Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်တပ်အရာရှိအငြိမ်းစား၊ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းက ချင်းပြည်သစ်ကွန်ဂရက်ပါတီကို တည်ထောင်

စစ်တပ်အရာရှိအငြိမ်းစား၊ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းက ချင်းပြည်သစ်ကွန်ဂရက်ပါတီကို တည်ထောင်

0
By Editor on June 10, 2025 Headline

|| ချင်းပြည်သစ်ကွန်ဂရက်ပါတီခေါင်းဆောင် ဦးဘွာလ်ဆိုင်လိုဆိုတာ ဘယ်သူလဲ?

(006SV)

စစ်တပ်မှ အရာရှိအငြိမ်းစားဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဖလမ်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ USPD အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသော ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်မည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ပြုပြီးနောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလိုက်ပြီဟုသိရသည်။

ဇွန်လ ၉ ရက် နေ့စွဲဖြင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress – NCC) က ပါတီတည်ထောင်ခွင့် ပြုသည့် နေရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပြည်ထောင် ရွေးကောက်ပွဲကော်မတီက ယမန်နေ့ ဇွန်၉ ရက်က ကြေညာသည်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သည်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဦးဘွာလ်ဆိုင်လိုသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက ပါတီနိုင်ငံရေးလှုပ် ရှားမှု မရှိသော ဖလမ်းမြို့နယ်သား တပ်မတော်ဆေးတပ်ဖွဲ့က ဗိုလ်ကြီး (ငြိမ်း)ဖြစ်သည်ဟု ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက သိရသည်။

“သူက တပ်မတော်ဆေးတပ်ဗိုလ်ကြီး(ငြိမ်း) တဦးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖလမ်းမဲဆန္နနယ်ကနေ ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းအဖြစ်ပြိုင်ပြီး ရှုံးဖူးတယ်။ ကြံ့ဖွံ့ပါတီနဲ့ အမတ်လောင်းပြိုင်ဖူးတဲ့ ဗိုလ်ကြီးဘွာလ်ဆိုင်လိုက ပါတီခေါင်းဆောင် နာမည်မှာ ပါလာတော့ NCC ဟာ ချင်းနာမည်ခံ ကြံ့ခိုင်ရေးပါတီဝင်တွေ ဖွဲ့တဲ့ ပါတီလို့ အများက မြင်လာမှာတော့ သေချာတယ်။ မကောင်းဘူးပေါ့။ သူကတော့ လက်ရှိ နေပြည်တော်မှာ နေထိုင်ပါတယ်။ NCC ကပါတီထောင်ခွင့်ပဲ ရသေးတယ်။ မှတ်ပုံတင်မရသေးပါဘူး” ဟု ချင်းနိုင်ငံရေးသမားတဦးက မှတ်ချက်ပြုသည်။

ချင်းပြည်နယ်က ချင်းအရေးလှုပ်ရှားသူ နောက်တဦးကလည်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ – NCC အမည်ခံယူပြီး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USPD) က ချင်းပြည်၏ နိုင်ငံရေးမှာ ရှေ့ဆက်သွားနိုင်ရေး ဆောင်ရွက်မှု ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဘွာလ်ဆိုင်လို (Captain Bual Sai Lo) ဗိုလ်ကြီး (အငြိမ်းစား)သည် ၁၉၈၄ ခုနှစ်တွင် ဖလမ်းမြို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင်လည်း မန္တလေးအဝေးသင် တက္ကသိုလ်မှ စိတ်ပညာအထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် တပ်မတော်ပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လွန် ဥပဒေဒီပလိုမာဘွဲ့ ရရှိခဲ့ကြောင်း၊ ယင်းနှစ်မှာပင် အထက်တန်းရှေ့နေ လိုင်စင်ကိုလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာပင် အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ကို ထပ်မံ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ အမှတ် ၁၀ တပ်မတော်ဆေးရုံး (ကုတင် – ၁၀၀) ကလေးမြို့တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ဖူးသည်ဟု သိရသည်။

ကလေးမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် ကလေးဒေသနှင့် ချင်းပြည်နယ်မှ တိုင်းရင်းသားများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး “လင်းရောင်ခြည်” ရာထူးဝင် သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ရာ ၂၀၁၄ ခုနှစ် ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်သည်ဟု ၂၀၂၀ ခုနှစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်သည့် ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

ဖလမ်းမြို့နယ်၊ ဘိုးကျုံးရွာ ဇာတိဖြစ်သူ ဦးဘွာလ်ဆိုင်လိုသည် ယခုနှစ် ၂၀၂၅ ခုနှစ် ၈ လပိုင်းတွင် အသက် ၆၀ ပြည့်မည်ဖြစ်သည်။

တပ်မတော်မှ အငြိမ်းစား အရာရှိများ၊ တပ်ဖွဲ့ဝင်များသည် တပ်မတော်မှ ပေးအပ်သော လစဉ် ပင်စင်များ ရရှိသည်ဟု သိရသည်။

ဦးဘွာလ်ဆိုင်လိုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် အမှတ် ၄ မဲဆန္ဒနယ်၊ ဖလမ်းမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် “တောက်ပသော အနာဂါတ်ဆီသို့” ဟူသည့် ကြွေးကြော်သံနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်မှု ရည်ရွယ်ချက် ၈ ချက်ဖြင့် ဝင်အရွေးခံပြီး ရှုံးနိမ့်ခဲ့သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ယခုအချိန်အထိ နိုင်ငံရေးပါတီ ၁၇ ပါတီကို ပါတီတည်ထောင်ခွင့် ပြုထားပြီး နိုင်ငံရေးပါတီ ၁၄ ပါတီကို ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း၊ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိသည်ဟု ကြေညာထားသည်။

လာမည့် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပရန် လျာထားကြောင်း၊ ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလအတွင်း ခွဲ၍ ကျင်းပမည့် ရွေးကောက်ပွဲတွင် အရင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.