Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးခန်းရက်တိုးဖွင့်လှစ်မည်

စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးခန်းရက်တိုးဖွင့်လှစ်မည်

0
By Editor on July 7, 2022 Headline

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေကြသော စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းကို ယခင်က တပတ်လျှင် ၃ ရက်ဖွင့်လှစ်ခဲ့ရာမှ ၅ ရက်အထိ ထပ်တိုးဖွင့်လှစ်တော့မည်ဟု သိရသည်။

အဆိုပါဆေးခန်းသည် ယခင်က တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်သာဖွင့်လှစ်ပြီး ရက်အကန့်အသတ်ကြောင့် လူနာများအခက်ကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းအတွင်း လာရောက်ပြသသည့်လူနာ များလာသည့်အတွက် ယခုဇူလိုင်လမှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သွားရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

ဆေးခန်းတာဝန်ခံတစ်ဦးက “အရင်က ၃ ရက်ပဲဖွင့်တဲ့အချိန်ကျတော့ တချိူ့က မသိလိုက်လို့ ဆေးခန်းပိတ်တဲ့နေမှာ လာတဲ့သူတွေရှိရင် ဒုက္ခရောက်ကြတယ် အဲဒါကြောင့် ရက်တိုးဖွင့်လိုက်ရအောင်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ” ဟု ပြောသည်။

လာရောက်ပြသသည့်လူနာများကို သမားတော်နှင့် တာဝန်ခံဆရာဝန်များမှ တပတ်လျှင် ၅ ရက်ကြည့်ရှုမည်ဖြစ်ကာ သမားတော်ဆရာဝန်မှ ၃ ရက်ကြည့်ရှုမည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ ဖွင့်လှစ်သည့် အဆိုပါဆေးခန်းကို Mizo Student Union (MSU), BN Hospital, Myanmar Refugee Relief Committee (MRRC) နှင့် Chin Health Organization (CHO) တို့ပူးပေါင်းပြီး အိုင်ဇောလ်မြို့ ကူလီကွန်ရပ်ကွက် BN Hospital တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.