Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်တပ် အင်အားရာချီဖြင့် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာသည့် သိုင်းငင်းတွင် တိုက်ပွဲဖြစ်ပွားနေ

စစ်ကော်မရှင်တပ် အင်အားရာချီဖြင့် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာသည့် သိုင်းငင်းတွင် တိုက်ပွဲဖြစ်ပွားနေ

0
By Editor on October 29, 2025 Headline

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကော် မရှင်တပ်က အင်အားရာချီဖြင့် နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးလာသောကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ အင်အား ၂၀၀ ဝန်းကျင်နှင့် တီးတိန်မှ သိုင်းငယ်သို့ အင်အား ၂၀၀ ဝန်းကျင်တို့ဖြင့် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မွှာလ်ပီးဘက်တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လည် ၂ နာရီခွဲမှစတင်၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF CDM – စီးယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အခု က စစ်ကြောင်း နှစ်ကြောင်းနဲ့ သိုင်းငင်းကို ထိုးလာပါတယ်။ စစ်ကြောင်း ၁ ခုက မွာလ်ပီး မှသိုင်းငင်း၊ နောက်စစ်ကြောင်း တစ်ခုက တီးတိန် မှ သိုင်းငင်းပါ၊ မွာလ်ပီးဘက်မှ ထိတွေ့မှုတော့ ၂:၃၀ ဝန်းကျင်ကနေ စဖြစ်နေပါပြီ” ဟု CDF CDM – စီးယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းမထိုးမီ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် သိုင်းငင်းကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံတချို့ ပျက်စီးမှု ရှိသည်ဟု သိရသည်။

“နှစ်လုံးချတယ်၊၊ အရပ်သားပြည်သူ အမျိုးသမီးတဦး ထိထားပါတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” ဟု CDF CDM – စီယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်က CDF-CDM Siyin ထိန်းချုပ်ဒေသကို စစ်ကော်မရှင်တပ်ဖွဲ့များ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးလာသောကြောင့် ကလေး-တီးတိန်ကြား ဆိုင်ကယ်လမ်းများ အဆိုပါရက်မှစတင်၍ ခေတ္တပိတ် ထားလိုက်ကြောင်း CDF-CDM SIYIN က ကြေညာထားသည်။

ကလေးမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ သိုင်းငင်းရွာသည် ချင်းပြည်နယ်၊ တီးတိန်နှင့် ဖလမ်းသို့ သွားသော ကလေး-တီးတိန်- ဖလမ်း လမ်းဆုံတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့်နေရာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.