Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်များ သီးခြားအသင်းတော်တည်ထောင်ခွင့်မရှိဆိုသည့်အချက်အပါအဝင် လိုက်နာရမည့် စည်းမျဉ်းသစ်များ Champhai YMA ထုတ်ပြန်

စစ်ဘေးရှောင်များ သီးခြားအသင်းတော်တည်ထောင်ခွင့်မရှိဆိုသည့်အချက်အပါအဝင် လိုက်နာရမည့် စည်းမျဉ်းသစ်များ Champhai YMA ထုတ်ပြန်

0
By Editor on July 23, 2025 Khonumthung

(005MK)

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သီးခြားအသင်းတော်တည်ထောင်ခွင့်မရှိဆိုသည့်အချက်အပါအဝင် စစ်ဘေးရှောင်များလိုက်နာရမည့် စည်းမျဉ်းသစ်များကို မီဇိုရမ်ပြည်နယ် Champhai Sub-Headquarter YMA က ထုတ်ပြန် သည်။

ယနေ့ထုတ်ပြန်လိုက်သော အဆိုပါစည်းမျဉ်းသစ်ထဲတွင် စစ်ဘေးရှောင်များအနေဖြင့် သီးခြားအသင်းတော် တည်ထောင်ခွင့်မရှိဘဲ နဂိုရှိနှင့်ပြီးသားအသင်းတော်များသို့ ဝင်ရောက်ကြရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ဘေးရှောင်များအနေဖြင့် မျိုးနွယ်စုကိုအခြေခံသော အသင်းအဖွဲ့များလည်း ဖွဲ့စည်း၍မရကြောင်း Champhai YMA က ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များသည် မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းပေးသွင်းကြရမည်ဖြစ်ပြီး၊ မြန်မာမှတ်ပုံတင်ကတ်ပြားများကိုလည်း တပါးတည်းအပ်နှံရမည်ဟု ဖော်ပြထားသည်။

တည်ဆဲဥပဒေနှင့် ဒေသတွင်းကျင့်သုံးသော ဓလေ့ထုံးတမ်းဥပဒေများကိုလည်း လိုက်နာရမည်ဖြစ်ပြီး ချိုးဖောက်ပါက အရေးယူခံရမည်ဟုဖော်ပြထားသည်။

စစ်ဘေးရှောင်များသည် အခြားသော ရပ်ကွက်၊ ကျေးရွာများသို့ ပြောင်းရွှေ့မည်ဆိုပါက သက်ဆိုင်ရာ YMA တာဝန်ရှိသူများ၏ ထောက်ခံစာဖြင့်သာပြောင်းရွှေ့ရမည်ဟုဆိုသည်။

မူးယစ်ဆေးဝါးလုပ်ငန်းများတွင် စစ်ဘေးရှောင်များပါဝင်ပတ်သက်ခြင်းမရှိရန်နှင့် အကယ်၍ပါဝင်ပတ်သက်လို့ အဖမ်းခံရပြီး ထောင်ကျကာ ပြန်လွတ် မြောက်လာသည့်အခါတွင်လည်း မြန်မာနိုင်ငံကို ပြည်နှင်ဒဏ်ပေးခံရမည်ဟုလည်း ဖော်ပြထားသည်။

အစိုးရထံ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သော မည်သည့်စီးပွားရေးလုပ်ငန်းမဆို စစ်ဘေးရှောင်များအနေဖြင့် လုပ်ခွင့်မရှိကြောင်း၊ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်ခွင့်လည်းမရှိဟုဆိုထားသည်။

နာရေးရှိသည့်အခါမျိုးတွင်လည်း ၎င်းတို့စစ်ဘေးရှောင်သည့် ကျေးရွာ/ရပ်ကွက်တွင် သဂြိုလ်မည်ဆိုပါက ဧည့်သည်အဖြစ်နှင့်သာ သဂြိုလ်ရမည်ဖြစ်ပြီး နာရေးရံပုံငွေများကိုမူ ကောက်ခံပေးသွားမည်ဟု Champhai Sub-Headquarter YMA က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.