Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးပဋိပက္ခကြောင့် ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရသော ကလေးမြို့နယ်က စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

စစ်ရေးပဋိပက္ခကြောင့် ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရသော ကလေးမြို့နယ်က စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

0
By Editor on September 8, 2023 Headline

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ နေအိမ်မီးရှို့မှုနှင့် စစ်ရေးပဋိပက္ခကြောင့် ကာလရှည်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသော စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သိရသည်။ 

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများအကြား တိုက်ပွဲများဖြစ်ပွားမှု၊ စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူ့နေအိမ်များ မီးတင်ရှိုဖျက်ဆီးမှုများကြောင့် ကလေးမြို့နယ်အတွင်းရှိ အထူးသဖြင့် ကလေးတောင်ပိုင်းဒေသက သောင်းနှင့်ချီသောပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်မှာ ယခုဆိုလျင် ၂ နှစ်ကျော် ကြာြမင့်လာပြီဖြစ်သည်။

စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေးအတွက် ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ရုန်းကန်လှုပ်ရှားနေကြသော်လည်း ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေမှုကြောင့် ဝင်ငွေနှင့်ထွက်ငွေမမျှဘဲ အခက်အခဲများကြုံ နေကြရကာ အထူးသဖြင့် အခြေခံစားနပ်ရိက္ခာများလိုအပ်နေသည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင်ကူညီရေး အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ 

“အခုချိန်မှာ ကောက်သစ်လဲမပေါ်သေးဘူးဆိုတော့၊ ဆန်းဈေးတွေကလဲ အင်မတန်မြင့်တယ်ဗျာ၊ ဆန် တစ်တင်း မှာ ၈၅၀၀၀ ကျော်တယ်ဗျာ၊ တစ်အိတ်ဆို ၁၃၀၀၀၀ လောက်ရှိတယ်။ စစ်ဘေးရှောင်အချို့က အလုပ်လုပ်ကြတယ် ဒါပေမဲ့ သူတို့ရတဲ့ပိုက်ဆံနဲ့ မလောက်ဘူးဖြစ်နေတော့ တော်တော်လေးအဆင်မပြေဖြစ်နေကြတယ် သူတို့ ဝင်ငွေနဲ့ထွက်ငွေမမျှဘူးပေါ့ဗျာ။ အခုချိန်မှာ အလှူရှင်များရှိရင် ရိက္ခာပိုင်းကို အဓိက အကူအညီတောင်းချင်တာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် NUG အစိုးရ လက်အောက်ရှိ လူသားစာနာထောက်ထားရေးအဖွဲ့များ၊ ပြည်တွင်း/ပြည်ပအရပ်ဘက်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုများရှိသော်လည်း အလှူရှင်များ ယခင်ထက် ပိုမိုနည်းပါးလာ‌သည့်အတွက် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲကြုံလာကြရသည်ဟုဆိုသည်။ 

ကလေးမြို့နယ်တောင်ပိုင်းဒေသတွင် စစ်ရှောင်စခန်း ၁၃ ခုရှိပြီး ယင်းစစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။ 

ယခုကာလသည် လယ်ယာစိုက်ပျိုးရိတ်သိမ်းကာလဖြစ်သည့်အလျောက် စပါးစိုက်ခြင်း၊ နှမ်းခုတ်ခြင်း၊ မြေပဲနှုတ်ခြင်း၊ ပြောင်းဖူးချိုးခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်ကာ စား၀◌တ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု ဆိုသည်။ 

မိုးရာသီကာလအတွင်း စစ်ရှောင်ပြည်သူများနေထိုင်သည့် ယာယီစခန်းများမှာ နေပူတစ်လှည့် မိုးရွာတစ်လှည့်ကြောင့် အမိုးအကာများ ကြာရှည်မခံဘဲ ဆွေးမြည့်ကာ ပျက်ဆီးမှုများကြုံနေကြရသောကြောင့် ပြန်လည်ပြုပြင်နိုင်ရန် အမိုးအကာများ လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေသူက ပြောသည်။ 

“အဓိကလိုအပ်တာက ဆန်နဲ့ရိက္ခာတွေပေါ့နော်၊ နောက်တစ်ခုကတော့ အမိုးအကာပေါ့ မိုးကာတချက်က တစ်နှစ်တောင်မှအလောခံတာ နေပူလိုက် မိုးရွာလိုက်ဆိုတော့ ဆွေးတော့တာလေ အဲဒါကြောင့် စစ်ဘေးရှောင်တွေအတွက် ပထမက ရိက္ခာပိုင်းလိုအပ်တယ် ဒုတိယအချက်က အမိုးအကာလိုအပ်တယ်ဗျ”ဟု ၎င်းကပြောသည်။ 

