Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီက ကလေးငယ် ၂၄ ဦးအပါအဝင် အရပ်သားချင်းပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်၊ ချင်းလူမျိုး ၅၀၀ ကျော် ဖမ်းဆီးခံထားရ

စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီက ကလေးငယ် ၂၄ ဦးအပါအဝင် အရပ်သားချင်းပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်၊ ချင်းလူမျိုး ၅၀၀ ကျော် ဖမ်းဆီးခံထားရ

0
By Editor on October 11, 2023 Headline

(006SV)

စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါးတွင် ချင်းပြည်နယ်မှာ စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကလေးငယ် ၂၄ ဦးအပါအဝင် အရပ်သား ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ချင်းလူမျိုုး ၁၀၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်သည်။

အာဏာသိမ်းချိန်မှ ယခုနှစ်အောက်တိုဘာလ ၁ ရက်အထိ ချင်းပြည်နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီး သတ်ဖြတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းနှင့် သေဆုံးမှု၊ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကျူးလွန် ရာမှာ အမျိုးသမီး ၃၈ ဦးနှင့် အမျိုးသား ၁၇၉ ဦး စုစုပေါင်း ချင်းအရပ်သားပြည်သူ ၂၁၇ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာ အဖွဲ့ချုပ်မှ လ/ထညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။ 

“ဒီဟာက မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ရင်းမြစ်အများကြီးကနေ မြင်နိုင်တယ်။ နိုင်ငံတကာက ဘယ်လိုမျိုး ဖိအားတွေ ပေးမလဲ၊ ဒီထက် ထိရောက်တဲ့ အရေးယူမှုတွေ ဘယ်လိုမျိုး လုပ်မလဲဆိုတာတော့ ကျနော်တို့က ရီပို့ပေးရုံပဲ ပေးလို့ ရတာပေါ့နော်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့်မနေတော့ဘဲနဲ့ ဘယ်လိုထိရောက်တဲ့ အရေးယူမှုကို လုပ်မလဲဆိုတာ စဉ်းစားဖို့ လိုအပ်ပြီး” ဟု သူက ပြောသည်။ 

ယင်းသေဆုံးမှုထဲတွင် အသက်မပြည့်ကလေးငယ်များ မိန်းကလေး ၄ ဦးနှင့် ယောင်္ကျားလေး  ၂၀ ဦးတို့ ပါ၀င်သည်ဟုဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်ကို စစ်ကြောင်းထိုးရာတွင် လမ်းပြများ၊ ဓါးစာခံများ၊ လူသားဒိုင်းများအဖြစ် အရပ်သား ပြည်သူ ၁၃၄ ဦးကို ဖမ်းဆီးခေါ်ဆောင်၍ အသုံးပြုခဲ့သည်ဟု ICA အစီရခံက ဆိုသည်။ 

ချင်းအမျိုးသမီး ၆ ဦးမှာလည်း စစ်ကောင်စီတပ်၏ အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုသာမက သတ်ဖြတ်မှုကိုပါ ခံထားရသည်ဟု သိရ သည်။ 

ထို့အပြင် ၃ နှစ်နီးပါးအတွင်း စစ်ကောင်စီသည် ပုဒ်မအမျိုးမျိုး တပ်၍ ချင်းပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ချင်းလူမျိုး ၅၀၀ ကျော်မှာ ဆက်လက်ထောင်တွင်းအကျဉ်းကျခံနေရသည်၊ ချင်းပြည်သူများ ပြန်လည်လွတ်မြောက်လာသူများ ရှိသကဲ့သို့ ထောင်ထဲမှာ ၂ ဦး သေဆုံးခဲ့ရသည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။ 

“တစ်ထောင်ကျော်ဆိုတဲ့အထဲမှာ ပြန်လွတ်သူတွေက အများကြီးရှိနေတယ်။ ကတိနဲ့ ပြန်လွတ်တာတွေ အများကြီး ရှိတယ်။ အမိန့်ချတာတွေကို အားလုံး ပြောဖို့က ခက်နေသေးတယ်။ အခုနောက်ပိုင်းမှာ သူတို့ ဒီလိုမျိုး ဖမ်းဆီးတာတွေ အများကြီးရှိ လာတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်” ဟု ICA မှ လ/ထညွှန်ကြားရေးမှူး ဆလိုင်း ဗန်ဆွီးစံက ပြောသည်။ 

ချင်းပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ တစ်သိန်းနီးပါးအထိ ရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်း ချင်းစစ်ရှောင်များ ပိုမိုတိုးလာ နေသည်ဟု သူကဆက်ပြောသည်။ 

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၆၀၀၀၀ကျော်၊ နယူဒေလီနှင့်တခြားပြည်နယ်များတွင် ၁၀၀၀ ကျော် ရှိနေပြီး မလေးရှားနိုင်ငံမှာ ရှိနေသည့် စစ်ဘေးဒုက္ခသည်က ၈၀၀၀၀ မှ ၁၀၀၀၀ ကြား ရှိနေသည်ဟု သိရသည်။ 

စစ်ကောင်စီက ချင်းပြည်နယ်၏ လူနေအိမ်နှင့် အဆောက်အဦးပေါင်း ၂၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၃ ကြိမ်ထက်မနည်းကို ပြုလုပ်ခဲ့သည်ဟု အစီရင်ခံမှာ ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.