Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်မှုထမ်းရန် စာရင်းကောက်ခံပြီးနောက် ဟားခါးမြို့ပေါ်တွင် ၃ ရက်ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက် ၃ ဦး ဒဏ်ရာရ

စစ်မှုထမ်းရန် စာရင်းကောက်ခံပြီးနောက် ဟားခါးမြို့ပေါ်တွင် ၃ ရက်ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက် ၃ ဦး ဒဏ်ရာရ

0
By Editor on March 21, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ရုံးဝန်ထမ်းများက စစ်မှုထမ်းရန် အမည်စာရင်းများ ကောက်ခံသည့် မတ်လ ၁၈ ရက်နေ့မှ စ၍ ယမန်နေ့အထိ ၃ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း CDF- Hakha ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ ရဲဝန်းရှိ စာသင်ကျောင်းတွင် နေရာယူတပ်ဆွဲနေသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များအား CDF-Hakha မှ သွားရောက် ပစ်ခတ်ကာ စစ်ကောင်စီဘက် ၃ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။

အလားတူ မတ်လ ၁၉ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် အပေါင်းအပါများမှ အမည်စာရင်းများ ထပ်မံကောက်ယူခြင်း ကြောင့် CDF- Hakha မှ ပစ်ခတ်မှုပြုလုပ်ကာ ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အစိုးရရုံးအထက်နားတွင်ထားရှိသည့် ဖုန်းလိုင်းများ ဖြတ်တောက်ရာ၌ အသုံးပြုသော Drone Card တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF-Hakha ကဆိုသည်။

၎င်း Drone Card သည် လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဟားခါးမြို့သို့ ရောက်ရှိလာသည့် Drone Card ၂ ခု အနက် 39 Channel Drone Card အမျိုးအစားအား ဖျက်ဆီးနိုင်ခဲ့ခြင်း ဟု သိရသည်။

ယခင်ကလည်း စစ်ကောင်စီမှ ဟားခါးမြို့တွင်း ဖုန်းလိုင်းများဖြတ်တောက်ရာတွင် 16 Channel Drone Card အမျိုးအစားသာ အသုံးပြုခဲ့ကြောင်း သိရပြီး ဖုန်းလိုင်းများမကြာခဏဖြတ်တောက်ကာ ပြည်သူများ အချင်းချင်း ဆက်သွယ်ရာတွင် အခက် အခဲများ ကြုံတွေ့ကြရသည်။

မတ်လ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့များအပါအဝင် ရုံးဝန်ထမ်းများမှ ဟားခါးမြို့အတွင်း စစ်မှုထမ်းရန် သတ်မှတ်အသက်အရွယ်ရောက်သူများစာရင်းအား ကောင်ယူခဲ့ရာ CDF-Hakha မှ ပစ်ခတ်မှုပြုလုပ်ခဲ့ကာ ထိုသို့ စာရင်း ကောက်ယူသည့် ဝန်ထမ်းများအား ဆက်လက်ပါဝင်ပါက စစ်ကောင်စီနည်းတူ အရေးယူမှုများလုပ်ဆောင်မည်ဟု သတိပေးချက်လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

လက်ရှိမှာလည်း စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်းအား ဆက်လက် လုပ်ဆောင်ပါက ဟားခါးမြို့ပေါ်တွင် တိုက်ပွဲပြင်းထန် လာနိုင်ကြောင်း၊ ပြည်သူများ သတိပြု သွားလာကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းဆောင်လိုခြင်းမရှိသည့် လူငယ်များအား တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အမြဲကြိုဆိုလျက်ရှိနေကြောင်း CDF-Hakha က ဖော်ပြထားပါသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဉပဒေအား ပြန်လည်အသက်သွင်းပြီးနောက် ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်ဇံမြို့များတွင် စစ်မှုထမ်းရန် စာရင်းမ‌ျားကောက်ယူ‌လျက်ရှိနေပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.