Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂ ဦး၏နေအိမ်ကို CDF – Tonzang ချိတ်ပိတ်

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂ ဦး၏နေအိမ်ကို CDF – Tonzang ချိတ်ပိတ်

0
By Editor on October 28, 2025 Khonumthung

(004SS)

အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂ ဦး၏ နေအိမ်ကို CDF-Tonzang တပ်ဖွဲ့က အောက် တိုဘာလ ၂၅ ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်ဟု ဒေသခံများထံမှသိရသည်။

နေအိမ်ချိတ်ပိတ်ခံရသူ နှစ်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း Pu Cin Tung Mang နှင့် ဇိုမီးအမျိုးသား ပါတီကိုယ်စားလှယ်လောင်း Pa Nang Khan Zam တို့ ဖြစ်ကြောင်း သိရသည်။

တွန်ဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီးတော့ တွန်ဇံ CDF က Pu Cin Tung Mang နဲ့ Pa Nang Khan Zam တို့ နေအိမ် ၂ လုံးကို ချိတ်ပိတ်ထားပါတယ်။ သူတို့ချိတ်ပိတ်ရတဲ့ အကြောင်းအရင်း ကတော့ အရင်ကတည်းက သူတို့ဟာ စစ်ကော်မရှင်တွေနဲ့ ပူးပေါင်းတယ်ပေါ့နော်။ အဲဒါတင်မကဘူး အခု ရွေးကောက်ပွဲ မှာပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတာပေါ့နော်” ဟုပြောသည်။

Pu Cin Tung Mang သည် ချင်းပြည်နယ်အမျိုသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ Pa Nang Kan Zam သည်လည်း ချင်းပြည်နယ်အမျိုသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ဇိုမီးအမျိုးသားပါတီကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။

Pu Cin Tung Mang နှင့် Pa Nang Khan Zam တို့သည် ကလေးမြို့သို့ပြောင်းရွှေ့နေထိုင်ကြပြီးဖြစ်သော်လည်း တွန်းဇံ မြို့ပေါ်ရှိ ၎င်းတို့ပိုင်ဆိုင်ထားသော နေအိမ်ကို CDF-Tonzang က ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။

Pu Cin Tung Mang သည် ယခင် ၂၀၂၃ ခုနှစ်ကလည်း စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသည့်အတွက် CDF-Tonzang က ဖမ်းဆီးခဲ့ပြီး တစ်နှစ်ခန့် ထိန်းသိမ်းခံပြီးနောက် သနားသက်ညှာသောအားဖြင့် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ယခုတွင်မူ စစ်ကော်မရှင်တပ်နှင့် ထပ်မံပူးပေါင်းခြင်းဖြစ်သည်ဟုသိရသည်။

“အခုလိုချိတ်ပိတ်တာနဲ့ ပါတ်သက်လို့ ကျွန်တော့်အမြင် ပြောရရင် ဖြစ်သင့်တယ်လို့မြင်တယ် သဘောတူတယ်။ ဘာဖြစ်လို့ လဲဆိုတော့ စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်အတွင်းမှာ ပြည်သူတွေက အမျိုးမျိုးဒုက္ခကြုံနေကြရတယ်။ လူငယ်တွေ အပြစ်မရှိတဲ့ ကလေးတွေ အသက်ပေးဆပ်ရတယ်။ ကိုယ်လက်ခန္ဒာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးကြရတယ်။ ကိုယ့်အိမ် ကိုယ့်ယာတွေ ဆုံးရှုံးရတယ်။ အာဏာရှင်ကြောင့် ပြည်သူတွေ ဒီလောက်ထိ နစ်နာဆုံးရှုံးနေရတဲ့ကြားထဲ သူတို့က မိမိကိုယ်ကျိုး၊ ငွေကြေး သိက္ခာအတွက် အချိန်တိုအတွင်းမှာ ပြည်သူတွေရဲ့ပေးဆပ်မှုကို လှဲလိုက်တဲ့အတွက် အခုလို ချိတ်ပိတ်တာကို ကျွန်တော့အနေနဲ့ ထောက်ခံတယ်ဗျာ”ဟု တွန်းဇံမြို့ခံတစ်ဦးကပြောသည်။

တွန်းဇန်မြို့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Tonzang က ထိန်းချုပ်ထားသည့်ဒေသဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလတုန်းက ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.