Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ပြည်သူ့သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ချင်းလဲန်းကောင်စီ ကြေညာ

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ပြည်သူ့သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ချင်းလဲန်းကောင်စီ ကြေညာ

0
By Editor on September 1, 2025 Headline

မူးယစ်းဆေးဝါးကိုလည်း အမျိုးသားခြိမ်းခြောက်မှု အန္တရာယ်အဖြစ် ချင်းလဲန်းကောင်စီသတ်မှတ်

(006SV)

အာဏာသိမ်းစစ်ကော်မရှင်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက် သူများကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူမှု ပြုလုပ်သွားမည်ဟု ချင်းလဲန်းကောင်စီက ကြေညာသည်။

ချင်းတော်လှန်ရေး အင်အားစုများက အကြမ်းဖက်အဖြစ် သတ်မှတ်ထားသော စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်သည်ဟု ချင်းပြည်ကောင်စီ၏ ပထမသက်တမ်း၊ ပဥ္စမအကြိမ်ကောင်စီအစည်းအဝေးအပြီး ဩဂုတ်လ ၃၀ ရက်မှာ ထုတ်ပြန်သည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်တဲ့ လူတွေက မြန်မာလူထုကို၊ အထူးသဖြင့် ချင်းတွေဆိုရင် ချင်းလူထုကို သစ္စာဖောက်တဲ့ ဇာတ်ကောင်အဖြစ် သတ်မှတ်မှာ။ သူ အသက်ရှင်နေသမျှ ကာလပတ်လုံးလည်း အဲဒီသမိုင်းက ပျောက်မှာ မဟုတ်တဲ့အတွက် သူတို့ကို လူမှုရေးအရဖြစ်စ၊ နိုင်ငံရေးအရဖြစ်စေ အပယ်ခံအဆင့်ထိ သတ်မှတ်ရမှာပါ။ ဖမ်းဆီးခံရမှုတွေလည်း သူတို့ ခံရနိုင်ပါတယ်။ ဒါက ကျနော်တို့ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ အဲဒီကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့က ပစ်မှတ်ထားမှာဖြစ်တယ်။ အကြောင်းက ပြည်သူ့ တော်လှန်ရေးဆိုတာ သိရဲ့သားနဲ့ တော်လှန်ရေးကို မှေးမိန်သွားအောင် လုပ်ပြီး သူ့ရဲ့ အခွင့်အရေးတစ်ခုထဲကို ဦးတည်ပြီးတော့မှ အဲလို ပြည်သူတွေကို ၊ တော်လှန်ရေးရဲဘော်တွေကို အဲလို လုပ်တာက သစ္စာ ဖောက်တာပဲ လို့ မြင်တယ်။ ပြင်းထန်စွာ အရေးယူမယ်ဆိုတာက တကယ်အရေးယူမှာဖြစ်တယ်။ အင်အားသုံးချင်သုံးမယ်” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ Salai Bawi kung က ပြောသည်။

ချင်းပြည်နယ်၊ မြို့နယ်နှင့်ဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များကလည်း ရွေးကောက်ပွဲလှုပ်ရှားမှု အားလုံးကို စောင့်ကြည့်နေမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်စေ၊ မဲပေး၍ ရအောင်စီစဉ်ပေးသော မဲရုံတာဝန်ရှိသူ ဖြစ်စေ၊ မဲပေးသူဖြစ်စေ ဟန့်တား အရေးယူသွားမည်ဟု သိရသည်။

ချင်းလဲန်းကောင်စီက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြေညာထားပြီဖြစ်၍ ချင်းလူမျိုးအားလုံးအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်ခြင်း လုံးဝ မပြုလုပ်ရန် မေတ္တာရပ်ခံလိုကြောင်း၊ ယင်းသို့ မေတ္တာရပ်ခံသော်လည်း စစ်ကော်မရှင်နှင့် ရွေးကောက်ပွဲကို အားပေးအားမြှောက်ပြုလုပ်ပါက အရေးယူမှု ပြင်းပြင်းထန်ထန်ပြုလုပ်မည်ဟု သိရသည်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ၊ ဇိုမီးအမျိုးသားပါတီ (ZNP) နှင့် ခူမီးအမျိုးသားပါတီ စသည့် ချင်းပါတီတချို့ သည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည့် ပါတီ ၉ ခုသည် ချင်းအပါအဝင် တနိုင်ငံလုံးတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်၊

ချင်းလဲန်းကောင်စီ၏ လက်ရှိအစည်းအဝေးတွင်လည်း ချင်းပြည်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ စိုက်ပျိုးခြင်းများကို အမျိုးသားခြိမ်းခြောက်မှု အန္တရာယ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။

ချင်းပြည်ကောင်စီ၏ မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ် တိုက်ဖျက်ရေး မူဝါဒနှင့်အညီ တားဆီးကာကွယ် တိုက်ဖျက်သွားမည်ဟု သိရသည်။