ယခုလက်ရှိတွင် ကလေးမြို့တောင်ပိုင်းတွင်သာ စစ်‌ရှောင်စခန်းများ တည်ဆောက်ပေးနိုင်ခြင်းဖြစ်ပြီး ကလေးမြို့ မြောက်ပိုင်းတွင် စစ်ရှောင်စခန်းများ တည်ဆောက်ပေးနိုင်ခြင်းမရှိသေးသဖြင့် အချို့ စစ်ဘေးရှောင် ပြည်သူ များမှာ ဆွေမျိုး၊ မိတ်ဆွေ အသိများထံ ခုံလုံနေကြသူများလည်း ရှိသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်နေစဉ်အတွင်း ကျောင်းနေအရွယ် ကလေးများ ပညာသင်ယူနိုင်ရန် ကလေးမြို့နယ် CDM ကျောင်းဆရာ/ဆရာများနှင့် လုပ်အားပေးသူဆရာ/ဆရာမ ၄၀၀ ကျော်က စစ်ရှောင်ကလေး အယောက် ၁၀၀၀ ကျော်အတွက် ပညာသင်ပေးနေကြောင်း သိရသည်။

ထို့နောက် စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေးအတွက် People Health Care အဖွဲ့မှ လှည့်လည်ကြည့်ရှုပေးသည့်အပြင် NUG အစိုးရလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေးခန်းများတွင် ကျန်းမာရေးစောင့်လျှောက်မှုများပေးနိုင်ကြောင်း စစ်ရှောင်ကူညီပေးနေသူက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် တော်လှန်ရေးစစ်ရှောင်ပြည်သူများဖြစ်ကြသည့်အတွက် စစ်အာဏာရှင်တော်လှန်ရာတွင် ရေရှည်တောင့်ခံနိုင်ရန် ပြည်တွင်းပြည်ပအလှူရှင်းများ၏ ကူညီပံ့ပိူမှုများ လိုအပ်ကြောင်း ကလေးမြို့နယ် စစ်ဘေးရှောင်များ ကူညီရေးအသင်းမှ တာ၀◌န်ရှိသူက ပြောသည်။

“ဒီတော်လှန်ရေးက လူထုတော်လှန်ရေးဖြစ်တယ်ဗျ၊ အခု စစ်ရှောင်ပြည်သူတွေကလဲ သာမန်စစ်ရှောင်တွေ မဟုတ်ဘူး၊ တော်လှန်ရေးစစ်ရှောင်တွေဖြစ်ကြတယ်၊ စစ်အာဏာရှင်လက်‌ေအာက်မှာ မနေချင်လို့ ဒီတော်လှန်‌ေရေးကို အားပေးထောက်ခံပြီးခါမှ ထွက်ပြေးလာတဲ့သူတွေဖြစ်တယ်ဗျ။ ဒါကြောင့် သူတို့ ရေရှည် ခံနိုင်ဖို့ တောင့်တင်းဖို့ လိုအပ်တယ်၊ စစ်ရှောင်တွေ၊ ပြည်သူတွေ ပြိုလဲသွားလို့ ကျွန်တော်တို့ တော်လှန်ရေးမှာ လက်နက် ဘယ်လောက်ပဲရှိရှိ အောင်မြင်မှုနဲ့ အလှမ်းဝေးအုံးမှာဖြစ်တယ်၊ ဒါကြောင့် စစ်ရှောင်ပြည်သူများ ရေရှည်တောင့်တင်းနိုင်ဖို့ ပြည်တွင်းပြည်ပက အလှူရှင်များပါဝင်အားဖြည့်ဖို့တောင်းခံချင်ပါတယ်” ဟု ၎င်း ကပြောသည်။

ယခုလက်ရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွာလုံးကျွတ်မီးရှုခံရမှုကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော ကျေးရွာ ၇ ရွာမှ စစ်ရှောင်ပြည်သူ အယောက် ၂၀၀၀၀ နီးပါးနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခေတ္တစစ်ရှောင်ပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူ ၃၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။ 

ပုံစာ – ကလေးတောင်ပိုင်း ကြံသာစစ်ဘေးရှောင်စခန်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.