ် ကျေးရွာကို ရဟတ်ယာဉ်အပါဝင် တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၄ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ် စသည့်ဒေသတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ဖော်ဆောင်ခဲ့ရာမှာ ဗုံး ၂၅ လုံးထက်မနည်း ကြဲချခဲ့ပြီး အပစ်မဲ့ပြည်သူ ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၈ လုံးအပါဝင် ခရစ်ယာန်ဘုရားကျောင်း ၁ လုံး နှင့် စာသင်ကျောင်း ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ICA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင်မြေပြင်ထိုးစစ်ပိုင်းမှာ အထိနာအင်အားချိနဲ့လာသည့်အတွက်ကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၃၀ အထိ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ်တွင် ၁၃ ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဗုံး ၃၈ လုံးကြဲချခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိကာ လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်ဟု ဆိုသည်။

မတူပီမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ရှိခဲ့ပြီး ဗုံး ၆ လုံးကြဲချခံရခြင်းကြောင့် စာသင်ကျောင်း ၁ကျောင်း ပျက်စီးယိုယွင်းခဲ့ရပြီး ဟားခါးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်တွင် ဗုံး ၂၉ လုံးကြဲချကာ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၁၇ လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု သိရသည်။

ထန်တလန်မြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိခဲ့ပြီး ဗုံး ၂၇ လုံး ကြဲချခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူနှင့် ခုခံတော်လှန်ရေးအဖွဲ့ဝင် ၂၁ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရကာ လူနေအိမ် ၄၆ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်းထက်မနည်း ပျက်စီးခဲ့သည်ဟုဆိုသည်။

ဖလမ်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ကာ ဗုံး အလုံး၂၀ ကြဲချခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရကာ လူနေအိမ် ၁၀လုံးထက်မနည်း ပျက်စီးခဲ့ရသည်။

တီးတိန်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ ဗုံး ၃ လုံးကြဲချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သည်။

ချင်းအမျိုးသားများနေထိုင်သော ကလေးမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ကာ ဗုံး ၂၁ လုံး ကြဲချခဲ့ရုံသာမက ရဟတ်ယာဉ်အသုံးပြုကာ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရကာ လူနေအိမ် ၁၇ လုံးထက်မနည်းနှင့် ခရစ်ယာန်ဘုရား ကျောင်း ၂ ကျောင်း ပျက်ဆီးခဲ့ရသည်ဟု ICA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ၂ နှစ်အတွင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလ ၃၀ အထိ) စစ်ကောင်စီတပ်ဖွဲ့ကြောင့် ချင်းအမျိုးသား ၄၄၀ ထက်မနည်း သေဆုံးခဲ့ပြီဟု သိရပြီး ယင်းအနက် လေကြောင်း တိုက်ခိုက်မှုကြာင့် ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူမှာ ၄၁ ဦးထက်မနည်းရှိသည်ဟု ICA ကဆိုသည်။

ထို့အပြင် လူနေအိမ်နှင့် အဆောက်အဦးများစွာပျက်ဆီးသည့်အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄၇ ထက်မနည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ချင်းအမျိုးသားများအပေါ် လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ရာ၌ ချင်းအမျိုးသား သေဆုံးသူ ၆၄ ဦးထက်မနည်းရှိသည့်အနက် ၁၀ ဦး (၁၅ ရာခိုင်နှုန်း) သာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ဖြစ်ပြီး ကျန် ၅၄ ဦး (၈၅ရာခိုင်နှုန်း) သည် အပြစ်မဲ့သာမန်အရပ်သားပြည်သူများဖြစ်ကြသည်ဟုသိရသည်။

ဤသည်မှာ စစ်ကောင်စီသည် “အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ” ၏ အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားခြင်း၊ အရပ်ဘက်အဆောက်အဦးများနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအကြား ခွဲခြားခြင်းစသည့် စည်းမျဉ်းစည်းကမ်းများကို သွေဖီကာ ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးတိုက်ခိုက်နေသည်ကိုတွေ့ရသည်ဟု ICA က ထောက်ပြသည်။

စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၇၀၀ နီးပါးဖြစ်ပွားခဲ့သည့် အနက် ၇၇ ကြိမ်ထက်မနည်းကို စစ်ကောင်စီတပ်က လေကြောင်းစစ်ကူများဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ နေရာအနှံ့မှ ခုခံတိုက်ခိုက်မှုအသီးသီးဖြစ်ပွားခဲ့ရာမှာ ချင်းပြည်နယ်သည်တိုက်ပွဲဖြစ်ပွားမှု တတိယအများဆုံးဒေသဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.