Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

0
By Editor on November 6, 2025 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲရှိ စစ်ရေးအရ အချက်အချာကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းယူသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ကနေဒီတောင်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်ဆိုတာ မှန်ပါတယ်။ သူတို့က ၄ ရက်နေ့က အဲဒီစခန်းကုန်းကို ရောက်သွားပြီလို့ ကြားတယ်။ တိုက်ပွဲ မဖြစ်တော့ ဘယ်ချိန် ဘယ်နှစ်နာရီတော့ မသိဘူး။ ကနေဒီတောင်ဟာ စစ်ရေးအရ အရေးပါပါတယ်။ ကျနော်တို့ ပြန်ယူမှ ဖြစ်မယ့်နေရာ တစ်နေရာလို့ပဲ ဖြေပါရစေ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တီးတိန်မြို့ခလရ ၂၆၉ တပ်ရင်းမှ သိုင်းငင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၄ ရက်မှာ စစ်ရေးအရ အရေးပါသော ကနေဒီတောင်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တပ်စွဲထားကြောင်း၊ ယင်းစစ်ကြောင်းသည် သိုင်းငင်းသို့ ဆက်လက်ဆင်းလာနိုင်ကြောင်း သိရသည်။

အောက်တိုဘာလကုန်ပိုင်းက တီးတိန်မြို့ရှိ ခလရ ၂၆၉ ကို လေကြောင်းမှ စစ်အင်အား ဖြည့်တင်းပြီးနောက် စစ်ကော်မရှင်တပ်သည် တီးတိန်မှ သိုင်းငင်းသို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်ကလည်း အဆိုပါစစ်တပ်စစ်ကြောင်းသည် Suangpi ကျေးရွာကို ဝင်ရောက်၍ ဒေသခံရွာသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ကနေဒီတောင်ပေါ်ရှိ စစ်စခန်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော်တွင် တည်ရှိပြီး စစ်ရေးအရာ အချက်အချာ ကျသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ အင်အား ၂၀၀ ဝန်းကျင်နှင့် တီးတိန်မှ သိုင်းငယ်သို့ အင်အား ၂၀၀ ဝန်းကျင်တို့ဖြင့် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေးမှ တက်လာသော စစ်တပ်စစ်ကြောင်းသည် မွှာလ်ပီးဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ရပ်တန့်နေကြောင်း သိရသည်။

ကနေဒီတောင်ပေါ်ရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF – Zoland က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှာ သိမ်းယူထားနိုင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.