Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်မှုမထမ်းမနေရဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်သစ်များအတွက် လက်နက်နှင့် အကူအညီများ CDF- Asho လိုအပ်နေ

စစ်မှုမထမ်းမနေရဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်သစ်များအတွက် လက်နက်နှင့် အကူအညီများ CDF- Asho လိုအပ်နေ

0
By Editor on March 26, 2024 Headline

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို့က စစ်မှုမထမ်းမနေရဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်သစ်များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

“ကျွန်မတို ဒီ project လေးကို မဖြစ်မနေ စစ်မှုထမ်းဥပ‌ဒေကြောင့် တောခိုလာကြတဲ့ ရဲဘော်အသစ်လေးတွေတွက် လက်နက်တပ်ဆင်ဖို့ လိုအပ်လို ကျွန်မတို CDF -Asho အနေနဲ့ လုပ်ရတာဖြစ်ပါတယ်”ဟု CDF – Asho မှ တာဝန်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတွင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်နေကြသည့် ရဲဘော်တချို့ကိုလည်း လက်နက်တပ်ဆင်ပေးနိုင်ခဲ့ခြင်းမရှိသကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်အသစ်များအတွက်လည်း လက်နက်တပ်ဆင်ပေးနိုင်ရန် ထပ်မံလိုအပ်နေကြောင်း သိရသည်။

ထို့ကြောင့် မောင်းပြန်တပ်ဆင်ပေးနိုင်ရန် “နွေဦးကမ်းလက်’’ ပရောဂျက်ကို မတ်လ ၂၅ ရက်မှ ဧပြီလ ၂၅ ရက်အထိ တစ်လတာ အစီအစဉ်အနေဖြင့် အကောင်အထည်ဖော်နေသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးပါရန် လိုအပ်နေကြောင်း သိရသည်။

မောင်းပြန်တစ်လက်ကို သိန်း ၁၅၀ ခန့် ရှိနေပြီး လက်ရှိ “နွေဦးကမ်းလက်” ပရောဂျက်တွင် အနည်းဆုံး တစ်လက်မျှ ပိုင်ဆိုင်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း၊ ရဲဘော်များကို လက်နက်ခဲယမ်းများ ပိုမိုတပ်ဆင်နိုင်ရန်အတွက် ဘဏ္ဍာငွေများ လိုအပ်နေကြောင်း CDF- Asho မှ တာဝန်ရှိသူက ပြောသည်။

CDF – Asho တပ်ဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်အထိ တူမီးသေနတ်ဖြင့်သာ အဓိက တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ချေမှုန်းရေးရိုင်ဖယ်များ ရှိလာပါက ပိုမို တိုက်ပွဲဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တချို့ ရဲဘော်များမှာ လက်နက်မရှိသောကြောင့် တိုက်ပွဲ မဖော်ဆောင်နိုင်၍ စိတ်ဓါတ်ကျဆင်းမှုများ ဖြစ်ပွားနေကြကြောင်း သိရသည်။

မကွေးတိုင်းထဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ACDF နှင့် CDF- Asho ဟူ၍ တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ချင်းလူငယ်များသည် ယင်းချင်းကာကွယ်ရေးတပ်ဖွဲ့များသို့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် ရောက်ရှိလာကြပြီး ထပ်မံဆက်သွယ်ထားသူများလည်း ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.