Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သမျှ ဆက်လက်ကူညီပေးသွားမယ်လို့ မီဇိုရမ်ပညာရေးဝန်ကြီးကဆို

စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သမျှ ဆက်လက်ကူညီပေးသွားမယ်လို့ မီဇိုရမ်ပညာရေးဝန်ကြီးကဆို

0
By Editor on September 9, 2022 Khonumthung

မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလုံလာကြတဲ့ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေအတွက် မီဇိုရမ်ဟာ အမြဲတခါးဖွင့်ထားပြီး ယခုလက်ရှိမှာလည်း အစိုးရအနေနဲ့ဖြစ်စေ၊ အသင်းတော်အနေနဲ့ဖြစ်စေ၊ အရပ်ဖက်အ ဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေ အကူအညီတွေပေးအပ်နေတယ်လို့ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲက ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ Chin Community USA (CCUSA) ရဲ့ ဦးဆောင်မှုနဲ့ စက်တင်ဘာလ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ချင်းနှစ်သစ်ကူးပွဲတော်အခါသမယမှာ ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးက မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ဖို့ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ပေးခဲ့သလို ယခုဆိုရင် စစ်ဘေးရှောင်ကလေးငယ်အယောက် ၆၀၀၀ နီးပါးကိုလည်း ပညားရေး မဆုံးရှုံးစေဖို့ ပညာသင်ကြားခွင့်ပြုခဲ့ပြီး ဒါတွေလုပ်ဆောင်ရတာဟာ တခြားကြောင့်မဟုတ်ဘဲ ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်ကြလို့ပါပဲလို့ မီဇိုရမ်ပညာရေးဝန်ကြီးကပြောပါတယ်။

“ဒီကနေ့မှာ တချိူ့ဆိုရင် သူတို့နေထိုင်ဖို့ နေရာတွေပြင်ဆင်ပေးတယ်၊ စားဝတ်နေရေးအတွက်ကူညီပေးနေပါတယ်၊ ဒီနေရမှာ ပညာရေးဝန်ကြီးဖြစ်တဲ့ ကျနော့်အနေနဲ့ပြောချင်တာက မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာတဲ့ ကျောင်းနေရွယ် ကလေးငယ်အားလုံးကို ကျောင်းပညာသင်ကြားပေးနေပါတယ် အခုလက်ရှိမှာလည်း မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ကျောင်းနေရွယ်ကလေးငယ် ၆၀၀၀ နီးပါးကိုကြည့်ရှု့စောင့်ရှောက်နေပါတယ် ကျောင်းဝတ်စုံတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ နေ့လည်စာတွေပါ ကျွေးမွေးကြပါတယ် အဲဒါတွေအားလုံးကို ဘာကြောင့်လုပ်ရတာလဲလို့ မေးရင် ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်လို့ပါပဲ၊ ကျောင်းပညာရေးတွေဆုံးရှုံးနေရတဲ့အကြောက်တရားနဲ့နေနေကြရတဲ့ ကျနော်တို့ညီအကိုတွေ ဘေးကင်းလုံခြုံစွာနဲ့ကျောင်းပညာရေးသင်ကြားနိုင်ဖို့ မီဇိုးလူထုတွေ၊ မီဇိုရမ်အစိုးရတွေက ခင်ဗျားတို့အတွက် တံခါးဖွင့် ထားပါတယ် တတ်နိုင်သမျှနဲ့ဆက်လက်ပြီးလုပ်ဆောင်သွားမယ်ဆိုတာ ဒီနေရာမှာပြောချင်ပါတယ်” လို့ မီဇိုရမ် ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲက ပြောပါတယ်။

