Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်က တီးတိန်မြို့‌မှာ ၄ ရက်ဆက်တိုက် အင်အားဖြည့်တင်း၊ စစ်ကြောင်းသစ်ဖွင့်မှုကြောင့် ပြည်သူများ ခရီးသွားလာခြင်း သတိပြုရန် PDF-Zoland တိုက်တွန်း

စစ်ကော်မရှင်က တီးတိန်မြို့‌မှာ ၄ ရက်ဆက်တိုက် အင်အားဖြည့်တင်း၊ စစ်ကြောင်းသစ်ဖွင့်မှုကြောင့် ပြည်သူများ ခရီးသွားလာခြင်း သတိပြုရန် PDF-Zoland တိုက်တွန်း

0
By Editor on October 30, 2025 Headline

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ စစ်ကော်မရှင်က ရဟတ်ယာဉ်ဖြင့် လေးရက်ဆက်တိုက် စစ်အင်အားများ ဖြည့်တင်းခဲ့သည်ဟု PDF- Zoland ထံမှ သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ တီးတိန်မြို့ပေါ်ရှိ ခလရ (၂၆၉) တပ်ရင်းသို့ စစ်ဘက်သုံး ရဟတ်ယာဉ် စုစုပေါင်း ၂၆ ကြိမ်အထိ ဆင်းသက်ခဲ့ပြီး စစ်အင်အားအများအပြားပို့ဆောင်ခဲ့သည်ဟု သိရသည်။

ယမန်နေ့အောက်တိုဘာ ၂၉ တစ်ရက်တည်းတွင်ပင် ရဟတ်ယာဉ် ၉ ကြိမ်အထိ ဆင်းသက်ခဲ့ရာ တပ်သားအင်အား၊ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်နေ့တွင် တီးတိန်မြို့မှ တီးတိန်-ကလေးလမ်းမပေါ်ရှိ ဆဲဇန် (Sezang) ကျေးရွာဘက်သို့ စစ်မျက်နှာသစ် ဖွင့်လှစ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်းလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သော PDF-Zoland က အတည်ပြုထုတ်ပြန်သည်။

ထို့ကြောင့် ဒေသခံ ပြည်သူများနှင့် ခရီးသွားများအနေဖြင့် လုံခြုံရေးအရ အသက်အန္တရာယ် မကြုံစေရေး သတိရှိစွာ သွားလာကြရန်နှင့် ဖြစ်နိုင်ပါက ခရီးသွားလာခြင်း လုံးဝရှောင်ရှားရန် PDF-Zoland က အလေးအနက် တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကော်မရှင်တပ်က အင်အားရာချီဖြင့် ကလေးနှင့် တီးတိန်ကနေ နှစ်ဖက် ညှပ်ပြီး စစ်ကြောင်းထိုးလာသောကြောင့် မွာလ်ပီးကျေးရွာအနီးတွင် ယမန်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.