Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး နှစ်ပတ်အကြာမှာ လူငယ်လူရွယ် ၁၀၀ ကျော် PDF Zoland ထံ ဝင်ရောက်လာ

စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး နှစ်ပတ်အကြာမှာ လူငယ်လူရွယ် ၁၀၀ ကျော် PDF Zoland ထံ ဝင်ရောက်လာ

0
By Editor on February 26, 2024 Headline

(006SV)

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းပြီး နှစ်ပတ်နီးပါးအကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF Zoland ထံကို စစ်အာဏာသိမ်းမှုကို တော်လှန်ရန် လူငယ်လူရွယ် ၁၀၀ ကျော် ထပ်မံဝင်ရောက်လာကြောင်း PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီက ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းအပြီး ဝင်ရောက်လာသူများတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ အမျိုးသား ၈၀ ရာခိုင်နှုန်း ရှိနေပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အများဆုံး ဝင်ရောက်လာကာ နယ်မျိုးစုံက လူငယ်လူရွယ်များ ရောက်လာကြကြောင်း ၎င်းက ပြောသည်။

“အခုတလောက လာဝင်တဲ့ လူတွေ များနေတယ်ဆိုတော့ အဆောင်တွေရော၊ အစစအရာရာပေါ့နော်။ မိုးကားတွေ တဲတွေ ဆောက်ဖို့ လိုတယ်။ ဖိနပ်တွေ လိုတယ်။အင်္ကျီတွေ လိုတယ်။ လက်နက်ပိုင်းရော၊ အစားအသောက်ပိုင်း၊ အဆောင်တွေက အစ ရုန်းကန်နေဆဲပဲ။ အစစအရာရာအတွက် ရုန်းကန်းနေရဆဲပဲ” ဟု PDF- Zoland ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

ယင်းဥပဒေ မပြဌာန်းမှီကလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ZFU/PDF Zoland ထံကို လူငယ်လူရွယ် ၈၀ ကျော်က ဝင်ရောက်ထားကြောင်းလည်း သူက ပြောသည်။

လာရောက်ကြသူများတွင် လူငယ်နှင့် ကျောင်းသား ပိုများပြီး လူကြီးပိုင်းက နည်းပါးကြောင်း၊ တချို့မှာ အသက်မပြည့် သေးသူများပင် လာရောက်ကြသောကြောင့် လက်မခံချင်သော်လည်း ၎င်းတို့မှာ အိမ်မပြန်ချင်၍ စခန်းမှာ နေခွင့် ပေးထားရကြောင်း သိရသည်။

လက်ရှိတွင် အသစ်ရောက်လာသော ရဲဘော်များအတွက် အဆောင်များ ဆောက်လုပ်ရန် ပစ္စည်းများ၊ အဝတ်အထည် များ၊ လက်နက်ခဲယမ်းများ လိုအပ်နေပြီး ယင်းတို့အတွက် ပြည်သူများမှ ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF ထံကိုလည်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေး၊ ကဘော် ဒေသဘက်က လူငယ်လူရွယ်များ အများအပြား ဝင်လာကြပြီး အရေအတွက်အတိအကျကို လတ်တလောမှာ မပြောနိုင်သေးကြောင်း ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များကို စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် ချင်းအမျိုးသားတပ်ဦး – CNF/CNA ကလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် CDF Kanpalet၊ CDF – Mindat၊ CDF- Mara၊ CDF- KKG၊ PDF- Zoland၊ CDF- CDM – Sinyin၊ CDF- Asho စသည်တို့က လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေး တွင် ပါဝင်လာကြရန် နှိုးဆော်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်၊ လူရွယ်များသည် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်အရ ၁၃ သန်း (အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း) ရှိနေပြီး တစ်နှစ်ကို ၅/၆သောင်းခန့် ခေါ်ယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်ထားသည်။

လတ်တလောမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် တိုင်းနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များကို ဖွဲ့စည်းထားပြီး နိုင်ငံတဝန်းမှာ လူငယ်လူရွယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.