Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးစီမံချက် အခိုင်အမာချပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဟု CDF – မင်းတပ်ထုတ်ပြန်

စစ်ရေးစီမံချက် အခိုင်အမာချပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဟု CDF – မင်းတပ်ထုတ်ပြန်

0
By Editor on April 2, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယခုနှစ် ၂၀၂၄ အတွင်း စစ်ရေးစီမံချက်များ အခိုင်အမာချမှတ်ပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကပြောဆိုသည်။

မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် (၁၀) ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း CDF မင်းတပ်က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်သည်။

CDF – မင်းတပ် ထိန်းချုပ်နယ်မြေအတွင်း ပြည်သူလူထု စည်းလုံးညီညွတ်ရေး ပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် စစ်ရေး အရဖြစ်စေ၊ စည်းရုံးလှုံ့ဆော်မည့် မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး CNC – မင်းတပ်ကို ပိုမိုကျစ်လစ်ခိုင်မာလာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံ၏ ဆုံးဖြတ်ချက် (၁၀) ချက်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရင် CDF – မင်းတပ် တာဝန်ရှိသူများထံ ဆက်သွယ် သော်လည်း မရေသေးပေ။

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် ချင်းပြည်သူ အားလုံး သဘောတူလက်ခံနိုင်မည့် ဖက်ဒရယ်အစိုးရ ပေါ်ပေါက်ရေး ချင်းညီနောင်နှင့်အတူ စစ်ရေး၊ နိုင်ငံရေးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အထွေထွေညီလာခံတွင် သဘာပတိ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ စီမံညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်း ၆ ရင်းရှိ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုများက ယနေ့အချိန်အထိ အင်အားတောင့်တင်း ခိုင်မာလာ စေရေးအတွက် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် များစွာ ကျေးဇူးတင်ရှိကြောင်း CDF -မင်းတပ်က ထုတ်ပြန်ထားသည်။

CDF – မင်းတပ်သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလ ၂၄ ရက်မှစတင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန် နေသည့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.