Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးပြင်းထန်သည့် ကလေးမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

စစ်ရေးပြင်းထန်သည့် ကလေးမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

0
By Editor on April 8, 2024 Headline

(002MG)

စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် တရက်အတွင်း အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) ဝင်း အတွင်း ဧပြီလ ၅ ရက် နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံးထက်မနည်းကျ ရောက်ပေါက်ကွဲ မှုကြောင့် ထိုနေရာတွင် အမျိုးသား ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

“အဲ့ဒီမှာ ၄ ယောက်ဆုံးသွားတယ်အမျိုးသားတွေပဲ၊ ညနေမိုးမချုပ်ခင်မှာ သူတို့ရဲ့ဘုရားကျောင်းထဲမှာကျတာ ဘုရား ကျောင်းဆင်းပြီ သိမ်းပြီးမှ နည်းနည်းကျန်တဲ့သူတွေရှိသေးတယ်၊ အဲ့ဒီမှာထိပြီး ဒဏ်ရာရကြတာ၊ အဲဒီဖြစ်တဲ့နေ့ မနက် ပိုင်းမှာ ညောင်တော ရွာက တယောက် စစ်ကောင်စီကဖမ်းပြီးမှ အဖွဲ့လိုက်ထိုင်ခိုင်းနေတုန်း သူက ထွက်ပြေး ဖို့ကြိုးစား တာနဲ့ သူတို့က တခါတည်းပစ်ပြီးမှ ဆုံးသွားတယ်ပွဲချင်းပဲ အဲ့တာနဲ့ဆို (၅) ဦးဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ (CCR Camp) ဝင်းအတွင်းလက်နက်ကြီးကြောင့်သေဆုံးသူများမှာ တောင်ဇလပ်ရပ်ကွက်က Sian Thawn Tuang၊ မွန်းလိုင်ရပ်ကွက်က Do Cin Lian၊ ကနန်ကျေးရွာက Biak Run Sang နှင့် မြို့လှရပ်ကွက်က Pau Sawn Gin တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်ထဲတွင် ၂ ယောက်မှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

Chhan Chhuahna Rûn (CCR) သည် ကလေးမြို့ပတ်၀န်းကျင်အတွင်း အရက်နှင့် မူးယစ်ကျေးကျွန်ဘ၀မှ လွတ်မြောက်လိုသူများအား ဘာသာတရားဖြင့် သွန်သင်ကြည့်ရှုစောင့်ရှောက်ရာစခန်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိ CCR စခန်းတွင် လူဦးရေ ၂၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၅ ရက်ခန့်ကစ၍ ကလေးမြို့မြောက်ပိုင်း တာဟန်း-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ညောင်တော၊ ဆည်ကြီး၊ မော်စီကျေးရွာဘက်သို့ စစ်ကြောင်းထိုး၀င်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ထိုကဲ့သို့တိုက်ပွဲဖြစ်ပွားသည့်အချိန်မှာ စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ညောင်တောကျေးရွာသို့ ၀င်ရောက်သည့်အချိန် ဧပြီလ ၅ ရက်နေ့တွင် ဒေသခံအယောက် ၃၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်စဉ်မှာ အမျိုးသားတစ်ဦးမှာ ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ဖမ်းဆီးခံရသူများလည်း ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယခုအခါ ဆည်ကြီး၊ မော်စီ၊ ဟံသာ၊ ပျဉ်းခုံကြီးကျေးရွာ ပြည်သူအားလုံးသည် ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ် ရာကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဆည်ကြီးဒေသခံတစ်ဦးကပြောသည်။

“အခုရွာထဲပြည်သူတွေက တယောက်မှမရှိ တော့ဘူး၊ ဖုန်းကလည်း ဆက်သွယ်လို့မရဘူးဆိုတော့ သတင်းအတိ အကျ မသိနိုင်တော့ဘူး။ အခုရက်ပိုင်းက ရွာဖက်ကိုဘယ်သူမှ မသွားလာကြတော့ဘူး၊ အခု တာဟန်းကို ရောက်လာတာ ဆည်ကြီးတရွာလုံးလို့ပြော လို့ရတယ်။ တာဟန်းလူငယ်အဖွဲ့တွေက ဘုရားကျောင်း တနေရာမှာ စစ်ဘေးရှောင်တွေကို ချက်ပြုတ် ကျွေးမွေးတယ်” ဟု၎င်းကပြောသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများဖက်သို့ လက်နက်ကြီးများနေ့စဉ်ပစ်ခတ်နေသည့်အပြင် ဒရုန်းကို လည်း ပိုမိုအသုံးပြုလာသည်ဟု သိရသည်။

ယမန်နေ့ကလည်း ကလေးမြို့နယ် တောင်ပိုင်း တင်သားကျေးရွာဖက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ဖူးရွာက ပြည်သူ (၂) ဦးကျည်ထိမှန်သေဆုံးခဲ့သည့်အပြင် သုံးအိမ်စု ကျေးရွာက လူနေအိမ် (၁) လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.