Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်သားနှင့် ရဲများ မြို့သိမ်းတိုက်ပွဲများ မဖြစ်မှီ CDM ပြုလုပ်ကြရန် PDF-Zoland ထပ်မံဖိတ်ခေါ်၊ လက်နက်နှင့်တကွ CDM ပြုလုပ်ရင် သိန်း ၅၀ ထက်မနည်း ဆုချီးမြှင့်မည်

စစ်သားနှင့် ရဲများ မြို့သိမ်းတိုက်ပွဲများ မဖြစ်မှီ CDM ပြုလုပ်ကြရန် PDF-Zoland ထပ်မံဖိတ်ခေါ်၊ လက်နက်နှင့်တကွ CDM ပြုလုပ်ရင် သိန်း ၅၀ ထက်မနည်း ဆုချီးမြှင့်မည်

0
By Editor on October 10, 2023 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်က စစ်သားနှင့် ရဲများကို မြို့သိမ်းတိုက်ပွဲများ မဖြစ်လာမှီ CDM ပြုလုပ်ကြရန် ထပ်မံဖိတ်ခေါ်ပြီး လက်နက်နှင့်တကွ CDM ပြုလုပ်ပါက သိန်း ၅၀ ထက်မနည်း ဆုချီးမြှင့်မည်ဟု PDF – Zoland က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်မှ တချို့တပ်သားများသည် CDM ပြုလုပ်ချင်သော်လည်း ဆက်သွယ်၍ မရဖြစ်နေသူများလည်း ရှိပြီး တချို့မှာ လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်နေသူများလည်းရှိသည့်အတွက် ထပ်မံ ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။

“သူတို့မှာလည်း မလွဲမရှောင်သာလို့သာ လုပ်ရတာ တချို့တွေ ရှိတယ်။၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ သူတို့ ဆင်ခြေတွေ ပေးမနေတော့ဘဲနဲ့ ပြည်သူတွေနဲ့ အမြန်ပူးပေါင်းပါလို့ တိုက်တွန်းချင်တယ်။ ဘယ်နေ့ ဘယ်အချိန်လဲတေ့ာ မသိဘူး။ မြို့သိမ်းတိုက်ပွဲမှာ စခန်းမှာ တွေ့ရင် ကျနော်တို့ ညှာမှာ မဟုတ်တဲ့အတွက်ကြောင့် သူတို့ မိသားစုအတွက်၊ မိတ်ဆွေအတွက် အသက်ရှိစေချင်တယ်။ နိုင်ငံအသစ် ထူထောင်တာမှာလည်း သူတို့ကို ပါဝင်စေချင်တယ်။ အဲဒါကြောင့် သူတို့ကို CDM လုပ်ဖို့ ထပ်မံဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု သူက ပြောသည်။

စစ်သားနှင့် ရဲများအနေဖြင့် လက်နက်များ၊ ခဲယမ်းများနှင့် တကွ CDM ပြုလုပ်လာလျှင် လက်နက်တစ်လက်ကို အနည်းဆုံး သိန်း ၅၀ ၊ ခဲယမ်းကျည်များကိုလည်း ကာလပေါက်ဈေးနှင့် တွက်၍ ပေးမည်၊ အမျိုးအစား ပိုကောင်းသော လက်နက်ကို သိန်း ၅၀ နှင့်အထက် ပိုပေးမည်ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။

လက်နက်ခဲယမ်းများ မပါဘဲ CDM ပြုလုပ်သော ရဲနှင့် စစ်သာားများကို ဆုချီးမြှင့်နိုင်မည် မဟုတ်သော်လည်း နေရေးထိုင်းရေး စီစဉ်ပေးပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်မည်ဟု သိရသည်။

ထို့အပြင် အာဏသိမ်းလက်အောက်က ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကိုလည်း CDM ပြုလုပ်ရန် ထပ်မံဖိတ်ခေါ်ပြီး နေရေးထိုင်ရေးစီစဉ်ပေးခြင်း၊ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခြင်းတို့ ပြုလုပ်ပေးမည်ဟု PDF-Zoland ထံက သိရသည်။

PDF – Zoland ထံသို့ စစ်ကောင်စီ၏ ၂၆၉ ခြေလျင်တပ်အပါအဝင် အခြားတပ်ရင်းနှင့် ရဲစခန်းများက စစ်သားနှင့် ရဲတို့ စုစုပေါင်း ၃၀ ထက်မနည်း CDM ပြုလုပ်ထားပြီးဖြစ်သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland) သည် ချင်းပြည်နယ် မြောက်ပိုင်းတီးတိန်မြို့နယ်နှင့် အနီးဝန်းကျင်း မြို့နယ်တွေမှာ စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အောက်တိုဘာလ ၂ ရက်က ခရီးသွားပြည်သူ တွေဆီမှာ အဆမတန်ငွေကြေးတောင်းရမ်းနေသည့် စစ်ကောင်စီ၏ ရဲဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးခဲ့ သည်ဟု သတင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.