(006SV)
အာဏာသိမ်းစစ်တပ်က အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး ၂ ခုကို ထပ်မံခန့်အပ်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ကြေညာသည်။
ဩဂုတ်လ ၇ ရက်က ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စီးပွားရေးရာ ဝန်ကြီးအဖြစ် ဒေါက်တာ လျန်ဇခုပ် နှင့် သယံဇာတရေးရာ ဝန်ကြီးအဖြစ် ဦးကောလ်လျန်ထန်းတို့ကို ထပ်မံခန့်အပ်ကြောင်း ကာ/လုံရုံးက ထုတ်ပြန်သည်။
စစ်တပ်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဇူလိုင်လကုန်က နိုင်ငံ့အာဏာသုံးရပ်ကို စစ်တပ်ထံ အာဏာလွှဲပြောင်းမှုနှင့် စစ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီး စစ်ကော်မရှင်ကို ဖွဲ့စည်းခြင်းနှင့် စစ်အစိုးရသစ်ကို ပြင်ဆင်ဖွဲ့စည်းပြီးနောက် ချင်းပြည်နယ် အစိုးရကိုလည်း ပြန်လည်းဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်တပ်၏ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဝုန်ဆွန်းထန်က ဦးဆောင်ပြီး လုံခြုံရေးရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့နယ်မှအပင် တခြားသော မြို့နယ်အားလုံးကို စစ်အစိုးရက အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအဖြစ် ထပ်မံသတ်မှတ်ထားသည်။