Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) ပူးပေါင်းပါဝင်

စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) ပူးပေါင်းပါဝင်

0
By Editor on January 31, 2024 Headline

(006SV)

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်း ထုတ်ပြန်သည်။

တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာမိမိဖန်တီးခွင့်ရှိခြင်း စသည့် ဘုံသဘောတူညီချက်များနှင့်အညီ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force)ကို ဇန်နဝါရီလ ၃၀ ရက်မှစ၍ “ချင်းညီနောင်” အဖွဲ့ဝင်အဖြစ် အတည်ပြုလိုက်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းညီနောင်တွင် ပူးပေါင်းပါဝင်ရန် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force) သည် CDF-Mara တပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေသည့်အချိန်တွင် ချင်းညီနောင်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)/CDF-Mindat၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တို့သည် ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ကြသည်။

ချင်းညီနောင် သည် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည်ထောင်စုအရေးကိစ္စရပ်များတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းကာ အနာဂါတ်တွင် ဒီမိုကရေစီ စံနှုန်ထားများနှင့် ကိုက်ညီသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် CNF/ CNA ၊CDF- Mara နှင့် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF)တို့သည် ဇန်နဝါရီလ ၂၄ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ ရှိထားပြီး လက်ရှိတွင်လည်းစစ်ရေးတင်းမာလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.