Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင်တပ်များ သိုင်းငင်းမှ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲများ ပြင်းထန်နေ

စစ်ကော်မရှင်တပ်များ သိုင်းငင်းမှ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲများ ပြင်းထန်နေ

0
By Editor on November 25, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ သိုင်းငင်းရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကော်မရှင် တပ်ဖွဲ့သည် သိုင်းငင်းမှ ဖလမ်းမြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု CDF – CDM Syin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်က သိုင်းငင်းအနီး တဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ပြီး နိုဝင်ဘာလ ၂၄ ရက်တွင် ဖလမ်းမြို့ဘက်ကို ဦးတည်၍ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

“သိုင်းငင်းအနီးမှာက တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပါ၊၊ သိုင်းငင်းကနေ ဖလမ်းသွားတဲ့ဘက်ကိုပဲ စစ်ကြောင်း ထိုးလာတာ ဖြစ် တယ်။ အခုက ကလေးမြို့ကနေလည်း လက်နက်ကြီးနဲ့ ထုပြီး ပစ်ကူပေးတယ်။ သူတို့က သိုင်းငင်းကနေ တစ်ဖြည်းဖြည်းနဲ့ ဖလမ်းဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာ ကျနော်တို့က မိုင်းဆွဲတာ၊ ကြားဖျက် တိုက်ခိုက်တာတွေ လုပ်တာပါ” ဟု CDF – CDM Syin ပြောရေးဆိုခွင့်ရှိသူက ဆလိုင်း ဒီကီက ပြောသည်။

ဖလမ်းမြို့ဘက်ကို ဦးတည်လာနေသော စစ်ကော်မရှင်စစ်ကြောင်းကို ချင်းလဲန်းအစိုးရတပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း ခုခံတိုက်ခိုက်နေရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်ဟု သိရသည်။

တီးတိန်မြို့မှ သိုင်းငင်းသို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုလာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် အထိအခိုက်အကျအဆုံးများစွာဖြင့် စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၉ ရက်တွင် သိုင်းငင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ ကလေးမှ သိုင်းငင်းသို့ တက်လာသော စစ်ကော်မရှင် စစ်ကြောင်းသည်လည်း သိုင်းငင်းသို့ နိုဝင်ဘာလ ဒုတိယပတ်ထဲ ရောက်လာပြီးနောက် သိုင်းငင်းအနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးများ ပြုလုပ်ရာ ချင်းပူး ပေါင်းတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်ဟု သိရသည်။

စစ်ကော်မရှင်၏ ကလေး – သိုင်းငင်းစစ်ကြောင်းနှင့် တီးတိန် – သိုင်းငင်းစစ်ကြောင်းတို့သည် လက်ရှိတွင် သိုင်းငင်းတွင် ပေါင်းစုံပြီးနောက် ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ကလေးတောင်ပိုင်းမှတဆင့် ဝေဘူလမြို့ကို သိမ်းပိုက်ပြီး ဝေဘူလမြို့မှ အင်အားရာချီရှိသော စစ်ကော်မရှင် စစ်ကြောင်းသည်လည်း လက်ရှိတွင် မဏိပူရမြစ်တလျှောက် ခြေကုတ်ယူ၍ ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာနေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ကလေး- သိုင်းငင်း -တီးတိန်း ကားလမ်းတစ်လျှောက်ရှိ တီးတိန်မြို့နယ်ထဲက မွှာလ်ပီး၊ တုန်းဆမ်း၊ ထီးဇန်၊ ဟိန်ဇန်၊ သိုင်းငင်း၊ ဆွလင်၊ ဘဲကန့်၊ အာလွယ် စသည့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံပြည်သူ ၂၀၀၀ မှ ၃၀၀၀ ကြားသည် အိုးအိမ်စွ့န်ခွာ စစ်ဘေးတိမ်းရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

ဖလမ်းမြို့သို့ စစ်ကော်မရှင်စစ်ကြောင်းထိုးမှုကြောင့် ဖလမ်းမြို့နယ်ထဲက ကလေးငယ် ၃၀၀၀ ကျော် အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လက်ရှိမှာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.