Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ချင်း၊ ရခိုင်၊ မကွေး တော်လှန်ရေးအင်အားစုများ ပူးပေါင်းခုခံတွန်းလှန်နေ

စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ချင်း၊ ရခိုင်၊ မကွေး တော်လှန်ရေးအင်အားစုများ ပူးပေါင်းခုခံတွန်းလှန်နေ

0
By Editor on June 29, 2026 Headline

(006SV)

အာဏာသိမ်းစစ်တပ်၏ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကို ချင်း၊ ရခိုင်၊ မကွေး တော်လှန်ရေးအင်အားစုများက ပူးပေါင်းခုခံတွန်လှန်နေကြောင်း သိရသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (CPU/ CPA) ၊ အာရက္ခတပ်တော် ULA/ AA နှင့် မကွေးဖက်ဒရယ် ယူနစ်တပ်များက ပူးပေါင်းပြီး မေလလယ်မှစတင်၍ အင်အားထောင်ချီဖြင့် တစ်လဝန်းကျင်အကြာအထိ ထိုးစစ်ဆင်လာနေသော စစ်တပ်ကို အောင်မြင်စွာ ခုခံဟန့်တားထားနိုင်သည်ဟု သိရသည်။

ချင်းတောင်ပိုင်းတွင် စစ်တပ်၏ လူလှိုင်းအင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းခုခံလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော် ULA/ AA ထံမှ သိရသည်။

“ချင်းပြည်၏ မင်းတပ်နှင့် ကန်ပက်လက်မြို့ အစပ်နေရာများနှင့် အာရက္ခတပ်တော် လှုပ်ရှားနေရာအနှံတွင် စစ်ကော်မရှင်တပ်၏ လူလှိုင်းအသုံးပြု ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်” ဟု ULA/ AA က ဇွန်လ ၂၇ ရက်က ထုတ်ပြန်သည်။

စစ်တပ်၏ ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်လာမှုများကို မကွေးဖက်ဒရယ်ယူနစ်တပ်များက ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့်လည်း ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များပြားသည့်အတွက် စစ်ကြောင်း ပြိုကွဲလုနီးပါး အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က “ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးကို ဦးတည်ချီတက်ကြတဲ့ ဒီတော်လှန်ရေးမှာ တောင်ပေါ် တောင်အောက်က ညီအစ်ကို ရဲဘော် ရဲဘက်တွေ တသားတည်းအတူ ၊ ဟန်ချက်ညီညီချီတက်ကြမယ်” ဟု သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

ချင်း- မကွေးအစပ် ယောဒေသရှိ ဆော၊ ကျောက်ထု၊ ထီးလင်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များသည် အပြန်အလှန် ကူညီမှုများဖြင့် မြေပြင်ထိတွေ့မှုများတွင် တော်လှန်ရေးတပ်ဖွဲ့များက အသာစီးရနေသည်ဟု မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်လက်ယာက ခေတ်သစ်သတင်းဌာနကို ဖြေကြားထားသည်။

CPU/CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကလည်း ” ဒါနဲ့ပတ်သက်ပြီးတော့ မကြာခင်မှာပဲ သတင်းထုတ်ပြန်ဖို့ရှိပါတယ်” ဟု ပြောသည်။

စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်၏ ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်မှုသည် စစ်ဦးကျိုးသွားသည့် အခြေအနေမျိုး တွေ့ရှိရပြီး စစ်ရေးအရှိန် မြင့်တင်နိုင်ရေးအတွက် ချင်းတောင်ပိုင်း မြို့များနှင့် ဒေသရှိ အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်၊ ဖျက်စီးလာသည်ကို တွေ့ရှိရသည်ဟု ပြောသည်။

“အခုလော‌လောဆယ် ချင်းတောင်ပိုင်းထိုးစစ်က ချင်းတော်လှန်ရေးတပ်တွေဘက်က rhythm မိတယ် ပြောရမယ်။ ဘာလို့ လဲဆိုတော့ မင်းတပ်၊ ကန်ပက်လက်မှာလည်း အာရက္ခတပ်အပါအဝင် ခံစစ်ပြင်ပေးတဲ့ အနေအထားမျိုးပဲ။ အာရက္ခတပ်ပါတဲ့ စစ်မျက်နှာစာတိုင်းမှာတော့ စစ်တပ်က စစ်ဦးကျိုးပါတယ်။ အခုဆိုရင် ချင်းပြည်တောင်ပိုင်းမှာ တိုက်ပွဲက တစ်လကျော် လာပြီးပေါ့နော်။ စစ်တပ်ရဲ့ တိုက်စစ်က ဦးကျိုးသွားတယ်လို့ပဲ ပြောရမယ်။ ဦးကျိုးသွားတော့ မင်းတပ်၊ ကန်ပက်လက်ကို လေကြောင်းကနေပဲ ရအောင် အမှုန့်ချေမယ့် ပုံစံမျိုး ရှိတယ်။ အဓိကက စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နောက်ဘက်က အရပ်ဘက် ပစ်မှတ်တွေကိုပဲ တိုက်ခိုက်လာမယ့် အနေအထားမျိုး ရှိတယ်။ စစ်တပ်က ထိုးတော့ ထိုးတယ်။ ပြန်လန်ကျတဲ့ အနေအထား မျိုးပေါ့။ ဒါပေမယ့် မြို့အနီးအနားကိုတော့ ရောက်နေပြီ။ မြို့ထဲကို ဝင်နိုင်တဲ့ အနေအထား မရှိဘူး။ မြို့ထဲကို ဝင်မယ် လုပ်တာနဲ့ တော်လှန်ရေးတပ်တွေဘက်က ပြန်တိုက်စစ်ဆင်တဲ့ အနေအထားမျိုး ရှိတယ်။ အဓိကကလည်း ယောဒေသမှာ ပါတဲ့ မကွေးဘက်က အဖွဲ့တွေကလည်း စစ်တပ်ရဲ့ နောက်ပိုင်းလမ်းကြောင်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဆိုတော့ သူတို့ရဲ့ စစ်မျက်နှာက ချင်းတောင်ဘက်မှာ အပြည့်အဝ တိုက်စစ်ဆင်လို့ မရတဲ့ ပုံစံမျိုးလည်း တွေ့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

မကွေး၊ ယောဒေသမှတဆင့် မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြုပြီး စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးလာနေရာ ချင်းပူးပေါင်းတပ်များနှင့် တစ်လဝန်းကျင်အကြာ ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

စစ်တပ်၏ လေကြောင်တိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်များသာမက မြို့ရွာများ၊ နေအိမ်များ၊ ဘုရားကျောင်းများနှင့် အခြားသော အရပ်ဘက်အဆောက်အဦးများကိုလည်း ခွဲခြားမှု မရှိဘဲ ဗုံးကြဲနေပြီး နေအိမ်အပါဝင် အခြေခံအဆောက်အဦးအများအပြားသည် ထိခိုက်ပျက်စီးမှု ကြီးမားကြောင်း ဒေသခံတွင်း သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့ရွာများ နှင် ယောဒေသတောင်ပိုင်းရှိ ဆောနှင့် ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံပြည်သူများသည် စစ်ဘေးတိမ်းရှောင်ရမှု တစ်လကျော် ရှိလာနေပြီး၊ စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရသည့်အတွက် ကလေးငယ်၊ သက်ကြီးရွယ်အို အပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.