Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးခက်ခဲလာမည်ကို KACC စိုးရိမ်
စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးခက်ခဲလာမည်ကို KACC စိုးရိမ်
0
By Editor on February 10, 2021 Headline
#Unicode
ဖေဖော်ဝါရီလ (၁) ရက်နေ့က မြန်မာ့တပ်မေတော်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့ခြင်းကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပ့ံရေးခက်ခဲလာနိုင်ပြီး ၎င်းတို့အတွက် စိုးရိမ်မှုရှိ သည်ဟု ခူမီးချင်းလူမျိုးနွယ်စုများ ရေး ရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောသည်။
“စစ်ဘေးရှောင်တွေအတွက် ကျမတို့ ဘယ်ကနေဘယ်လိုစပြီးလုပ်ရမလဲ မသိဘူးဖြစ်နေတယ်၊ အခုအနေအထားကလေ ဘယ်သူနဲ့ဘယ်လို ဆက်သွယ်ပြီး လုပ်ရမလဲဆိုတာမျိုးတွေ အများကြီး ကျမတို့ အကြပ်တွေ့နေတယ်၊ ဟိုဖက်ကလည်း သူတို့ကို ကူညီတာတွေရပ်သွားမလားဆိုပြီး မေးခွန်း တွေလည်းရှိတယ်၊ ကျမတို့အနေနဲ့ကလည်း လောလောဆယ်က နိုင်ငံရေးက အခုလိုဖြစ် နေတယ်ဆို တော့၊ ကျမတို့ဖက်ကလည်းသိတဲ့အတိုင်း ကျမတို့ အနေနဲ့ကလည်း တောက်လျှော က်အလှူငွေနဲ့ ရပ်တည်တာဖြစ်တယ်၊ ဒီကာလက အလှူငွေခံဖို့လည်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကာ လဖြစ်တာ အားလုံးလည်းသိတဲ့အတိုင်း အလှူငွေခံလို့လည်းမရဘူး၊ ပစ္စည်းပို့ဖို့တောင် ကျမတို့ ဘယ်လိုပို့ရမလဲလမ်း ကြောင်းအခြေ အနေပေါ့၊ အရင်ကဆိုရင် လူ-ကန်-ပြန်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီး ပြည်နယ်အစိုးရနဲ့လုပ်နေတာ တွေရှိတယ်၊ လောလောဆယ် ချိပ်ဆက်ဆောင်ရွက်နေတဲ့ဝန်ကြီးတွေလည်းအကုန်လုံးက မရှိတော့ဘူး အနေအထား ဖြစ်တယ်၊ ကျမတို့အနေနဲ့ကလည်းဘယ်သူနဲ့ဘယ်လိုတိုင်ပင်ပြိီးဘယ်လို လုပ်ကြမလဲဆိုတာတော်တော်လေး ခက်ခဲနေတာပေါ့။” ဟု မမိုင်နန်းဝေက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားစစ်ရေးပဋိပက္ခကြောင့် ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူ တစ်သောင်းခန့် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
တပ်မတော်သည် ဖေဖော်ဝရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိ်မ်းယူခဲ့ပြီးနောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ အစိုးရနှင့် လွတ်တော်တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားသည်။
ခူမီးချင်း လူမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) သည် တပ်မတော်အာဏာသိမ်းသည့်ဖြစ်ရပ်နှင့်ပတ် သက်၍ ယနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ဖမ်းဆီးထိ်န်းသိမ်းခံရသော အရပ်သားအစိုးရခေါင်းဆောင်များ အား ခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊ ပြည်သူ့ဆန္ဒကိုလေးစားသောအားဖြင့် နိုင်ငံံအာဏာကို အရပ်သားအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရန်တောင်းဆိုထားသည်။
KACC မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက “ စစ်အာဏာသိမ်းတဲ့အပေါ်မှာ ကျမတို့အနေနဲ့ ဒီမိုကရေ စီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသည်သာ ကျမတို့ရဲ့တရားဝင်အစိုးရဖြစ်တယ်၊ ဒီအစိုးရအဖွဲ့ထဲမှာ ဖမ်းဆီးထားတဲ့ နို်င်ငံခေါင်းဆောင်တွေ၊ အခုမလွတ်ပေးသေးပဲ ဖမ်းဆီးနေဆဲ ကျမတို့ရဲ့ ဝန်ကြီးတွေရှိတယ်၊ တိုင်းနဲ့ပြည်နယ်ကတွေ အကုန်လုံးကို ပြန်လွတ်ပေးဖို့၊ အဓိကတော့ စစ်အာဏာသိိမ်းတဲ့အပေါ် ရှုတ်ချတယ် လက်ခံလို့မရဘူး” ဟုပြောသည်။