ရှည်လျားတဲ့သမိုင်းကြောင်းအရ မိမိတို့မျိူးနွယ်စုတွေဟာ တအူတုံဆင်းညီအကိုများဖြစ်ကြပြီး ကမ္ဘာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံ-အိန္ဒိယနိုင်ငံ- ဘင်္ဂလားဒေရှ့်စတဲ့ ၃ နိုင်ငံမှာ ခွဲခြားအုပ်ချုပ်ခံခဲ့ရသလို နယ်နိမိတ် သတ်မှတ်ချက်အရ မြန်မာဘက် ‌ေရာက်သွားတဲ့သူတွေဟာ ချင်းလူမျိုးအဖြစ်ဖြစ်စေ၊ အိန္ဒိယဘက်ရောက်သွားတဲ့သူ တွေဟာ မီဇိုးလူမျိုးအနေနဲ့ဖြစ်စေ ခေါ်ဆိုခဲ့ကြပေမယ့် တကယ်တမ်းမှာ မျိူးနွယ်တစ်ခုတည်းဖြစ်တဲ့ ညီအကိုတွေသာဖြစ်ကြတယ်လို့ ဝန်ကြီးကပြောပါတယ်။

မီဇိုရမ်ပြည်နယ်ဟာလည်း ၁၉၆၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံကနေ လွတ်လပ်ရေးအရယူဖို့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ကြပြီး အဲဒီအချိန်တုန်းကလည်း အိန္ဒိယစစ်တပ်ဟာ မြန်မာစစ်တပ်နည်းတူ မီဇိုးပြည်သူလူထုအပေါ်နည်းမျိူးစုံနဲ့ လူ့အခွင့် အရေးချိူးဖောက်မှုတွေ ကျူးလွန်ခဲ့သလို မီဇိုးပြည်သူအမြောက်အများဟာလည်း ချင်းပြည်နယ်ဘက်ကိုထွက်ပြေးခိုလုံခဲ့ကြ ရပြီး အဲဒီချိန်တုန်းကလည်း ချင်းလူမျိုးတွေက နွေးထွေးစွာလက်ခံကြိုဆိုခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးက ပြောပါတယ်။

“၁၉၆၆ ခုနှစ်မှာ မီဇိုရမ်ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်၊ အဲဒီချိန်တုန်းကဆိုရင် အိန္ဒိယအစိုးရစစ်တပ်က မီဇိုးပြည်သူလူထုအမြောက်အများပေါ်မှာ နည်းမျိုးစုံနဲ့လူ့အခွင့်အရေးချိူးဖောက်မှုတွေကျူးလွန်ခဲ့ကြတယ် ယနေ့ ခင်များတို့ ဒုက္ခရောက်သလိုပဲ ကျနော်တို့လည်း ကြုံခဲ့ရပြီးဖြစ်တယ် အဲဒီချိန်တုန်းက ကျနော်တို့ရဲ့ မိဘ ဘိုးဘွားတွေဟာ ခင်ဗျားတို့ နေတဲ့နေရာ ချင်းပြည်နယ်နဲ့ အခြားနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ် သူတို့အတွက် စားစရာ၊နေစရာ၊ ဝတ်စရာတွေကို ခင်ဗျားတို့က ပြင်ဆင်ပေးခဲ့ကြပြီး ထွေးပွေ့ခဲ့ကြတယ်” လို့ မီဇိုရမ်ပညာရေးဝန်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ နည်းမျိုးစုံဖြင့် ကျူးလွန်သော လူ့အခွင့်အရေးချိူးဖောက်မှု၊ သတ်ဖြတ်မှုတွေကြောင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်က ပြည်သူအများစုဟာ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလုံခဲ့ကြရတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်တစ်ခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယဗဟိုအစိုးရ၏ ဖိအားပေးမှုကြားမှ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို တရားဝင်လက်ခံကြိုဆိုပြီး ကူညီထောက်ပံ့မှုတွေပေးတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းခန့် ခိုလုံနေရကြရတယ်လို့သိရပြီး ပြည်နယ်အစိုးရက ပြင်ဆင်ပေးသော စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရသလို စခန်းပြင်ပတွင်အိမ်ငှါးပြီး နေထိုင်နေကြတာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.