“ဒီသဘောထားကို ဘာကြောင့် ထုတ်ပြန်ရသလဲဆိုရင် ကျနော်တို့ စိုးရိမ်းတယ်။ ချင်းလဲန်းကောင်စီကနေ မူဝါဒချမှတ်ထားတယ်။ မူယစ်းဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးတွေကို တားဆီးနှိမ်နှင်းဖို့ မူဝါဒ ရှိတယ်။ အဲဒီမူဝါဒအပေါ်မှာ အခြေခံပြီး အဲဒီကြေညာချက် ထွက်လာတာဖြစ်တယ်။ အရေးယူဆောင်ရွက်မှုကိုလည်း ဒီထက်မက တင်းကြပ်စွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ရင် ကျနော်တို့ တော်လှန်ရေးဟာ ရှည်ကြာလာတဲ့အခါမှာ ပြည်သူ့တော်လှန်ရေး လမ်းကြောင်းကနေ သွေဖယ်ပြီးတော့မှ အရင်တုန်းက စစ်တပ်အခေါ်ပေါ့ သူပုန်တွေဆိုတာမျိုး မဟုတ်ပဲ။ ကျနော်တို့က ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ရှိနေတဲ့အတွက် အစိုးရတစ်ရပ်က အဲလိုမျိုး လက်နက်ကိုင် ပုံစံနဲ့ မရပ်တည်ချင်တော့ဘူး။ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်တဲ့အတွက် ချင်းလဲန်းကောင်စီအောက်မှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်းပဲ အရင်တုန်းက လက်နက်ကိုင်အဖွဲ့လို မဟုတ်ပဲ၊ ကျနော်တို့ရဲ့ တပ်မတော် ၊ ကာကွယ်‌ရေးတပ်တွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာ ငွေရှိတာ၊ မရှိတာထက် ငွေဖြူနဲ့ပဲ ကျနော်တို့ အစိုးရအဖွဲ့ဟာ သွားမှာဖြစ်တယ်။ ကောင်စီကလည်း အဲလိုသွားမယ်။ ကျနော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးဟာလည်း ငွေဖြူနဲ့ပဲ သွားမှာဖြစ်တဲ့အတွက် အဲဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ပေါ်လစီချမှတ်ပြီး ကြေညာခြင်းဖြစ်တယ်” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ Salai Bawi kung က ပြောသည်။

ချင်းလဲန်းကောင်စီအနေဖြင့် ချင်းပြည်အတွင်းက အချင်းချင်းကြား အမုန်းတရားများ၊ စိတ်ဝမ်းကွဲပြားမှုများ၊ တိုက်ခိုက်မှုများ အဆုံးသတ်စေရေးနှင့် အမြန်ဆုံး ပြန်လည် သင့်မြတ်ပေါင်းစည်းနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် ချင်းအမျိုးသား ဖြစ်တည်မှု စံတန်ဖိုးများကို အလေးထားစွဲကိုင်ပြီး ဘာသာရေး ခေါင်းဆောင်များ နှင့် ဩဇာတိက္ကမ ရှိ ပုဂ္ဂိုလ်များ ပါဝင်စေလျက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချင်းလဲန်းကောင်စီထံမှ သိရသည်။

“အခုက တော်လှန်ရေးတစ်ရပ် ပေါ်လာတဲ့အချိန်မှာ ကျနော်တို့ ထင်သလို မဟုတ်ပဲနဲ့ ကွဲပြားလာတယ်။ အကြောင်းရင်းက ကျနော်အပါအဝင် ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့်ပါ။ ကျနော်တို့ရဲ့ သာမန်ရဲဘော်တွေကြောင့် မဟုတ်ပါဘူး။ ကွဲပြားပြီဆိုတော့ အချင်းချင်းပစ်ခတ်မှုတွေ ရှိလာတယ်။ အဲလိုဖြစ်ရင် ငြိမ်းချမ်းရေး လုပ်ပေးတဲ့ လူရှိတယ်။ မီဇိုရမ်ဘက်နဲ့ ပြည်တွင်းက လုပ်ပေးတာလည်း ရှိတယ်။ ငြိမ်းချမ်းရေးက တစ်ဖွဲထဲပဲ လုပ်ပေးရမယ်လို့ ကန့်သတ်လို့ မရဘူး။ ဒါကြောင့် မီဇိုရမ်မှာ လုပ်ပေးတာကိုလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းရေး လိုချင်လို့ပါ။ ဒါထက်မက ဘာသာရေးခေါင်း ဆောင်ပဲဖြစ်ဖြစ်၊ ဩဇာတိက္ကမကြီးတဲ့ လူဖြစ်ဖြစ် ၊ ပြည်သူတွေက ကမကထ ပြုပြီး ခိုင်းထားတဲ့ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမယ်။ပိုမိုကောင်းမွန်တာက တကယ့်ဩဇာရှိတဲ့ ကျနော်တို့ နှစ်ဖက်စလုံးကို ဩဇာညောင်းနိုင်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက စုစည်းပြီးတော့မှ လုပ်ပေးနိုင်မှ အဆင်ပြေနိုင်မှာ၊၊ ငြိမ်းချမ်းရေးက အရေးကြီးလို့ ကျနော်တို့က ပိုကျယ်ပြန့်တဲ့ အခင်းအကျင်းကို လက်ခံသွားမယ်” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ Salai Bawi kung က ပြောသည်။

ချင်းပြည်သူများ၏ မွေးရာပါ အခွင့်အရေးဖြစ်သော ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ လူသားချင်းစာ နာမှုများကို မဆုံးရှုံးစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချင်းလဲန်းကောင်စီက ဆိုသည်။

ဩဂုတ်လ ၁၁ ရက် ULA/AA ၏ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းကြောင်း ဖော်ပြချက်ကိုလည်း ချင်းလဲန်းကောင်စီအနေဖြင့် ကန့်ကွန်သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှာ ၂၉ ရက်အထိ ချင်းလုံမြို့တွင် ကျင်းပသော ချင်းပြည်ကောင်စီ ပထမသက်တမ်း၊ ပဥ္စမအကြိမ် ကောင်စီအစည်းဝေးမှာ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး အစုအဖွဲ့၊ မြို့နယ်/ ဒေသအစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်နှင့် လေ့လာသူများအပါအဝင် စုစုပေါင်း ၉၁ ဦး တက်ရောက်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.