Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မှာ ၂ နှစ်အတွင်း ဒေသခံ ၂၀ ကျော်သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရဟု CHRO ထုတ်ပြန်

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မှာ ၂ နှစ်အတွင်း ဒေသခံ ၂၀ ကျော်သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရဟု CHRO ထုတ်ပြန်

0
By Editor on August 9, 2024 Headline

(006SV)

ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ၂ နှစ်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂၀ ကျော်သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

၂၀၂၂ ဇူလိုင်လမှ ၂၀၂၄ ဇူလိုင်လအထိ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၈ ကြိမ် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂၂ ဦးသေဆုံးပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ ၁ ရုံး၊ စာသင်ကျောင်း ၇ ကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်းအပါအဝင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၁၃၇ လုံး ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများအရ ကာကွယ်စောင့်ရှောက်ရမည့် ယင်းကဲ့သို့ အရပ်သား အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်သော သက်သေအထောက်အထားများ ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံများအပါအဝင် ပြင်းထန် သော ဗုံးအမျိုးအစားများဖြင့် မကြာခဏ တိုက်ခိုက်ပြီး ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ကျူးလွန်းခံရသော မြို့နယ်ဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။

၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလ ၂ ရက်အတွင်း မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်နှင့် လက်နက်ကြီး ပစ်ခတ်မှု ၂ကြိမ် ပြုလုပ်ခဲ့ရာ ရဲဘော် ၂ ဦး၊ အရပ်သား ၂ ဦး သေဆုံးပြီး ၃၁ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF – မင်းတပ်က မေလက သတင်းထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.