KACC ၏ ထုတ်ပြန်ချက်တွင် နုုိင်ငံတော်၏ အချုပ်အခြာအာဏာသည် နိူင်ငံသားမျာထံမှ ဆင်းသက် သော အခြေခံဥပဒေပြဌာန်းချက်အတိုင်း ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင် မြှောက်ထားသော အရပ်သားအစိုးရ၏ ဦးဆောင်မှုသာလျှင် ပြည်သူ့ဘဝလုံခြုံမှုကို အပြည့်အဝပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းထားသည်။
ယခုလက်ရှိဖြစ်နေသော နိုင်ငံရေးအခြေအနေကို ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်များ၊ တပ်မတော်နှင့် ပြည်သူလူထုထောက်ခံယုံကြည်သော အဖွဲ့အစည်း ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များကို အမြန်ဆုံးတွေ့ဆုံညှိနှိုင်းသွားရန် အလေးအနက်တိုက်တွန်းကြောင်း ခူမီးချင်း လူမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီက ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
#Zawgyi
ဖေဖော်ဝါရီလ (၁) ရက်နေ့က မြန်မာ့တပ်မေတော်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့ခြင်းကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးခက်ခဲလာနိုင်ပြီး ၎င်းတို့အတွက် စိုးရိမ်မှုရှိ သည်ဟု ခူမီးချင်းလူမျိုးနွယ်စုများ ရေး ရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောသည်။
တပ်မတော်သည် ဖေဖော်ဝရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ အစိုးရနှင့် လွတ်တော်တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားသည်။
ခူမီးချင်း လူမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) သည် တပ်မတော်အာဏာသိမ်းသည့်ဖြစ်ရပ်နှင့်ပတ် သက်၍ ယနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ဖမ်းဆီးထိန်းသိမ်းခံရသော အရပ်သားအစိုးရခေါင်းဆောင်များ အား ခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊ ပြည်သူ့ဆန္ဒကိုလေးစားသောအားဖြင့် နိုင်ငံအာဏာကို အရပ်သားအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရန်တောင်းဆိုထားသည်။
KACC မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက “ စစ်အာဏာသိမ်းတဲ့အပေါ်မှာ ကျမတို့အနေနဲ့ ဒီမိုကရေ စီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသည်သာ ကျမတို့ရဲ့တရားဝင်အစိုးရဖြစ်တယ်၊ ဒီအစိုးရအဖွဲ့ထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အခုမလွတ်ပေးသေးပဲ ဖမ်းဆီးနေဆဲ ကျမတို့ရဲ့ ဝန်ကြီးတွေရှိတယ်၊ တိုင်းနဲ့ပြည်နယ်ကတွေ အကုန်လုံးကို ပြန်လွတ်ပေးဖို့၊ အဓိကတော့ စစ်အာဏာသိမ်းတဲ့အပေါ် ရှုတ်ချတယ် လက်ခံလို့မရဘူး” ဟုပြောသည်။
KACC ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားမျာထံမှ ဆင်းသက် သော အခြေခံဥပဒေပြဌာန်းချက်အတိုင်း ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင် မြှောက်ထားသော အရပ်သားအစိုးရ၏ ဦးဆောင်မှုသာလျှင် ပြည်သူ့ဘဝလုံခြုံမှုကို အပြည့်အဝပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို
ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ
တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
May 16, 2025
“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”
April 24, 2025
“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”
April 11, 2025
“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.