Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

0
By Editor on May 23, 2026 Khonumthung

(002MG)

ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ ထိုးစစ်ဆင်လာသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးအတွက် ဗုံးခိုကျင်းများ ကြိုတင်ပြင် ဆင်ခြင်းအပါအဝင် ရိက္ခာနှင့် ဆေးဝါးများ လုံလောက်စွာ စုဆောင်းထားကြရန် ဆဲန်ထန်ဗဟိုကောင်စီက ယနေ့မေလ (၂၃) ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင်သည် ဆဲန်ထန်ဒေသအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ကာ အင်အားဖြည့် တင်းနိုင်သည့် အခြေအနေ များရှိနေသောကြောင့်လက်ရှိအခြေအနေတွင် အမျိုးသားရေးအရ အရေးပေါ်အခြေအနေတစ် ရပ်ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

ဆဲန်ထန်လက်နက်ကိုင်တပ်ဖွဲ့ (SRF) အနေဖြင့် ဒေသအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးဆိုင်ရာ စစ်ဆေး မှုများအား ယခင်ထက် ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

၎င်းအပြင်ဆဲန်ထန်ဗဟိုကောင်စီ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာလိုသူများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထောက်ခံစာများ ယူဆောင်လာမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် လက်ရှိတော်လှန် ရေးအခြေအနေအရ လုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် နားလည်ပေးကြရန်နှင့် နောက်ထပ်အမိန့်စာမထုတ်ပြန်မီကာလအ တွင်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန် ဆဲန်ထန်ဗဟိုကောင်စီကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

လုံခြုံရေးအခြေအနေကြောင့် ရိဒ်ခေါဒါရ်- လိုင်တွီးလမ်းကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဟု CDF-Hualngoram ထုတ်ပြန်

PDF-Zoland ရဲဘော် Tg. Mung Sian Tuang ၏ ရုပ်အလောင်းကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ သင်္ဂြိုဟ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.