Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

0
By Editor on February 8, 2023 Headline

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက်ပိုမစုရနှင့် ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲဖြင့်ထုတ်ပြန်လိုက်သော တိုင်းမှူး၏ အမိန့်ထုတ်ပြန်ချက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရန်၊ နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း လူ ၅ ဦးနှင့် လူ ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတတ်သောအရာများ ကိုင်ဆောင်ခြင်းမပြုရဟု ဖော်ပြထားသည်။

ထို့အပြင် မည်သူမျှ လမ်းများပေါ်တွင် အတားအဆီးများ ပြုလုပ်ပိတ်ဆို့ခြင်းနှင့် လူစု၊ လူဝေးဖြင့် ပိတ်ဆို့ခြင်းများမပြုလုပ်ရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းမပြုလုပ်ရဟု တိုင်းမှူး၏ အမိန့်တွင် ပါရှိသည်။

ယင်းအမိန့်ထုတ်ပြန်ချက်ကို မလိုက်နာသူများအား လုံခြုံရေးတာဝန်ထမ်းဆောင်သူတို့က အင်အားသုံးဖမ်းဆီး၍ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာမရမချင်း ဤအမိန့်သည် အတည်ဖြစ်သည်ဟု ပါရှိသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်နေ့တွင် နောက်ထပ် ၆ လ အာဏာသက်တမ်းထပ်တိုးလိုက်ပြီး စစ်ရေးတင်းမာနေသော ချင်းပြည်နယ်အပါအဝင် မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်ကြသော ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်တို့မှာ ညမထွက်ရအမိန့်နှင့် လူ ၅ ဦးထက် ပိုမစုရအမိန့်အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.